Skip to main content

Continue !

တိုက်ပွဲဆက်ဖြစ်နေသော ဆီဆိုင်မြို့ကို လေတပ်က ဗုံးကြဲနေပြီး မြို့တွင်း ပိတ်မိနေသူ ၄၀ ခန့်ကို ကူညီရေးအဖွဲ့များက ကယ်ထုတ်

 


ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသတွင်း စစ်ရေး ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ၏ ထုတ်ပြန်ချက်များနှင့် ဒေသခံတို့၏အဆိုအရ သိရသည်။

ထိုနေ့နံနက်က ကင်းလှည့်နေသော PNLA စစ်ကြောင်းကို စနိုက်ပါ၊ ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စောင့်ဆိုင်း ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီဘက်မှ ၈ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၂ လက်၊ ကား ၁ စီး၊ ခဲယမ်း ကျည်ဆန်တချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း PNLA က နောက်တစ်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် ဆုတ်ခွာရာလမ်းတစ်လျှောက်ရှိ ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းကြောင့်လည်း ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ဆီဆိုင်မြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်တွင် အင်အားအများစုမှာ ဒေသခံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ဝင်များဖြစ်သည်။

ဆီဆိုင်မြို့သည် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနှင့် ကရင်နီပြည်နယ် (ကယားပြည်နယ်) ကြားတွင် တည်ရှိသည်။

မြို့အဝင်ရှိ စစ်ကောင်စီ၏ အမှတ် ၄၂၄ တပ်ရင်းစခန်းကို နှစ်ဖက် အပြန်အလှန် တိုက်ခိုက်ရယူထားရာမှ ဖေဖော်ဝါရီ ၁၂   ညနေပိုင်းတွင်မူ တော်လှန်ရေးအင်အားစုက ပြန်သိမ်းယူခဲ့သည်ဟု အကူအညီပေးရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တယ်ဗျ။ PDF တွေက ၄၂၄ ကို ပြန်သိမ်းလိုက်ပြီ။ တစ်ညလုံး တိုက်ပွဲဖြစ်တယ်။ လေယာဉ်နဲ့လည်း ကြဲတယ်။ (မနက်) ၃၊ ၄ နာရီအထိ ဗုံးကြဲတယ်” ဟု စစ်ရှောင်များကို ကူညီနေသည့် မေတ္တာရောင် ပြန်သွေးအလှူရှင်အသင်းမှ  အမျိုးသားတစ်ဦးက ပြောသည်။

“တပ်မတော်ဘက်ကလည်း အကျအရှုံးများတယ်။ ညနေဘက်မှာ ဆိုက်ခေါင်ကနေ လူအင်အား (လက်နက်ကိုင်စစ်သည်အင်အား) ရာနဲ့ချီ သွားပြီးတော့ တိုက်နေတယ်ဗျ”

ဆိုက်ခေါင်သည် ဆီဆိုင်မြို့မှ ၁၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး ထိုနေရာမှ ဆက်သွားလျှင် ဟိုပုန်း၊ တောင်ကြီးတို့ကို ရောက်မည် ဖြစ်သည်။

တပ်ရင်း ၄၂၄ အခြေအနေနှင့် ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့များဘက်က အတည်မပြုသေးပေ။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ PNLA က ဖေဖော်ဝါရီ ၁၃ က ထုတ်ပြန်ထားစဉ်။

ဆီဆိုင်မြို့ပေါ်ရပ်ကွက်များတွင် ကျန်နေရစ်သော ဒေသခံ ၄၀ ခန့်ကို တိမ်းရှောင်ရန် ယမန်နေ့ မွန်းလွဲက ဝင်ရောက် ခေါ်ယူခဲ့သည်၊ ထိုအထဲတွင် သက်ကြီးရွယ်အို၊ မသန်စွမ်းသူများနှင့် ကလေးများ ပါဝင်သည်ဟု ၎င်းက ဆိုသည်။

“အခုတော့ ဆီဆိုင်မြို့ပေါ်မှာ လက်ကျန်လူတွေလို့ ပြောလို့ရတဲ့ လူ ၄၀ လောက်တော့ လောလောဆယ် ထွက်လာပြီ” ဟု ထိုသူက ဆက်ပြောသည်။

