Skip to main content

Continue !

နန်းတော်တွင်းမှ #အောက်လမ်းပညာ

 


နန်းတော်တွင်းမှ #အောက်လမ်းပညာ
အောက်လမ်းပညာဟုအဆိုပြုရမည့် စုန်းတိုက်၊ အင်းတိုက်၊ အပင်းတိုက်၊ရုပ်ထား၊ နာမ်ထား ဟူသည့် ပညာရပ်တို့မှာ ရှေးအစဥ်ကပင် အမိမြန်မာပြည်၌ တည်ရှိခဲ့သည်ဖြစ်ပြီး တိမ်ကောသည်မမည်ဘဲ အစဥ်အဆက် လက်ဆင့်ကမ်းခဲ့ကြသည်ဖြစ်လေ၏။
ထိုပညာရပ်တို့သည် လူသားတို့အပေါ်၌ အကျိုးပြုသည်မမည်ဘဲ ဆိုးကျိုးကိုသာ ဖြစ်စေသည်ဟု သဘောပိုက်ကာ ယုတ်နိမ့်သည်ဟူ၍ လူအများမှ ကြဥ်ဖယ်ထားခဲ့သော်ငြား ရှေးယခင် မြန်မာမင်းများအုပ်စိုးစဥ်ကာလ အခါသမယမှသည် ယနေ့ကာလတိုင် မထင်မရှားရှိနေခဲ့ခြင်းမှာလည်း ထူးပေသည်။
ထိုပညာရပ်များနဲ့ ပတ်သက် ၍ ရှေးအခါက ကျေးလက်နေပြည်သူများကိုမဆိုထားနှင့် နန်းတွင်းနွယ်ဝင် မင်းမိဖုရားအသိုက်အဝန်းတွင်ပင် ပါးစပ်ရာဇဝင်တွင်ကျန်ရစ်သည်အထိ တွင်ကျယ်ခဲ့ဖူးလေသည်။
ပါးစပ်ရာဇဝင်အရဆိုရသော် ပုဂံပြည့်ရှင် အလောင်းစည်သူမင်းတြား၏ မိဖုရားဖြစ်သော နာဂဆိန်သည် ညအခါဝယ် စုန်းကဝေအတတ်ဖြင့် ကောင်းကင်၌ စက်ကြိုးဆင်ကာ ကစားမြူးထူးခဲ့လေသည်။
ဤသည်ကို မြင်တွေ့လေသော ကဒူးအနွယ် စောနန်းမွန်သည် ကျီစားကာဖြင့် နာဂဆိန်မိဖုရား၏ စက်ကြိုးကိုဖြတ်လေရာ စက်ကြိုးပြတ်၍ မိဖုရားလည်း မြေအပြင်သို့ဗုန်းဗုန်းလဲကျကာ မချိမဆံဝေဒနာခံစားခဲ့ရလေသည်။ ဤသည်ကိုအကြောင်းပြု၍ မိဖုရားနာဂဆိန်သည် စောနန်းမွန် ကို ရန်ငြိုးထားကာ လက်စားချေခဲ့လေသည်။
ထိုနည်းအတူ မြန်မာတို့နောက်ဆုံး နန်းစိုက်ရာဖြစ်သော မြနန်းစံကျော်ရွှေနန်းတော်ကြီးပေါ်တွင်လည်း ပါးစပ်ရာဇဝင်တို့အရ စုန်းကဝေအတတ်တို့ ကွန့်မြူး တောက်စားခဲ့ဖူးလေသည်။
မင်းတုန်းဘုရင် လက်ထက်တော်၌ အနှိပ်အကျော်အမော်ဖြစ်သော မမညှာသည် စုန်းပညာကို တတ်ကျွမ်းသည်ဖြစ်ပြီး ထိုပညာနှင့်ပင် မြွေသမားတော် ဆရာဟိန်းကို အစွမ်းပြခဲ့ဖူးသည်ဆို၏။
မမညှာသည် ဆရာဟိန်းလာသည်ကိုမြင်ရာတွင် သူ၏ခေါင်းမှ ဆံစုကိုယူ၍ ဆရာဟိန်း လက်တွင်းသို့ ပစ်ပေးလေရာ ဆံစုမှာ ဆရာဟိန်း လက်တွင်းသို့ ရောက်သည်နှင့် မြွေအသွင်ဖြစ်သွားလေသည်။
ဤတွင် ဆရာဟိန်းသည် " ဒင်းကများ ငါ့ကိုစမ်းလို့ " ဟုဆိုကာ မြွေကိုဖမ်းချုပ်၍ သရစိမ်းမိဖုရား၏ ရေအိမ်တော်အတွင်း ပစ်ချလိုက်ရာ မမညှာခမျာ ထိုနေ့အဖို့ ဆံစုမပါဘဲ အတွင်းတော်သို့ အခစားဝင် ခဲ့ရလေသည်။
ဤသည်မှာ မင်းတုန်းဘုရင် လက်ထက်တော်၌ ဖြစ်လေပြီး သားတော် သီပေါဘုရင်လက်ထက်တော် တွင်လည်း စုန်းကဝေအောက်လမ်းနဲ့ပတ်သက်၍ ပါးစပ်ရာဇဝင်တို့ရှိခဲ့ပြန်လေသည်။
တခါသော် နန်းမတော်ကြီးစုဖုရားလတ်သည် မှန်သာကြီးသခင်၏ အကူအညီဖြင့် အောက်လမ်းဆရာကို နန်းတွင်းသို့ပင့်ခေါ်၍ အစ်မတော်မိုင်းနောင်ထိပ်စုဖုရားကြီးအား အဂ္ဂမဟေသီ နန်းဆောင်၌ စံတော်မမူနိုင်ရန်ကြံဆောင်ခဲ့လေသည်။
ကြံဆောင်ရာ၌ အစ်မတော်ကြီးစံရာနန်းဆောင်ပေါ်သို့ မြွေများစေလွှတ်ခဲ့သည်ဖြစ်ပြီး ထိုမြွေများကို မိုင်းနောင်စုဖုရားကြီးမှ လက်တွင်းမှစိပ်ပုတီးနှင့် ပစ်ပေါက်သည်တွင် ပကတိကြိုးထုံးများ ဖြစ်သွားခဲ့လေသည်။
ဤသို့ဖြင့် နန်းမတော် မိုင်းနောင်စုဖုရားကြီး ခမျာ စံရာနန်း၌ ဆက်လက်မနေထိုင်ဝံ့တော့ဘဲ ညီမတော်လက်သို့ အဂ္ဂမဟေသီနန်းကို ဝကွက်အပ်ကာ ဆင်းပြေးခဲ့ရကြောင်း ပါးစပ်ရာဇဝင်တို့က ဆိုကြလေသည်။
ဤသည်တို့မှာ ပါးစပ်ရာဇဝင်တို့အရ လူအများ နှုတ်ဖျား၌တွင် ကျန်သည်ဖြစ်လေသော ရှေးအခါက စုန်းတိုက်၊အပင်းတိုက်၊ ရုပ်ထား၊ နာမ်ထား ပညာရပ်များပင် ဖြစ်လေပြီး ယခုအခါတွင်ကား ထိုပညာရပ်များနဲ့စပ်လျဥ်း၍ ဆော၊ယောနှင့် ကမ္ဘောဇတလွှားတွင် ထူးထွေ ပြောစမတ်ပြုစရာရှိကြဆဲ ဖြစ်လေသည်။
(ထည့်သွင်းထားသော နန်းဆောင်တော်ကြီးမှာ မြတောင်စုဖုရားတယောက် အစ်မတော်မိုင်းနောင်စုဖုရား၏လက်မှ ရရန် ဆောင်ကြံခဲ့သည်ဖြစ်သော နန်းမတော်ဆောင် အဂ္ဂမဟေသီနန်းကြီးပင် ဖြစ်လေသည်)
ကိုးကား
မြကေတု၏ နန်းဓလေ့မှတ်တမ်းများ
စာဆိုတော်
ဒဂုန်ခင်ခင်လေး

Hi !

!

Popular posts from this blog

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မဟာဗောဓိမြိုင် ဆရာတော်ကြီး မိန့်တော်မူတဲ့ အိမ်မြှောင် စုတ်ထိုးရတဲ့ အကြောင်းအရင်း

  ******** အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ။ သူ့ စုတ်ထိုးသံ ကြားရတတ်စမြဲ။ အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့။ဘာကြောင့် အိမ်မြှောင်စုတ်ထိုးပါသလဲ။အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်းဆရာတော်ဘုရားကြီးက ဒီလိုရှင်းပြထားပါတယ်။မိဘနဲ့သားသမီး ဆရာနဲ့ တပည့် လင်နဲ့မယား ဆက်ဆံရေးမှာ လိုက် လျောမှု မရှိခဲ့လျှင် တကျက် ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။“ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ။ ကံထိန်းနတ် ဥစ္စာ စောင့်နတ်တွေလည်း နားမခံသာ။ နတ်တို့ နားမခံသာလို့ရှောင်သွားမည်။သို့မဟုတ် လက်ပိုက်ကြည့်နေမည် ဆိုပါက အဲဒီအိမ် စီးပွားမတတ် နေသမျှ လူစိတ်မအေးရ လာသမျှ ဧည့်မဆက်ဆံချင်ဖြစ်ပြီ သားတို့ သ မီးတို့ လူတွေအပေါ် လူအုပ်ချုပ်ရေး ရှိသလို နတ်တွေအပေါ် နတ်အုပ်ချုပ်ရေးလည်း ရှိသေး။လူလူချင်း အုပ်ချုပ်တဲ့ လူမင်းကိုတော့ လောကနတ် ခေါ်ရတယ်။ လူ အုပ်ချုပ်တဲ့ နတ်မင်းများကိုတော့ သမ္မုတိနတ် ခေါ်ရတယ်။လောကသုံးပါး ရှေ့ဆောင် လမ်းပြတော်မူတဲ့ ဘုရားရှင်ကိုတော့ “ဝိသုဒ္ဓိနတ်” ခေါ်ရတယ်။ အဲဒီ သမ္မုတိနတ်မျိုးထဲမှာ “ကိုယ်စောင့်နတ်” က ရပ်ကွက်အုပ်ချုပ်ရေးမင်းနဲ့ တူတယ်။ ...

စစ်တပ်နဲ့ ညှိနှိုင်းမှုတွေအကြောင်း ကရင် BGF ဗိုလ်မှူးကြီး စောချစ်သူ ဘာပြောလဲ

  စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)အကြား တင်းမာမှုတွေရှိနေတာကြောင့် ဇန်နဝါရီလ ၂၃ ရက်မှာ ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကရင်ပြည်နယ်ကို နေ့ချင်းပြန်သွားပြီး BGF က ဗိုလ်မှူးကြီး စောချစ်သူနဲ့ တွေ့ဆုံဆွေးနွေးတာတွေလုပ်ခဲ့ပါတယ်။ စစ်တပ်လစာနဲ့ ရိက္ခာကိုမယူတော့ဖို့ BGF က ဆွေးနွေးပါတယ်။ ဘာကြောင့်ပါလဲ။ စစ်ကောင်စီနဲ့ BGF ကြားတင်းမာမှုအရင်းခံက ဘယ်အချက်တွေလဲ။ BGF ရပ်တည်မှုဘယ်လိုဆက်ရှိမှာလဲဆိုတာတွေကို BGF က ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။ ဘီဘီစီ - BGFက ဗိုလ်မှူးကြီး စောချစ်သူနဲ့ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ဇန်နဝါရီ ၂၃ ရက်က ဖားအံမှာတွေ့ပြီး ‌‌‌တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးတယ်လို့ သိရပါတယ်။ ဘယ်လိုအချက်တွေဆွေးနွေးခဲ့ကြတာပါလဲ။ ဗိုလ်မှူးကြီး စောချစ်သူ - ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ တင်ပြတောင်းဆိုလာတဲ့ ကရင်အချင်းချင်းပြန်မတိုက်ချင်ဘူးဆိုတဲ့ အချက်၊ နောက်တစ်ချက်က တပ်မတော်ရဲ့ ရိက္ခာကို ဆက်လက်ယူချင်တဲ့ဆန္ဒမရှိတော့ဘူးဆိုတဲ့ အချက်တစ်ချက်။ အဲဒီအချက် ၂ ချက်ကိုပဲဆွေးနွေးပါတယ်။ ဘီဘီစီ - BGF ရဲ့ ဆွေးနွေးချက် ၂ ချက်အပေါ်မှာ စစ်...

