အီတလီအနုပညာပြပွဲမှ ဒေါ်လာ ၁.၃ သန်းကျော်တန်ဖိုးရှိ ရွှေပန်းပုရုပ်တုများ ခိုးယူခံရ
အီတလီနိုင်ငံမှ ပန်းပုဆရာ အန်ဘာတို မို့ရိုရီအန်နီ မှ ဖန်တီးထာတဲ့
ရွှေထည်ပစ္စည်း ၅ဝ နီးပါးဟာ ဗုဒ္ဓဟူးနေ့ (မတ်လ ၆ ရက်) က အီတလီနိုင်ငံ၊ Lake
Garda အနီးရှိ ပြပွဲတစ်ခုမှ ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။
ယူရို ၁.၂ သန်း (ဒေါ်လာ ၁.၃ သန်းကျော်) တန်ကြေးရှိ အနုပညာ လေးဆယ့်ကိုးခု
ခိုးယူခံခဲ့ရတယ်လို့ ပြပွဲရဲ့အိမ်ရှင် ဖြစ်တဲ့ Vittoriale degli Italiani
မှ ပြောရေးဆိုခွင့်ရှိသူက စနေနေ့(မတ်လ ၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။
"Uomo/Donna” (Man/Woman) လို့ အမည်ပေးထားတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကတော့
ပြပွဲအဆောက်အအုံရဲ့ ခြံဝင်းအတွင်း ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပေမယ့် ကျန် ၄၈
ခုကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပြောရေးဆိုခွင့် ရှိသူက
ပြောကြားခဲ့ပါတယ်။
ခိုးယူမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ပြပွဲဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
တာဝန်ရှိသူတွေကတော့ အခုဖြစ်ရပ်မှာ သူခိုးဟာ အထူးဂိုဏ်းတစ်ခုမှ လုပ်ဆောင်ခြင်းဖြစ်မယ်လို့ ယူဆထားကြပါ တယ်။