“ဆီဆိုင်မြို့ထဲကတော့ တပ်မတော်ဘက်က ပစ်တဲ့ လက်နက်ကြီးသံတွေ (မြို့ခံ) တော်တော်များများများက လုံးလုံး မနေရဲတော့ဘူး”

စစ်ကောင်စီက အခြားတိုက်ပွဲများနည်းတူ ဆီဆိုင်မြို့ တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။

ဆီဆိုင်မြို့နယ်အတွင်း PNLA လှုပ်ရှားသော ကျေးရွာ ရပ်ကွက်များ စစ်ရေးပစ်မှတ်ဖြစ်လာရာ ဖေဖော်ဝါရီ ၁၀ တွင် ဆီဆိုင်မြို့အနောက်ဘက်တွင် ပေါင် ၅၀၀ ဗုံး ကြဲချခံရသည်၊ နောက်တစ်နေ့ နံနက် ၈ နာရီခန့်တွင် ဆီဆိုင်မြို့ ဘုရားဖြူ အထက်တန်းကျောင်းအရှေ့ဘက်ရှိ အောင်ချမ်းသာရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဆိုင်ခန်းတစ်ခန်း ပျက်စီးခဲ့သည်။

နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေသည်၊ ပစ်ခတ်ခံရသဖြင့် ဘာသာရေးအဆောက်အအုံ ၇ ခုထက်မနည်းနှင့် နေအိမ် ၅၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရသည်ဟု PNLA က ထုတ်ပြန်သည်။

လတ်တလောတွင် စစ်ရေးပြင်းထန်နေသဖြင့် ဆိုက်ခေါင်မှ ဆီဆိုင်သို့ ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီး၊ ကျေးရွာလမ်းငယ်များ၊ တောလမ်းများတွင် သွားလာခွင့် ယာယီပိတ်ထားကြောင်း PNLA က ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စာထုတ်ထားသည်။

ဖေဖော်ဝါရီ ၁၄ နံနက် ၁၀ နာရီကျော်ခန့်တွင်လည်း ဟိုပုံးနှင့် ဆီဆိုင်ကြား ပဆျားကြိုးရွာကို လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် ရွာသား ၂ ဦး သေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားကြသည်။

NCA ထိုးထားသော PNLA တော်လှန်ရေးတွင် ပါဝင်လာ

ဆီဆိုင်သည် ဟိုပုန်း၊ ပင်လောင်းမြို့တို့နှင့်အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲတွင် ပါဝင်သည်။

အင်အားကြီး တိုင်းရင်းသားအဖွဲ့ပေါင်းစုံ အခြေစိုက်သော ရှမ်းပြည်နယ်အတွင်းမှ လက်နက်ခဲယမ်းများ ကရင်နီပြည်နယ် (ကယားပြည်နယ်) သို့ ဖြတ်သန်းသယ်ဆောင်ရာတွင် ထိုဒေသသည် အဓိကလမ်းကြောင်းကြီး ဖြစ်သလို လက်နက်အများအပြား ဖမ်းဆီးရမိသည့် ဒေသလည်း ဖြစ်သည်။

ဇန်နဝါရီ ၂၀ ရက်နေ့က ရှမ်းပြည်နယ် ဟိုပုံးမြို့၊ စံဖူးရွာအနီးတွင် လက်နက်သယ်ယာဉ်တန်းတစ်ခု ဟန့်တားခံရသောအခါ  PNLA က ၎င်းတို့ သယ်ဆောင်လာသည့် ရာနှင့်ချီသော လက်နက်များကို လမ်းပေါ်တွင်ပင် မီးရှို့ဖျက်ဆီးလိုက်သည်။

ဇန်နဝါရီ ၂၅ တွင် PNLA ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်က ဆီဆိုင်မြို့နယ်အတွင်း ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

နောက်တစ်နေ့တွင် မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ရဲစခန်း၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ဌာနဆိုင်ရာရုံးများတွင် PNLA အလံများ လွှင့်ထူလိုက်သည်။

ထို့နောက် လေတပ်က ဆီဆိုင်မြို့နှင့်အနီးတစ်ဝိုက် လေကြောင်းတိုက်ခိုက်မှုများ အကြိမ် ၂၀ ထက်မနည်း ဆက်တိုက် ပြုလုပ်ခဲ့ရာ မြို့ပေါ်တွင် နေရာယူထားသော တပ်ပေါင်းစုက ဇန်နဝါရီ ၂၇ တွင် ပြန်လည်ဆုတ်ခွာသွားသည်။