စစ်မှုထမ်းဟောင်းများကို အငြိမ်းစားယူခဲ့သည့် မူလရာထူး၊ အဆင့်ဖြင့် စစ်မှုပြန်ထမ်းစေသည့် စနစ် စစ်ကောင်စီက ပြန်လည်စတင်

  ■ စစ်တပ်တွင် သေဆုံးမှုများပြားနေသဖြင့် စစ်သားလိုအပ်ချက် အလွန်ကြီးမားနေမှုကို နည်းလမ်းမျိုးစုံဖြင့် ဖြည့်တင်းနေရ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို အငြိမ်းစားယူခဲ့သည့် မူလရာထူး၊ အဆင့်များဖြင့် စစ်တပ်တွင် အနည်းဆုံး ၁ နှစ် တာဝန်ပြန်လည် ထမ်းဆောင်စေသည့် စနစ်ကို ပြန်လည် စတင်နေပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် အရန်တပ်ဖွဲ့ဝင် (စစ်မှုထမ်းဟောင်း)များကို စစ်မှုထမ်းခွင့်ပြုသည့် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ၊ အဆိုပါ ညွှန်ကြားချက်အရ စစ်မှုထမ်းဟောင်း များအနေဖြင့် အရန်တပ်ဖွဲ့ဝင် အဖြစ် စာရင်းသွင်း လက်မှတ်ရေးထိုး ရမည်ဖြစ်ကြောင်း၊ အရန်တပ်ဖွဲ့ဝင်အဖြစ် စာရင်းသွင်းပြီးသူများကို စစ်ကောင်စီက ပြန်လည် စိစစ်ရွေးချယ်ကာ အငြိမ်းစားယူခဲ့သည့် ပြန်တမ်းဝင်အမှတ်၊ ကိုယ်ပိုင်အမှတ် အဆင့်ဖြင့် ပြန်လည် တာဝန်ထမ်းဆောင်ခွင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီက ပြန်လည် စိစစ်ရွေးချယ်လိုက်သော အရန်တပ်ဖွဲ့ဝင်(စစ်မှုထမ်းဟောင်း) သည် အနည်းဆုံး အချိန်ပြည့် ၁ နှစ် အမှုထမ်းရမည်ဖြစ်ကြောင်း၊ အဆောငအယောင်၊ လစာန...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

တရုတ်ကဖမ်းထားတဲ့ ဖူလီလိုက်လုပ်ငန်းစု ဥက္က၎ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဘီလီယံနာ ကိုးကန့်သူဌေးကြီးအကြောင်း

      တရုတ်နိုင်ငံထဲမှာ ပြီးခဲ့တဲ့တစ်ပတ်က အဖမ်းခံလိုက်ရတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ယောက်ထဲမှာ မြန်မာပြည်ရဲ့အချမ်းသာဆုံးထိပ်တန်းသူဌေးတွေထဲမှာပါပြီး လူသိနည်းတဲ့ သူဌေးကြီးတစ်ဦးလည်း ပါဝင်ပါတယ်။ ဦမောင်မောင် လို့ မြန်မာအမည်ပေးထားတဲ့ ကိုးကန့်လုပ်ငန်းရှင်ဟာ လောက်ကိုင်မြို့မှာ အချမ်းသာဆုံးဖြစ်တဲ့ Fully Light ဖူလီလိုက် ကုမ္ပဏီကို အစ်ကို ဖြစ်သူနဲ့အတူ ဦးစီးနေသူ ဖြစ်ပါတယ်။  ဖူလီလိုက်လုပ်ငန်းစုဟာလုပ်ငန်းအမျိုးအစားပေါင်း အနည်းဆုံး ၃၆ မျိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ဂဏန်းအထိ ရင်းနှီးမြှုပ်နှံထားပြီး သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုအတိုင်းအဆကို မမှန်းဆနိုင်ပါဘူး။ အခုတော့ လောက်ကိုင်မြို့တစ်ဘက်ခြမ်းက တရုတ်နိုင်ငံပိုင်နက်ထဲမှာ အဖမ်းခံရပြီးနောက် တစ်ပတ်ကြာတဲ့အထိ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းအစအနတောင်မရဘဲ ဖြစ်နေပါတယ်။ ဖူလီလိုက် အင်ပါယာ                                           ...

စစ်မှုထမ်းဥပဒေတွင် ဘွဲ့ရပညာတတ်များ တပ်ထဲ ကာလရှည်နေရန် ပြဋ္ဌာန်းထား

  ဘွဲ့ရ သို့မဟုတ် စက်မှုလက်မှုပညာတစ်ခုခု တတ်မြောက်ထားသူဖြစ်ပါက စစ်ကောင်စီတပ်ထဲတွင် အခြားသူများထက် အချိန်ကြာကြာပိုပြီး စစ်မှုထမ်းရနိုင်ခြေရှိသည်။ သင်သည် ဆရာဝန်၊ အင်ဂျင်နီယာ၊ ဘွဲ့ရ သို့မဟုတ် စက်မှုလက်မှုပညာတစ်ခုခု တတ်မြောက်ထားသူဖြစ်ပါက ကျွမ်းကျင်သူဟုသတ်မှတ်ပြီး စစ်ကောင်စီတပ်ထဲတွင် အခြားသူများထက် အချိန်ကြာကြာပိုပြီး စစ်မှုထမ်းရနိုင်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီ အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေတွင် တွေ့ရသည်။ အခြားသူများက ၂ နှစ်မှ ၅ နှစ်အထိ စစ်ကောင်စီတပ်ထဲ စစ်မှုထမ်းရမည်ဖြစ်သော်လည်း ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရပါက ၃ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်းရမည်ဟု ဆိုသည်။ ပုံမှန်အားဖြင့် စစ်မှုထမ်းကာလပြည့်ပြီးပါက နောက်တစ်ကြိမ် စစ်တပ်ထဲ ပြန်သွားရန် မလိုတော့သော်လည်း ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများကိုမူ “အရေးပေါ်ပြန်တမ်းဝင်အရာရှိ” အဖြစ် တပ်က ပြန်ခေါ်နိုင်သည်။ နောက်တစ်ကြိမ်ဆင့်ခေါ်မှုအတွက် အချိန်မည်မျှကြာကြာ စစ်တပ်ထဲထားမည်ဆိုသည်ကို သတ်မှတ်ထားခြင်း မရှိပေ။ ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ပြုလုပ်သည့် အာဏာသိမ်းမှုဆန့်ကျင်သည့် ...

ကျောက်တော်၌ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်း တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် အများအပြားသေဆုံး

   ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း၌ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်း တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် အများအပြားသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ်(၃)စင်းသည် စစ်တွေမြို့မှတစ်ဆင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ လုံခြုံရေးအဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့် နိုင်ငံ့ဝန်ထမ်းများကို စောင့်ဆိုင်းကယ်ထုတ်နေစဉ်အချိန်တွင် ရခိုင်လက်နက်ကိုင် AA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ “အကြီးက နှစ်စင်း၊ အသေးက တစ်စင်းပေါ့။ အဲဒီမှာ ကျားပိုက်တွေကို အောက်ခြေတစ်ကြောလုံးမှာ ချထားတာ။ ပြောရရင်တော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ဆွဲထားတာ။ ဒလက်တွေက အဲဒါတွေနဲ့ အကုန်ငြိကုန်တာ။ ပထမဆုံးက ကမ်းထိုးရေယာဉ်အကြီးတစ်စင်းနဲ့ ငြိပြီးတော့ သောင်တင်သွားတယ်။ အဲဒါမှာ အသေးတစ်စင်းနဲ့ အကြီးတစ်စင်းက သွားပြီးဆွဲတာ။ အဲဒီမှာ ဒရော့ဗုံးတွေနဲ့ တိုက်ခိုက်ခံရတာပေါ့။ ပြီးတော့ ကမ်းပေါ်ကို တက်ပြေးတဲ့သူတွေကို ဓါးနဲ့ ဝိုင်းခုတ်တာတွေ ဖြစ်တဲ့အချိန်မှာ တစ်ချို့ရေကူးတတ်တဲ့ (၄)၊(၅)၊(၁၀)ယောက်လောက်က မြစ်ကြောင်းအတိုင်းမျောပြီးတော့ ဆင်းသွားတဲ့အချိ...

ပဲခူးမြို့ပေါ် လူစည်ကားသည့် နေရာများအား ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည့် DSRB အမည်ခံ အဖွဲ့ဝင်များအား ၁၀၇ မမရှော့တိုက်ဒုံးများနှင့်အတူ ဖမ်းဆီးရမိ

                                                     ပဲခူးမြို့ပေါ် လူစည်ကားသည့် နေရာများအား ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည့် DSRB အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား ၁၀၇ မမရှော့တိုက်ဒုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။ အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းတည်ငြိမ်နေသည့် အခြေအနေမျိုးကို လက်မခံနိုင်ပဲ ယုတ်မာစွာဖောက်ခွဲဖျက်ဆီး ဖို့ ကြံနေတာပဲဖြစ်ပါတယ်။  Dark Side Revolution Burma-DSRB အမည်ခံအကြမ်းဖက်အဖွဲသည် အများပြည်သူများ ပျော်ရွှင်စွာကြည့်ရှုမည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမည့် ညတွင် ပဲခူးမြိုပေါ်ရှိ လူစည်ကားသည့် နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်...

ဘုရင့်နောင်ရဲ့ အင်ပါယာကြီး အချိန်တိုအတွင်း ပြိုကွဲခဲ့ရတဲ့ အကြောင်းများ

  ဘုရင့်နောင် သည် ဒုတိယ မြန်မာနိုင်ငံကို အောင်မြင်စွာ ထူထောင်ခဲ့ပြီး သူ၏ လက်ထက်တွင် မြန်မာနိုင်ငံသည် တန်ခိုးအထွားဆုံး အချိန်ဖြစ်ခဲ့သည်။ သို့သော် သူ့ကို ဆက်ခံသော သားတော် နန္ဒဘုရင် လက်ထက်တွင် မူ ဘုရင့်နောင် ၏ အင်ပါယာကြီးမှာ ပြိုကွဲပျက်စီး ခဲ့ရလေသည်။ ထိုမင်းသည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ်ချီစေခြင်းဖြင့် မိမိအင်အားကို ဖြုန်းပစ်ခြင်း ၊လက်အောက်ခံ ဘုရင်များကို နိုင်နင်းစွာ မထိမ်းသိမ်း နိုင်ခြင်း နှင့် ပြည်သူများအား စနစ်တကျ မအုပ်ချုပ်ခြင်း တို့ကြောင့် နိုင်ငံပြိုကွဲခဲ့ရခြင်း ဖြစ်သည်။ နန္ဒဘုရင် သည် ယောင်္ကျားများကို စစ်အခြေခံသင်တန်းပေးကာ လိုက်ပါအမှုထမ်းခိုင်းသည်။ မထမ်းချင်သော ယောင်္ကျားများက ရဟန်းဝတ်ကြလေသည်။ ဤသို့ဖြင့် ရဟန်းအရေအတွက်လည်း တိုးပွားလာရာ ၁၅၉၃ တွင် ရဟန်းစစ်များ နှင့် ရဟန်းတုများကို အမြန်စစ်ဆေးကာ အဓမ္မလူထွက်စေသည်။ ထို အထဲတွင် ရဟန်းအစစ်များလည်း ပါသွားခဲ့ရသည်။ နာမည်ကြီး ဘားမဲ့ ဆရာတော် နှင့် ဘားတမော့ ဆရာတော်များကိုလည်း မယုံကြည်သဖြင့် ပြည်သူများတားနေသည့်ကြားမှပင် ညောင်ရမ်းသို့ ပို့ဆောင်လိုက်လေသည်။ လက်အောက်ခံ နယ်စားများ ပုန်ကန်လျှင် ဗိုလ်မှူးတပ်မှူးများကို နှိမ်နင်းခိုင်း...

Click !