နေဝင်ချိန် မှတ်တမ်း (၂)
===============
ဦးနေဝင်းက ပြောပါတယ် ။
ဒေါ်စန္ဒာဝင်းက ဖုန်းဆက်ခေါ်လို့ တဲ့ ။ သူတို့အိမ်ကို ရောက်တော့ လင်မယားချင်း သာမန် စကားများတာ ဆိုတော့ ဒေါသ ထွက်နေတဲ့ ဦးနေဝင်းကပဲ သမီး နဲ့ သမက်ကို နားချဖျောင်းဖျပြီး ပြန်ခဲ့ရပါတယ် ။
ဦးနေဝင်း နဲ့ ခေတ်ပြိုင်လူကြီးများဟာ •45 ဗို့ ဝက်ဘလီ သေနတ်တွေကို အလွန်နှစ်သက်စွာ ကိုင်လေ့ရှိပါတယ် ။
၁၉၇၄ ပဲခူးရိုးမထဲမှာ ဗကပ ခေါင်းဆောင် သခင်ဇင် ၊ သခင်ချစ်တို့ နှစ်ဦးလုံးကို •45 ဗို့ ဝက်ဘလီ ကိုယ်စီနဲ့ အသေဖမ်းမိသလို ဗကပ ဗဟိုကော်မတီဝင် ရဲဘော်သုံးကျိပ်ထဲက ဗိုလ်ဇေယျ ကိုလည်း ညောင်လေးပင် အနီး ငါးပြေမ စားကျက်မြေမှာ •45 ဗို့ ဝက်ဘလီ နဲ့ ပဲ အသေဖမ်းမိခဲ့ဖူးပါတယ် ။
ဦးနေဝင်းရဲ့ စာကြည့်ခန်းထဲမှာ ဓါတ်ပုံတွေ ရှိပါတယ် ။ အင်္ဂလိပ်တို့ မြန်မာပြည်ကို သိမ်းပြီးစမှာ အင်္ဂလိပ်တို့ရဲ့ ဆက်ဆံရေးတပ်က ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေလည်း ပါဝင်ပါတယ် (ပူးတွဲ တင်ပြထားပါတယ်)
အဲဒီ ပုံတွေကတော့ ၁၉၆၈ ခုနှစ်မှာ ဦးနေဝင်း အင်္ဂလန်သွားစဉ် ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်က လက်ဆောင်ပေးခဲ့တာပါ ။ ပုဂ္ဂိုလ်ရေး အရ လက်ဆောင်ပေးခဲ့ခြင်း ၊ ဓါတ်ပုံများဟာ မြန်မာ နဲ့ အင်္ဂလိပ်တို့ရဲ့ ဆက်ဆံရေးပို ထိခိုက်နိုင်စေခြင်းတို့ကြောင့် မော်ကွန်းတိုက်ကို မပို့ပဲ သိမ်းခဲ့တဲ့ ပုံတွေ ဖြစ်ပါတယ် ။
၁၉၈၉ မှာ မျိုးချစ်စိတ် ရှင်သန်ထက်မြက်လာစေရန် ရည်ညွှန်း၍ နဝတ ကို မိတ္တူကူးခွင့်ပေးခဲ့ပါတယ် ။ ( အချို့ပုံတွေက နဝတရဲ့ အမှားကြောင့် ခုနှစ်တွေ လွဲနေပါသတဲ့)
တနေ့တော့ ဦးနေဝင်းက ဗိုလ်ကြီးသိန်းလှိုင်ကို
" ဟေ့ ဖိုးသိန်းလှိုင် နယ်ချဲ့ဆီက ငါတို့ လွတ်လပ်ရေး ရတာ ဗိုလ်ချုပ်မောင့်ဘက်တန်ကျေးဇူးလဲ ပါသကွ"
"ဟုတိကဲ့ ဗိုလ်ချုပ်"
"ဗိုလ်ချုပ်အောင်ဆန်းတို့ လန်ဒန်ကို လွတ်လပ်ရေးသွားတောင်းတော့ ငါ မပါဘူးကွ ငါက ပျဉ်းမနားက တပ်ရင်း ၄ မှာ "
"ဟုတ်ကဲ့ ဗိုလ်ချုပ်"
"အဖွဲ့ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်းလို့သာ အမည်တပ်ထားတာ တကယ်တန်း အစစ အရာရာ ဦးစီးပြီး ထိမ်းထိမ်းသိမ်းသိမ်း လုပ်သွားတာ ဦးတင်ထွဋ် ကွ"
"ဟုတ်ကဲ့ ဗိုလ်ချုပ်"
"ဗိုလ်ချုပ်က အသက်လည်းငယ် စကားပြောရင်လည်း သူဖြစ်ချင်တာပဲ တိုတိုတုတ်တုတ် ပြောတတ်လို့ ဗြိတိသျှလူကြီးတွေ အမြင်မှာ အထင်မသေးရအောင် ဦးတင်ထွဋ်က ထိမ်းတာပေါ့ကွာ နောက်ပြီး ဦးတင်ထွဋ်က ပညာတတ် ICS ဆိုတော့ ဗြိတိသျှ ထီးသုံး နန်းသုံး ယဉ်ကျေးမှုတွေ နားလည်တယ် ၊ ဗိုလ်ချုပ်ကတော့ အညာသား ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်း ရှူးဒိုင်းဆိုတော့ "
ဖြေးဖြေးလေးလေး ပြောနေပြီး မောလာလို့ ရီမောကာ ခဏနားပြီးမှ ဆက်ပြောပါတယ် ။
"ဗမာပြည် လွတ်လပ်ရေးရတာ ကံကောင်းလို့ကွ အဲဒီတုန်းက ချာချီရဲ့ Tory (ကွန်ဆာဗေးတစ်) ပါတီသာ အာဏာရနေရင် ငါတို့လွတ်လပ်ရေး ရမှာ မဟုတ်ဖူး ။ ချာချီရဲ့ Tory ပါတီ အင်္ဂလန်ရွေးကောက်ပွဲမှာ ရှုံးပြီး အက်တလီရဲ့ လေဘာ ပါတီက ရွေးကောက်ပွဲ နိုင်ပြီး အာဏာရကာစ အချိန် ၊ လေဘာပါတီက. မြန်မာကို လွတ်လပ်ရေး ပေးရေး အဆိုတင်တယ် ၊ ချာချီက ကန့်ကွက်တယ် ၊ ဒါပေမယ့် နောက်ဆုံးတော့ ငါတို့ လွတ်လပ်ရေး ရတာပါပဲ ကွာ"
"ဟုတ်ကဲ့ ဗိုလ်ချုပ်"
"တခုအရေးကြီးတာက အင်္ဂလိပ် ပါလီမန်မှာ ချာချီက အတိုက်အခံသာ ဆိုတယ် အာဏာရှိတယ်ကွ ။ ဘာလို့လဲဆိုရင် ဒုတိယကမ္ဘာစစ်ကို မဟာမိတ်တွေဖက်က နိုင်အောင်တိုက်ပေးခဲ့တဲ့ ဝန်ကြီးချုပ်လေ ။ နောက်ပြီး သူက ကမ္ဘာစစ်ကြီး ၂ ခုလုံးကို ပါဝင်တိုက်ခိုက်ဖူးတဲ့ စစ်ဗိုလ်ဆိုတော့ စစ်သားစိတ်ရှိတယ် ။ မောင့်ဘက်တန်က သူတို့ ၂ ယောက်ထက် ၁၄ နှစ်ငယ်ပေမယ့် မြန်မာကို လွတ်လပ်ရေး ပေးဖို့ ချာချီ နဲ့ အက်တလီကို ထောက်ခံပေးခဲ့တယ် ။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေးသမား အဖြစ် မမြင်ပဲ စစ်သားတယောက်အဖြစ် မြင်ပြီး ထောက်ခံခဲ့တာပဲ"
ဒီလို စကားတွေ အများကြီး ပြောပြီးမှ လက်စသပ်သွားပါတယ် ။ ဦးနေဝင်းရဲ့ နှုတ်ထွက်သမိုင်းစကားတွေကို အတည်ပြုပေးနိုင်ဖို့ Website page ပေါ် ရှာကြည့် ဒါတွေ တွေ့ရပါတယ် ။
- ၁၉၄၇ အောက်တိုဘာမှာ အက်တလီက ဗြိတိသျှပါလီမန်၌ မြန်မာအားသီးခြား လွတ်လပ်ရေးပေးဖို့ ၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့သော မြန်မာလူမျိုးစု တိုင်းရင်းသားများကလည်း လွတ်လပ်ရေးကို တောင်းဆိုနေခြင်းအား လိုက်လျောပေးဖို့ ဗြိတိသျှအစိုးရက ငြင်းပယ်မည်ဟု မိမိမယူဆကြောင်း လွတ်မြောက်သော နိုက်ငံတော်အဖြစ် ပြီးပြည့်စုံသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) လည်း ရေးဆွဲပြီးဖြစ်ရာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော် ခန့်ကတည်းက အိန္ဒိယနှင့် တွဲဖက်ထားသည့် မြန်မာနိုင်ငံကို အပြီးပိုင် လွတ်လပ်ရေးပေးဖို့ သင့်တော်ပါကြောင်း အဆိုတင်သွင်းခဲ့ပါတယ် ။
- ချာချီကတော့ ဗိုလ်ချုပ်အောင်ဆန်းသည် လက်တွဲရန် ယုံကြည်သိတ်ချရသူ မဟုတ်ပဲ သစ္စာဖောက်တဦး ဖြစ်ကြောင်း နဲ့ ယင်း၏အဆင့်မှာ သူပုန်တယောက်၏ အဆင့်ထက်မပိုကြောင်း ပြီးခဲ့သော ကမ္ဘာစစ်ကြီး၌ ဂျပန်နဲ့ ပူးပေါင်းခဲ့သည်ကို ကြည့်၍သိနိုင်ကြောင်း ၊ ဂဠုန်ဦးစောသည်လည်း အောင်ဆန်းနဲ့ အတူတူဖြစ်ကြောင်း ၊ ထို့ကြောင့် စက္ကူဖြူ စီမံကိန်းအတိုင်း ဒိုမီနီယံအဆင့်သာ ထားသင့်ကြောင်း ၊ နယ်စပ်ဒေသနေ ရိုးသားဖြူစင်သည့် တိုင်းရင်သားများ အတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်း ပြင်းထန်စွာ ကန့်ကွက်ခဲ့ပါတယ် ။
- အက်တလီက 1935 Burma Act အရ တိုင်းရင်းသားများကို ကာကွယ်ပေးထားပြီး ဖြစ်၍ လွတ်လပ်ရေးပေးသင့်ကြောင်း ဒုတိယအကြိမ် ရှင်းလင်းတင်ပြတောင်းဆိုခဲ့၍ 5-11-1947 တွင် မဲခွဲဆုံးဖြတ်ရာ လွတ်လပ်ရေးပေးသင့်ကြောင်း ထောက်ခံမဲ ၂၈၈ မဲ ကန့်ကွက်ကြောင်း ၁၁၄ မဲ တို့နုဲ့ အနိုင်ရရှိခဲ့ပါတယ် ။
-10-12-1947 မှာ Burma Independence Act 1947 ဥပဒေမူကြမ်းကို အတည်ပြုခဲ့၍ ဗိုလ်ချုပ်ကျဆုံးပြီး ၅ လ အကြာမှာ လွတ်လပ်ရေး ရခဲ့ပါတယ် ။ (အက်တလီက ဦးစောကို ဒိသူငယ်က ပြုံးပြုံးလေးနဲ့ ရက်စက်မယ့်သူပဲလို့ မှတ်ချက်ပေးခဲ့သတဲ့)
၁၉၆၈ ခုနှစ် ဦးနေဝင်း အင်္ဂလန်အသွား အက်တလီ နဲ့ တွေ့တော့ ဗိုလ်ချုပ်ဟာ စစ်သားဘဝမှာပဲ နေမယ်ဆိုရင် နိုင်ငံရေးသမားတွေက ဒီလို လုပ်ကြံသတ်ဖြတ်ကြမှာ မဟုတ်ဖူးလို့ ပြောခဲ့ပါတယ် ။
မောင့်ဘက်တန်ဟာ မြန်မာ့လွပ်လပ်ရေးအတွက် ကူညီခဲ့ရုံ မကပါဘူး ဦးနေဝင်းရဲ့ အိမ်စောင့်အစိုးရလက်ထက် ၊ တော်လှန်ရေးကောင်စီ လက်ထက် နဲ့ မဆလ ပါတီ လက်ထက်တွေအထိ ကူညီခဲ့ပါသတဲ့ ။
အထူးသဖြင့် သူကူညီပေးခဲ့တဲ့ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အကူအညီတွေကတော့ ...............