စစ်ကောင်စီက မြို့အဝင်တွင် တစ်ဆက်တည်းရှိသည့် ခလရ ၄၂၃၊ ၄၂၄ တပ်ရင်းနှစ်ခုနှင့် မြို့မရဲစခန်းရှိသောနေရာကို   ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း မြို့ဝန်းကျင်နှင့် မြို့တွင်းရပ်ကွက်များကို ကရင်နီ၊ PDF, PNLA တပ်ပေါင်းစုက ထိန်းချုပ်ထားသည်။

“အရိုးသားဆုံးပြောမယ်ဆိုရင်တော့ ဆီဆိုင် ၄၂၃ က လွဲရင် PDF တွေ ဝိုင်းထားပြီးသားပါပဲ။ လက်ရှိအနေအထားကတော့လေ။ အရင်ကတည်းက တစ်မြို့လုံးမှာ PDF က ဝိုင်းထားပြီးသားပါ ။ (PDF) ရှိနေလို့ (စစ်တပ်က) လက်နက်ကြီးက အဆက်မပြတ်ပစ်လို့ ဆီဆိုင်မြို့က ၄၀ ရာခိုင်နှုန်းလောက် ပျက်စီးနေပြီ” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

ကရင်နီအခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ PNLA, PDF အပါအဝင် အဖွဲ့ ၄ ဖွဲ့က ပူးပေါင်း တိုက်ခိုက်နေသည်ဟု ဆိုသည်။

“PDF ပါမယ်။ KNDF ပါမယ်။ အဖွဲ့ ၄ ဖွဲ့ပေါင်းပြီးတိုက်နေတာဗျ။ ပအိုဝ်းကတော့ လောလောဆယ် ပွဲကခြင်းကို ပအိုဝ်း အချင်းချင်း ရှောင်ပြီး ဖြစ်နေတယ်။ အခု ဖြစ်နေတာကတော့ ဆီဆိုင်မှာတော့ PDF က ကြီးစိုးပြီး တိုက်နေတာပေါ့” ဟု ၎င်းက ပြောသည်။

PNO ခေါ် ပအိုဝ်းပြည်သူ့စစ်သည် အစဉ်အဆက် စစ်ခေါင်းဆောင်များ၏ မဟာမိတ်ဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စိုးမိုးထားကာ ယခုတိုက်ပွဲတွင်လည်း စစ်တပ်၏ အားကိုးရသည့်အဖွဲ့ ဖြစ်လာသည်။ လက်နက်ကိုင်အင်အား ၃၀၀၀ အထိပင် ရှိနိုင်သည်ဟု သတင်းထွက်နေသည်။

ယခု စစ်ကောင်စီတပ်ကို တိုက်နေသည့် PNLA မှာ လက်နက်ကိုင်အင်အား ၄၀၀ နှင့်အထက် ရှိမည်ဟု အကဲခတ်တို့ ယူဆထားကြသည်။

PNLA က ပအိုဝ်းအမျိုးသားချင်းချင်း တိုက်ခိုက်လိုခြင်း မရှိသဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ စစ်ကောင်စီကို စွန့်ခွာကြရန် တိုက်တွန်းလျက်ရှိသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) တွင် လက်မှတ်ထိုးထားသော PNLA ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် အာဏာသိမ်းစစ်တပ်၏ “ငြိမ်းချမ်းရေး” ဆွေးနွေးပွဲတိုင်းတွင် ပူးပေါင်းဆောင်ရွက်နေသည်။

လတ်တလောတွင် ဆီဆိုင်ဒေသခံများမှာ တောင်ကြီး၊ ဆိုက်ခေါင်နှင့် အနီးဝန်းကျင်သို့ တိမ်းရှောင်နေကြရပြီး အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။ 

ဆီဆိုင်မြို့မှ ၁၂ မိုင်ခန့်အကွာ ဆိုက်ခေါင်မြို့တွင် စစ်အင်အား ၇၀၀ ခန့်ဖြင့် အမြောက်တပ် ၄ ခု အခိုင်အမာချကာ စစ်ပြင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !