Skip to main content

Continue !

ပုဏ္ဏားကျွန်းမြို့နယ်ကို AA ထပ်မံ သိမ်းပိုက်

 




ပြည်နယ်မြို့တော် စစ်တွေနှင့် တံတားတစ်စင်းသာ ခြားသော မြို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ထိုတံတားကို စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးထားသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ တစ်ခုတည်းသော စစ်ကောင်စီတပ်ရင်းဖြစ်သည့် အမှတ် (၅၅၀) ခြေမြန်တပ်ရင်းကို ယမန်နေ့ (မတ်လ ၄) တွင် သိမ်းယူပြီး မြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်လိုက်သည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) လက်အောက်ခံ အဆိုပါ တပ်ရင်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် AA က စတင်ထိုးစစ်ဆင်ခြင်းဖြစ်သည်။
မြို့မရဲစခန်းကို ဖေဖော်ဝါရီ ၂၂ တွင် သိမ်းပြီးနောက် ဆက်တိုက်ထိုးစစ်ဆင်ခြင်းဖြစ်ရာ AA ၏ စခန်းသိမ်းပွဲသည် ၁၁ ရက်ကြာမြင့်ခဲ့သည်။
စခန်းသိမ်းပွဲမှ ရရှိသော လက်နက်ခဲယမ်းများ၊ ဖမ်ဆီးရမိသည့် စစ်သုံ့ပန်းများနှင့် ပတ်သက်၍ ဖော်ပြခြင်းမရှိသေးပေ။
ရဲစခန်းနှင့် တစ်ခုတည်းသော တပ်ရင်းတို့ ကျဆုံးသွား၍ မြို့နယ်တစ်ခုလုံး AA လက်အောက် ကျရောက်သွားခြင်းဖြစ်သည်။
ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်လိုက်ရသည့် စစ်ကောင်စီတပ်က ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမရှိ စေတီပြင်တံတားကို ယမန်နေ့ (မတ်လ ၄) ညနေ ၅ နာရီခန့်တွင် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ၁၂ ကြိမ်တိုင် လာရောက်ပစ်ခတ်ဖျက်ဆီးသည်ဟု AA က ထုတ်ပြန်သည်။
စစ်တွေခရိုင်တွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်တို့ရှိသည့်အနက်မှ ၂ မြို့နယ်ကို AA က သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ပေါက်တောကို ဇန်နဝါရီ ၂၀ တွင် သိမ်းသည်။ ရသေ့တောင်တွင် ခြေမြန်တပ်ရင်း ၃ ရင်းမှလွဲ၍ တပ်စခန်းအားလုံးကို AA က သိမ်းပိုက်ထားပြီး ဆက်လက်ထိုးစစ်ဆင်နေဆဲဟု ဆိုသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် အချက်အလက်များအရ လူဦးရေ ၁၄၀၀၀၀ နီးပါး နေထိုင်လျက်ရှိသော ပုဏ္ဏားကျွန်းမြို့နယ်သည် ပြည်နယ်မြို့တော် စစ်တွေနှင့် ၂၁ မိုင်ခန့်သာ ဝေးသည်။ ရဲစခန်းနှင့် ၅၅၀ တပ်ရင်းတို့သည် ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် တည်ရှိသည်။

 
ထိုတပ်ရင်း မကျမီ စစ်ကောင်စီတပ်က မြေပြင်စစ်ကူပို့သော်လည်း မြို့အဝင် တံတားထိပ်တွင်ပင် AA က ကြားဖြတ်တိုက်ခိုက်မှုကြောင့် အရာမထင်ဘဲ မြို့ကို လက်လွှတ်လိုက်ရခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လယ်တွင် စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို မင်းချောင်း (အမြင့်ကျွန်း) တံတားထိပ်အရောက်တွင် စောင့်ကြိုတိုက်ခိုက်ရာ စစ်ကြောင်းနှင့်အတူ ပါလာသည့် သံချပ်ကာကား ၂ စီး မီးလောင်ပျက်စီးသွားကြောင်း AA က မတ်လ ၁ ရက်နေ့ နေ့လယ်တွင် ရုပ်သံထုတ်ပြန်သည်။
တိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင် မည်မျှသေဆုံးဒဏ်ရာရရှိသည်ကို မသိရပေ။
ကျောက်တော်နှင့် မင်းပြား မြစ်ကြောင်းအတွင်း စစ်သင်္ဘောများ တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက်ပိုင်း ရေကြောင်းမှ စစ်ကူပို့ရန်လည်း စစ်ကောင်စီတပ်အတွက် ခက်ခဲသွားသည်။
မြေပြင်စစ်ကူတပ်များကို ရဟတ်ယာဉ်ဖြင့် ချပေးရာတွင်လည်း AA က ကြားဖြတ်တိုက်ခိုက်ပြန်သဖြင့် အများအပြားသေကျေပျက်စီးကုန်သည်။
ဖေဖော်ဝါရီ ၂၄ နှင့် ၂၅ ရက်နေ့တို့တွင် ရမ်းဗြဲမြို့နယ်သို့ ရဟတ်ယာဉ် ၇ စီးဖြင့် ၂ ကြိမ်ပို့ပေးသော အင်အား ၁၂၀ ခန့်ပါ စစ်ကူတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ၈၀ ကျော် သေသည်ဟု ဖေဖော်ဝါရီ ၂၆ နံနက်တွင် AA က ထုတ်ပြန်သည်။ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကိုလည်း ဖော်ပြသည်။
ရမ်းဗြို့မြို့ မည်သည့်နေရာတွင် တိုက်ခိုက်သည်ကို AA က ဖော်ပြခြင်းမရှိသကဲ့သို့ စစ်ကောင်စီတပ်၏ စစ်ကူအင်အားနှင့် သေဆုံးအရေအတွက်ကိုလည်း Myanmar Now က သီးခြားအတည်မပြုနိုင်ပေ။
ခုခံစစ်ကို တစ်ဆင့်ချင်း ပြင်ဆင်နေသော စစ်ကောင်စီတပ်က ကုန်းလမ်းမှ ဝင်ရောက်လာမည့် ရက္ခိုင့်တပ်တော်ထိုးစစ်ကို ဟန့်တားရန် တံတားများကို ဖောက်ခွဲဖျက်ဆီးပစ်နေကြောင်းလည်း AA က ပြောသည်။
စစ်တွေမြို့အဝင် မင်းချောင်းတံတားကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးသည်ဟု ညီနောင်သုံးဖွဲ့၏ ဖေဖော်ဝါရီ ၁၇ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AA ၏ မနားတမ်းထိုးစစ်ကြောင့် အခြေစိုက်တပ်ရင်းများ ဆက်တိုက်ကျဆုံးကာ မြို့နယ်များ လက်လွှတ်ဆုံးရှုံးနေရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီပြန်ကြားရေးဘက်က သတင်းမထုတ်ပြန်ပေ။
တံတားများကို ဖောက်ခွဲဖျက်ဆီးသည်ဆိုသော ညီနောင်သုံးဖွဲ့၏ ပြောဆိုချက်ကိုလည်း စစ်ကောင်စီဘက်က ပြန်လည်ချေပခြင်း မရှိပေ။
AA ဘက်ကမူ တိုက်ပွဲသတင်းများကို နေ့စဉ်ထုတ်ပြန်လျက်ရှိပြီး ၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ (မတ်လ ၄) တွင် ပြုလုပ်သည်။
ထိုသတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရန် အစီအစဉ်မရှိကြောင်း၊ ရခိုင်ဒေသတစ်ခုလုံး လွတ်မြောက်ရန် ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
“ကျွန်တော်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့၊ ရခိုင့်ကြမ္မာကို ရခိုင်ဖန်တီးနိုင်တဲ့ အာရက္ခပြည်ရဲ့ အနာဂတ်ကို ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့လက်နဲ့ တည်ဆောက်သွားဖို့ဖြစ်တယ်ဆိုတာကို အခိုင်အမာပြောလိုပါတယ်” ဟု ဦးခိုင်သုခက သတင်းထောက်များကို ပြောသည်။
ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်အများအပြားကိုလည်း AA က စောင့်ရှောက်ထားကြောင်းလည်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
ထို့ပြင် လက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဖမ်းဆီးရမိထားသူများ၏ ပြောဆိုချက်များကိုလည်း AA က ဆက်တိုက်ထုတ်ပြန်လျက်ရှိသည်။
မြောက်ဦးအခြေစိုက် ခမရ (၃၇၈) တပ်ရင်းစခန်းအတွင်း အချုပ်သား ၇ ဦးကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပစ်သတ်ရာတွင် အမိန့်ပေးစေခိုင်းသူများဟု AA က ဆိုသည့် စစ်ကောင်စီတပ်အရာရှိ ၃ ဦးက ၎င်းတို့၏ ကျူးလွန်မှုများကို ထွက်ဆိုထားကြသည်။
မင်းပြားမြို့နယ်၊ င/တန်ပျင်းကျေးရွာတွင် မုဒိမ်းကျင့် သတ်ဖြတ်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူဟု AA က ဆိုသည့် စစ်ကောင်စီတပ်သားတစ်ဦး၏ ဝန်ခံထွက်ဆိုချက်ကိုလည်း မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယခု AA သိမ်းပိုက်လိုက်သည့် ခမရ (၅၅၀) တပ်ရင်းသည်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး အရပ်သား ၉ ဦးကို ပစ်သတ်ခဲ့သည့် တပ်ရင်းဖြစ်ကြောင်း စွပ်စွဲခံထားရသည်။
ထိုတပ်ရင်းကို အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်မည်ဖြစ်ကြောင်း AA က ထိုနှစ် နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်သည် အချိန် ၁ နှစ်ကျော်ကြာပြီဖြစ်၍ ထိုစဉ်က မီးရှို့၊ သတ်ဖြတ်မှုကျုးလွန်ရာတွင် ပါဝင်သူများ ၅၅၀ တပ်ရင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်နေခြင်း ရှိမရှိကို Myanmar Now အနေဖြင့် စုံစမ်းနိုင်ခြင်းမရှိပါ။ AA ကလည်း တစ်စုံတစ်ရာ မထုတ်ပြန်သေးပေ။
ရခိုင်ပြည်နယ် ၁၀၂၇ စစ်ဆင်ရေး ၃ လကျော်အတွင်း AA က ချင်းပြည်နယ် ပလက်ဝမြို့၊ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ယခုသိမ်းပိုက်လိုက်သည့် ပုဏ္ဏားကျွန်းမြို့အပါအဝင် မြို့ ၇ မြို့ကို သိမ်းပိုက်ထားပြီဖြစ်သည်။
သိမ်းပိုက်ထားသည့် မြို့နယ်တချို့တွင် မြို့တွင်းသန့်ရှင်းရေးများပြုလုပ်လျက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်နေသည်ကို ဒေသတွင်းမီဒီယာတချို့တွင် တွေ့ရသည်။
ထိုမြို့နယ်များသည် အဖိနှိပ်ခံ ပြည်သူအားလုံးအတွက် လုံခြုံသည့်နေရာများဖြစ်၍ မည်သူမဆို လာရောက်တိမ်းရှောင်နေထိုင်နိုင်ပါကြောင်းလည်း AA က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဖိတ်ခေါ်ထားသည်။
သို့သော် AA သိမ်းပိုက်ထားသည့် မြို့နယ်တချို့ကို စစ်ကောင်စီလေတပ်က မကြာခဏ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ကြောင်း ထိုနေ့ နေ့လယ်တွင် AA က အပျက်အစီးဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်သည်။
ထုတ်ပြန်သော ဓာတ်ပုံမှတ်တမ်းများတွင် ဆေးရုံတစ်ခုလုံး ပျက်စီးသွားသည်ကို တွေ့ရသည်။
ဗုံးကြဲတိုက်ခိုက်ခံရသည့် မင်းဖူးဆေးရုံသည် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းများနှင့် မိသားစုဝင်များကို ဆေးကုသပေးနေသော အရပ်ဘက်ဆေးရုံဖြစ်ကြောင်း၊ ဆေးကုသမှုခံယူနေကြသည့် အရပ်သားများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း AA က ဆိုသည်။
စစ်ကောင်စီတပ်ကို မြေပြင်နှင့် ရေပြင်တွင် စစ်ရေးအသာစီးရနေသော AA သည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကိုမူ ပြန်လည်တုံ့ပြန်နိုင်စွမ်းမရှိသေးပေ။
သိမ်းပိုက်ထားပြီးမြို့များကို လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် လေကြောင်းအချက်ပြစနစ်များ တပ်ဆင်နိုင်ရန် အစီအစဉ်များပြုလုပ်နေကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။
AA သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၁၃ မြို့နယ်ရှိသည့်အနက်မှ ၆ မြို့နယ်ကို သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့ကို ရရှိရေး ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်သည်။

 

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !