မုံရွာမြို့ရှိ စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး (၁၇)လုံးခန့်ဖြင့် PDF
အဖွဲ့ကပစ်ခတ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိခဲ့ ကြောင်း
လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သူထံမှ သိရသည်။
PDF ပူးပေါင်းအဖွဲ့က မတ်လ (၅) ရက်၊ နေ့လည် (၁၂) နာရီခန့်တွင်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက် မြောက်တိုင်းစစ်ဌာနချုပ်ကို
ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
"နမခ ရုံးချုပ်ကို ပစ်တာ။ ၁၂ လောက်က စပစ်တာ။ နောက်မှ လိုက်ရှင်းရတာ။
တပ်ထိန်း ၇၆၇ ထဲမှာက(၂)လုံး၊ အားကစားကွင်းနား (၂)လုံး၊ နမခတိုင်းရုံး
ငါးကန်ထဲမှာက (၁)လုံး၊ အစွန်အဖျားကျတာတွေရော၊ ပြီးတော့ လမ်းပေါ်မှာကျတာ
များတယ်။ အဆောက်အဦးတွေပေါ်တော့ မကျဘူး။ အကုန်လုံးပေါင်းက (၁၇)လုံးကျတာ” ဟု
လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသော်လည်း ထိခိုက်ပျက်စီးမှုများ မရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
အဆိုပါပစ်ခက်တိုက်ခိုက်မှုကို Daung New Generation - KANI PDF အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။