နေဝင်ချိန် မှတ်တမ်း (၃)
================
၁၈၈၆ မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်စဉ်က အဓမ္မယူသွားခဲ့သော မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို နှစ်ကြိမ်ခွဲ၍ ပြန်ပေးခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။
-၁၆-၃-၁၉၄၈ မှာ မောက်ဘက်တန်ကိုယ်စား ဗြိတိသျှ သံအမတ် J Bowler မှ မြန်မာဘုရင်သုံး ခြင်္သေ့ရုပ်ခံ (သီဟဿန)ပလ္လင် ကို လည်းကောင်း
- ၁၉၆၄ နိုဝင်ဘာလ မှာ မောက်ဘက်တန်ကိုယ်တိုင် သေတ္တာ အလုံး (၆၀) မှာ ပစ္စည်း ပေါင်း (၄၅၀) ထည့်ပြီး ပေးအပ်ခဲ့ပါတယ် ။
( ကျောက်မျက်ရတနာစီခြယ်ထားတဲ့ သံလျှက် အပါအဝင် မင်း မိဖုရား သုံး ရွှေခြည် ငွေခြည်နဲ့ ယက်လုပ်ထားတဲ့ ဝတ်လဲတော်များလည်း ပါဝင်ခဲ့ပါတယ် )
လန်ဒန်မြို့ ရှိ ဗစ်တိုးရီးယား နဲ့ အဲလ်ဘက် ပြတိုက်ထဲမှာ ထိမ်းသိမ်းထားတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ် ။
အများစုဟာ အလောင်းမင်းတရား လက်ထက်ကစပြီး အဆင့်ဆင့်ထိမ်းသိမ်းလာသည့် ထီးနန်းသုံး ရှားပါး ရှေးဟောင်း ပစ္စည်းများ ဖြစ်၍ ဦးနေဝင်က မောက်ဘက်တန်အား ကျေးဇူးတင်မဆုံးဖြစ်ခဲ့ပါတယ် ။
ပစ္စည်းလက်ခံပွဲမှာ မြန်မာပြည်သူတွေ အားလုံးကိုယ်စား ဗိုလ်ချုပ်ကြီးမောက်ဘက်တန်အား ကျေးဇူးတင်ကြောင်း ပြောသွားတာဟာ သံတမန်စကား မဟုတ်ပဲ သူ့ရင်ထဲက စကားဖြစ်ကြောင်း သူသေခါနီး အချိန်ထိ မမေ့မလျှော့ ပြန်ပြောပြနေတာက သက်သေပါပဲ ။
မောက်ဘက်တန်ဟာ အဲလိဇဘက်ဘုရင်မကြီးရဲ့ ကြင်ယာတော် ဖီးလစ်မင်းသားရဲ့ ဦးကြီးတော် ဖြစ်ပြီး သူ့ရဲ့ဇနီးကလည်း ဝိတိုရိယ ဘုရင်မကြီးရဲ့ မြေးဖြစ်တာကြောင့် ထီးသုံးနန်းသုံး ပစ္စည်းများအပေါ် တန်ဖိုးထားတတ်ခြင်း ဖြစ်ခဲ့တာလည်း မြန်မာတွေ ကံကောင်းတာပါပဲ ။
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီး နောက်ပိုင်း မောက်ဘက်တန် နဲ့ ဦးနေဝင်းတို့ဟာ ဆက်လက်ခင်မင်နေပြီး မောက်ဘက်တန်ရဲ့ စေတနာကို အသိအမှတ်ပြုတဲ့ အနေနဲ့ ကျွန်းသား သီဟဿန ပလ္လင်ငယ်တခုကို ၁၉၆၉ တွင် ဦးနေဝင်းက လက်ဆောင်ပေးခဲ့ပါတယ် ။
(ယခု မောက်ဘက်တန်မိသားစု ပြတိုက် {Broad land} မှာ ပြထားပါတယ်)
- ထူးခြားတဲ့ သမိုင်းဝင် စကားကို ၁၉၆၉ မှာ ဦးနေဝင်း အင်္ဂလန်သွားစဉ် မောက်ဘက်တန်က ပြောခဲ့ပါတယ် ။
"မင်း ဗမာနိုင်ငံကို အခုလို အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရေရှည်အုပ်ချုပ်သွားဖို့ မသင့်တော်ဖူး ၊ နိုင်ငံရေးပါတီထောင်ပြီး ပြည်သူ့ဆန္ဒနဲ့ အညီ အုပ်ချုပ်ပါ "
မိမိထက် အသက် ၁၀ နှစ် ပိုကြီးတဲ့ မောက်ဘက်တန်က အဲဒီလို အကြံပေးခဲ့ကြောင်း သံတွဲမြို့မှာ အမေရိကန်သံအမတ် Henry Byroade ကို ဦးနေဝင်း သတိတရ ပြန်ပြောခဲ့ပါတယ် ။
မောက်ဘက်တန်ရဲ့ အကြံပေးချက်အရ ....၁၉၇၃ မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ၁၉၇၄ မှာ တော်လှန်ရေးကောက်စီကို ဖျက်သိမ်းကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ထူထောင်၍ အရရရပ်ဝတ်ဖြင့် ကါတီဥက္ကဌ ရာထူးရယူခဲ့ပါတယ် ။
၂၇-၈-၁၉၇၉ မှာ မောက်ဘက်တန်ဟာ အိုင်ယာလန်နိုင်ငံ Mullaghmoe ကျွန်းအနီး အပန်ူဖြေ ရွက်လှေစီးနေစဉ် ဗုံးခွဲ လုပ်ကြံခြင်းခံရ၍ အသက် ၇၉ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ် ။ ဦးနေဝင်းက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ် ။
၁၉၈၇ မှာ တောင်ဇင်းရွာ ရေပေးဝေရေး စီမံကိန်ကို ဗြိတိသျှအစိုးရက လှူခဲ့ပါတယ် ။ အဲဒီပွဲကို မောက်ဘက်တန်ရဲ့ တူမ ဗြိတိသျှတော်ဝင်မင်းသမီး Elizabeth Anne လာခဲ့ရာ ဦးနေဝင်းကိုယ်တိုင် တံခါးဝ မှ ထွက်ပြီး ကြိုဆိုခဲ့ပါတယ် ။
မောင့်ဘက်တန် နဲ့ မြန်မာတို့ရဲ့ ကျေူဇူးခံ ကျေးဇူးတရား ရေစက်ဟာ အတော်နက်ရှိုင်းခဲ့ပါတယ် ။
အဒါဘာတွေလည်း ဆိုတော့....
ဦးအောင်ဆန်းဦး နဲ့ ဒေါ်စုကြည်တို့ရဲ့ နောင်ရေးအတွက် ပညာသက်နိုင်အောင် မောက်ဘက်တန်က ဘာတွေ လုပ်ပေးခဲ့သလဲ ............?