Skip to main content

Continue !

စစ်တပ်ကို တော်လှန်သူတစ်ဦးအဖြစ်ကနေ #သူလျှို ဖြစ်သွားတဲ့ လူတစ်ယောက်

 

စစ်တပ်သူလျှိုဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံလိုက်သူတစ်ဦး

ရန်ကုန်တွင် ဖမ်းဆီးခံရသူများထဲမှ တချို့သည် စစ်ထောက်လှမ်းရေး၏ ခြိမ်းခြောက်မှုကြောင့် ဆန္ဒပြသူများ၊ လက်နက်ကိုင်တိုက်ခိုက်သူများအကြောင်း စုံစမ်း၊ သတင်းပေးရသူများ ဖြစ်လာသည်။

ရန်ကုန်မြို့တစ်နေရာတွင် လူငယ်တစ်စုဗျာများနေသည်။ ၎င်းတို့ ငှားရမ်းနေထိုင်ရာအိမ်ကို စစ်တပ်က သိသွားသဖြင့် အခြားတစ်နေရာသို့ ချက်ချင်းပြောင်းရွှေ့ရတော့မည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အဖွဲ့ ၈ ခု ပေါင်းထားသည့် ရန်ကုန်အင်အားစုအဖွဲ့မှ လူငယ်များဖြစ်ရာ အာဏာသိမ်းစစ်တပ်က အလိုရှိနေသူများဖြစ်သည်။

#စစ်တပ်ထောက်လှမ်းရေး က ၎င်းတို့နေထိုင်ရာအိမ်ကို သိသွားပြီဆိုသောသတင်းကြောင့် တစ်ဖွဲ့လုံး ဗြောင်းဆန်သွားသည်။ ထိုထက် ခေါင်းမီးတောက်ရသည်မှာ အဖွဲ့ဝင်လူငယ်တစ်ဦးက စစ်တပ်သတင်းပေးအဖြစ် လုပ်ကိုင်နေသည်မှာ လနှင့်ချီရှိပြီဟု သိလိုက်ရခြင်းပင်။

ထိတ်ထိတ်ပျာပျာဖြင့် နေရာပြောင်းရန် စီစဉ်နေသည့် လူငယ်များအနက် စစ်တပ်က အလိုအရှိဆုံးမှာ အသက် ၂၈ နှစ်အရွယ် ကိုရဲညီထက် ဖြစ်သည်။ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုရဲညီထက်သည် ရန်ကုန်မြို့တွင် မကြာခဏပြုလုပ်လေ့ရှိသော စစ်ကောင်စီဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြမှုများတွင် မကြောက်မရွံ့ဦးဆောင်ပါဝင်လေ့ရှိသူဖြစ်ကာ ဖမ်းဆီးခံကျောင်းသားများအရေး ဆောင်ရွက်နေသူလည်းဖြစ်သည်။

ကိုရဲညီထက်တို့အဖွဲ့ အချိန်မီနေရာပြောင်းရွှေ့နိုင်ခြင်းမှာလည်း စစ်တပ်သတင်းပေးအဖြစ် လုပ်ကိုင်နေသူက သူ၏လျှို့ဝှက်ချက်ကို ဖွင့်ချဝန်ခံလိုက်ခြင်းကြောင့် ဖြစ်သည်။ နေရာပြောင်းပြီး ရက်ပိုင်းအကြာတွင် ၎င်းတို့နေထိုင်ခဲ့ရာအိမ်ကို စစ်သား ၅၀ ခန့် ဝင်ရောက်စီးနင်းသော်လည်း သပိတ်အဖွဲ့ဝင် လူငယ်များ အဖမ်းခံမရပေ။

ထိုဖြစ်ရပ်မှာ ဇန်နဝါရီလဆန်းပိုင်းက ရန်ကုန်မြို့တွင် ဖြစ်ပျက်ခဲ့ခြင်းပင်။ စစ်တပ်ထံမှ နောက်တစ်ကြိမ် လွတ်မြောက်လာပြီးနောက် သတင်းပေးလုပ်နေသူ လူငယ်က ဝန်ခံရင်း အကြောင်းစုံ ရှင်းပြသည်။

ဖြစ်ကြောင်းကုန်စင်သိရပြီးနောက် ထိုလူငယ်ကို နောက်တစ်ရက်တွင် လွတ်မြောက်ရာနယ်မြေသို့ ပို့လိုက်ကြသည်။ အဖွဲ့ထဲ စိမ့်ဝင်နေသည့် သတင်းပေးတစ်ယောက် ပေါ်သွားသော်လည်း ရတက်မအေးစရာများရှိနေဆဲပင်။ သတင်းပေးသူက စရဖဟု ခေါ်ကြသည့် #စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ကို ပြောက်ကျားသပိတ်အဖွဲ့ဝင် လူငယ်များအကြောင်း အစီရင်ခံထားပြီးဖြစ်သည်။

“ကျွန်တော့်နေရာကို စရဖတွေက သူ့ဆီကတစ်ဆင့် သိထားတယ်။ အဝင်အထွက်လုပ်တဲ့လူတွေကိုလည်း သိထားတယ်” ဟု ကိုရဲညီထက်က ဆိုသည်။

ရန်ကုန်မြို့ပေါ် ကုတ်ကတ်နေထိုင်ရင်း စစ်ကောင်စီကို တော်လှန်နေသည့် လူငယ်များအတွက် လုံးဝ အန္တရာယ်ကြီးနေသည့် အနေအထားဖြစ်သည်။ သပိတ်အင်အားစုများ စုစည်းထားသည့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အစည်းအဝေးမှတ်တမ်းတချို့ကိုပင် စစ်ထောက်လှမ်းရေးက ရရှိသွားပြီး သပိတ်အဖွဲ့ဝင် လူငယ်များနေထိုင်ရာအိမ်များကိုလည်း သိသွားသည်။

စစ်တပ်သတင်းပေး ဘယ်သူလဲ

အာဏာသိမ်းစစ်တပ်အတွက် တန်ပြန်ထောက်လှမ်းပေးနေသူမှာ သူရိန်*ဆိုသူဖြစ်သည်။ အသားလတ်လတ် ဆံပင်ထူထူ၊ မျက်ခုံမွေးထူထူ၊ သွယ်လျသော ခန္ဓာကိုယ်နှင့် အသက် ၂၃ နှစ်အရွယ်သာ ရှိသေးသည့် လူငယ်လေးသည် အဖမ်းခံရပြီးနောက် စစ်တပ်က သူ့ကို ထောင်မချဘဲ စည်းရုံးသိမ်းသွင်းခဲ့သည်။

အာဏာသိမ်းပြီးစက ဆန္ဒပြပွဲများတွင် သူရိန်နှင့် ဆုံဖူးကြောင်း၊ ဆန္ဒပြပွဲများငြိမ်သွားချိန်တွင် သူရိန်က လူမှုကွန်ရက်မှနေ၍ စစ်တပ်မုန်းတီးရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး အကြောင်းအရာများ အမြဲရေးတင်လေ့ရှိကာ နောက်ပိုင်း၌ မြို့ပြပြောက်ကျား တော်လှန်ရေးလှုပ်ရှားမှုများ၌ ပါဝင်ခဲ့ကြောင်း ကိုရဲညီထက်က ဆိုသည်။

၂၀၂၂ ခုနှစ်အတွင်းက ရဲညီထက်ဦးဆောင်ခဲ့သော ရန်ကုန်မြို့တစ်နေရာမှ စစ်အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတစ်ခု။

၂၀၂၃ ခုနှစ် မတ်လအတွင်း လူချင်းတွေ့ဆုံစဉ် သူရိန်က ပြောက်ကျားတော်လှန်ရေး မလုပ်တော့သော်လည်း သပိတ်လှုပ်ရှားမှုများအတွက် လိုအပ်ပါက ခေါ်ရန် ပြောခဲ့သည်။ ထိုအချိန်က စစ်တပ်သတင်းပေးမဖြစ်သေးပေ။

မည်သည့်အချိန်က အဖမ်းခံရသည်၊ မည်မျှကြာကြာ သတင်းပေးလုပ်ခဲ့သည်ကို  လွတ်မြောက်ရာနယ်မြေ ရောက်နေသူ ကိုသူရိန်က တိတိပပထုတ်မပြောပေ။ စစ်တပ်သတင်းပေးဖြစ်နေသည်မှာ သုံးလခန့် ရှိပြီဟု သူက ဆိုသော်လည်း သပိတ်အဖွဲ့ဝင်လူငယ်များကမူ လွန်ခဲ့သည့်နှစ် မေလခန့်ကတည်းက ဖြစ်သည်ဟု ဆိုသည်။

“သူပြောတဲ့အဖြစ်အပျက်တချို့က မေလလောက်မှာ ဖြစ်ခဲ့တာ” ဟု တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ဟောင်းများ အင်အားစုမှ ကိုဇေယျာဖြိုး*က ထောက်ပြသည်။

သူလျှိုဖြစ်ခြင်းအစ 

စိတ်တူကိုယ်တူ သူငယ်ချင်းများနှင့်အတူ မြို့ပြပြောက်ကျားအဖွဲ့တစ်ခု သီးခြားဖွဲ့ရန် ပြင်ဆင်နေစဉ် ကိုသူရိန် အဖမ်းခံရသည်။ တာမွေမြို့နယ်မှ နေအိမ်တစ်လုံးတွင် ရှိနေစဉ် အရပ်ဝတ်လူတချို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။ 

စစ်ကြောင်းရေးအစပိုင်း၌ ရိုက်နှက်စစ်ဆေးခံရသော်လည်း တပ်ထဲရှိ အရာရှိတချို့မှတစ်ဆင့် ပြန်လွတ်ရန် ကြိုးစားရင်း အခြေအနေပြောင်းသွားသည်။

“ရင်းနှီးတဲ့လူတစ်ယောက် ကြားခံရှိတော့ ဗိုလ်မှူးဆိုတဲ့တစ်ယောက်က ခေါ်ညှိတယ်။ ဒီလိုလုပ်ပေးရမယ်၊ နိုင်ငံရေးလောကထဲထည့်မယ်၊ နေရာတစ်ခုရအောင် နောက်ကနေ အကုန်ပံ့ပိုးပေးမယ်၊ ဦးဆောင်နိုင်အောင် လုပ်ပေးမယ်” ဟု စစ်တပ်က စစည်းရုံးခဲ့ပုံကို ကိုသူရိန်က ရှင်းပြသည်။

နိုင်ငံတော်ကို သစ္စာမဖောက်ပါက “အားလုံး မင်းအတွက် ဖြစ်စေရမယ်” ဟု ပြောဆိုစည်းရုံးရင်း စစ်တပ်အရာရှိက မုန့်ဖိုးငွေငါးသောင်းထုတ်ပေးသည်။ စစ်တပ်နှင့် သဘောတူညီမှုယူရန် ကိုသူရိန်ဆုံး ဖြတ်လိုက်သည်။ သဘောကောင်းသည့် ဗိုလ်မှူးကို ကိုယ့်ဘက်ပါအောင် ပြန်စည်းရုံးနိုင်ပါက တော်လှန်ရေးအတွက် အကျိုးရှိလိမ့်မည်ဟု ယူဆသည်။

ကိုသူရိန်ဖွဲ့ချင်သည့် ကိုယ်ပိုင်မြို့ပြပြောက်ကျားအဖွဲ့အတွက် လိုအပ်သည့် လူအင်အား၊ လက်နက်ခဲယမ်းနှင့် ငွေကြေး ထောက်ပံ့မည်ဟုလည်း စစ်တပ်က မက်လုံးပေးသည်။ သူ့ဘက်က လုပ်ပေးရမည်မှာ ရန်ကုန်မြို့ပေါ်၌ လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်ကာ ဦးဆောင်သူများ၊ ၎င်းတို့၏ ဖုံးနံပါတ်များနှင့် သုံးစွဲနေသည့် ဘဏ်စာရင်းများကို စုံစမ်းပေးရမည်ဖြစ်သည်။

ရန်ကုန်တွင် မည်သည့်ပြောက်ကျားအဖွဲ့က မည်သည့်နေ့တွင် စစ်ဆင်ရေးရှိသည်ကို သူက စုံစမ်း အသိပေးရမည်ဖြစ်သည်၊ သူ့ထံမှ ကြိုသိရလျှင် တိုက်ခိုက်သူများကို လိုက်လံဖမ်းဆီးမည်မဟုတ်ဟု စစ်တပ်အရာရှိက စည်းရုံးကမ်းလှမ်းသည်။ ကိုသူရိန်ပါသည့် တချို့သော လှုပ်ရှားမှုများကို စစ်တပ်က တမင်တကာ မဖမ်းဘဲ လွှတ်ထားပေးသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့များအကြောင်း သူလျှိုလုပ်ခိုင်းရန်သာ စစ်တပ်က ရည်ရွယ်ထားသည်။ တစ်နည်း ကြိုးရှည်ရှည်နှင့် လှန်ထားခြင်းလည်းဖြစ်သည်။ တစ်နေ့ စစ်တပ်အရာရှိနှင့် စကားပြောနေစဉ် ကိုသူရိန်ထံ ရဲညီထက်ဆီမှ ဖုန်းဝင်လာရာ ဆန္ဒပြသပိတ်အဖွဲ့များအကြောင်း မဖြစ်မနေထောက်လှမ်းခိုင်းတော့သည်။

“သူတို့အလိုရှိဆုံးထဲက တစ်ယောက်က ကျွန်တော်နဲ့ ရင်းနှီးနေတာ သိသွားတော့ ငြင်းမရတော့ဘူး။ မင်း မြေပေါ် (သပိတ်) အဖွဲ့က လူတွေနဲ့ သိတယ်ဆို ရအောင်တိုး” ဟု စစ်တပ်အရာရှိက ဖိအားပေးခဲ့ကြောင်း ကိုသူရိန်က ပြောသည်။

ပထမဦးဆုံးအနေဖြင့် ရဲညီထက် ငှားနေသည့် အိမ်ကို လိုက်ပြလိုက်ရသည်။ လွန်ခဲ့သည့် နိုဝင်ဘာလအတွင်း ရန်ကင်း၊ သင်္ဃန်းကျွန်းနှင့် တောင်ဥက္လာပမြို့နယ်များတွင် စစ်တပ်လက်နက်ချရန် နှိုးဆော်သည့် စာရွက်များဖြန့်ဝေရန် ရဲညီထက်ထံ သွားယူရင်း နေအိမ်ကို သိရှိခဲ့ခြင်းဖြစ်သည်။

စစ်တပ်က အဓိက ဖမ်းဆီးလိုသူတစ်ဦးမှာ ကိုနန်းလင်း ဖြစ်သည်။

“အဓိက ကိုနန်းလင်းနေရာက သူတို့အတွက် ဦးစားပေးပဲ။ ရဲညီထက်ကလည်း နန်းလင်းနဲ့ တွဲလုပ်နေတာ သိတော့ ကျွန်တော်ကလည်း အဲဒီနှစ်ယောက်ထဲက တစ်ယောက်နဲ့ သိနေတော့ သူတို့နေရာ (လိပ်စာ) ရအောင် လုပ်ပေးဖို့ပြောတယ်” ဟု သူရိန်က ပြောသည်။

၂၀၂၃ အောက်တိုဘာမှစ၍ ရဲညီထက်တို့နှင့် အဆက်အသွယ်လုပ်ပြီး သပိတ်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်ဟု ကိုသူရိန်က ဆိုသည်။  

ကိုသူရိန်မှတစ်ဆင့် အိမ်တချို့ကို သိပြီးဖြစ်သော်လည်း စစ်တပ်က ဝင်မဖမ်းပေ။

စစ်တပ်၏ အစီအစဉ်မှာ ရန်ကုန်မြို့ရှိ ဆန္ဒပြသပိတ်ဦးဆောင်သူများကို ဖမ်းမိရေးဖြစ်သည်။ တစ်ဦးစ နှစ်ဦးစ သိနေသည့်တိုင် မဖမ်းသေးဘဲ အဓိကခေါင်းဆောင်များကို ဖမ်းပြီးသောအခါ သူရိန်ကဲ့သို့သော သတင်းပေးလူငယ်များကို ထည့်ပြီး အဖွဲ့ကိုဦးဆောင်စေလျက် ထိန်းချုပ်မည်ဖြစ်သည်။

သို့သော် ကိုနန်းလင်း၏ တည်နေရာကို သူမစုံစမ်းနိုင်ခဲ့ပေ။ ထို့ပြင် သူ့အနေဖြင့် ရန်ကုန်အင်အားစုအဖွဲ့ ခေါင်းဆောင်များ၏ အစည်းအဝေးကိုလည်း တက်ခွင့်မရဟု ကိုသူရိန်က ဆိုသည်။

စစ်တပ်ကို သတင်းပို့ရပုံ

ရန်ကုန်မြို့လယ် ပန်းဆိုးတန်းခုံးတံတားတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ က ကိုသူရိန်ပါဝင်ခဲ့သည့် PDF အလံချိတ်သည့်လှုပ်ရှားမှု။

လူကိုယ်တိုင် သတင်းသွားပို့ရသည့် နေရာတစ်ခုမှာ အလုံမြို့နယ်အတွင်းရှိ ထိုင်းသံရုံးနှင့် မျက်နှာချင်းဆိုင်မှ စစ်တပ်ဝင်းဖြစ်သည်ဟု ကိုသူရိန်က ဆိုသည်။ ထိုနေရာသို့ သုံးကြိမ်တိုင် သွားခဲ့ရပြီး နောက်ထပ် လူကိုယ်တိုင် သတင်းသွားပို့ရသည့် နေရာမှာ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပမြို့နယ်ကြား သံသုမ္မာလမ်းပေါ်ရှိ အမှတ် ၄၃၅ နှင့် ၄၃၆ တပ်ရင်း စခန်းများဖြစ်သည်။

သံသုမ္မာလမ်းပေါ်ရှိ ထိုနေရာသို့ သတင်းသွားပို့ပါက အနီးရှိ ဘုန်းကြီးကျောင်းရှေ့မှ စောင့်နေရသည်။ ရောက်နေပြီဖြစ်ကြောင်း သတင်းပို့လိုက်ပါက အိမ်သုံးကားဖြင့် လာခေါ်သည်။ ထိုတပ်ဝင်းအတွင်း ၎င်းနှင့်ရွယ်တူ သတင်းပေးလူငယ်တစ်ဦး တွေ့ဖူးသည်ဟု ကိုသူရိန်က ဆိုသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှ ပြန်လာသည့် ထိုလူငယ်ကို စစ်တပ်က တော်လှန်ရေးအင်းအားစုအတွင်း ပြန်ထည့်ထားသည်ဟု ကြားမိခဲ့ကြောင်းလည်း ကိုသူရိန်က ပြောသည်။

“သူကတော့ အဲဒီမှာ နေနေလို့ သိတာ။ ကျန်တဲ့လူတွေတော့ ကျွန်တော်တို့ချင်း ပေးမတွေ့ဘူး။ သတင်းသွားပို့ရင်တောင် တွေ့အောင် စီစဉ်မထားဘူး။ ဒီထဲမှာ (တော်လှန်ရေးအင်အားစုထဲမှာ) စိမ့်ဝင်နေတဲ့ လူတွေ ရှိပါတယ်” ဟု ကိုသူရိန်က ဆိုသည်။

ငါးရက်ခြားတစ်ကြိမ် လူကိုယ်တိုင်း သတင်းသွားပေးရသည်ဟု ကိုသူရိန်က ပြောသည်။ ဗိုလ်ကြီးပြည့်စုံကောင်းဆိုသူက ဖုန်းတစ်လုံးပေးထားပြီး ဖုန်းဆက်ပြောသည့်အခါပြောပြီး Telegram မှနေ၍ စာပို့လေ့ရှိသည်ဟုလည်း ဆိုသည်။

“ဘာထူးလဲ ညီလေးဆိုပြီး နေ့တိုင်းမေးတယ်” ဟု သူက ဆိုသည်။

ကိုသူရိန်ကို စစ်တပ်ဖမ်းခေါ်သွားပြီး ရိုက်နှက်စစ်ဆေးသည့်နေရာ
ကိုသူရိန် သတင်းသွားပို့ရသည့် ၄၃၅၊ ၄၃၆ တပ်ဝင်းနေရာ

ဗိုလ်ကြီးပြည့်စုံကောင်းက ၎င်းကို တိုက်ရိုက်ကြီးကြပ်သည်ဟု ကိုသူရိန်က ပြောသည်။ အသက် ၃၀ ခန့်ရှိ ထိုစစ်တပ်အရာရှိမှာ နောက်ပိုင်းတွင် ကိုသူရိန်၏အိမ်ကို လူကိုယ်တိုင်ရောက်လာတတ်ပြီး မိသားစုဝင်များရှေ့တွင် ငယ်ပေါင်းကြီးဖော်ပမာ ဆက်ဆံပြလေ့ရှိသည်။ တစ်ခါတရံ သူမရှိသည့်အချိန်များ၌ပင် အိမ်ရောက်နေတတ်သည်ဟု ကိုသူရိန်က ဆိုသည်။

ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးလျှင် ကိုင်တွယ်ရသည့် သတင်းပေးအရေအတွက် ၅ ဦးခန့်အထိ ရှိနိုင်သည်ဟု သိရသည်။ အသည်းအသန် ဖမ်းလိုသူများထဲမှ ကိုရဲညီထက်၏နေရာကို ပြထားပြီးဖြစ်၍ ကိုသူရိန်မှာ စစ်ထောက်လှမ်းရေး၏ ယုံကြည်မှုကို အထိုက်အလျောက်ရရှိထားသည်။

စစ်တပ်သူလျှိုဖြစ်နေကြောင်း ထုတ်ဖော်ဝန်ခံခြင်း

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ၄၀ ဈေးအတွင်း သပိတ်ခေါင်းဆောင်က အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ရန် ဟောပြောခဲ့စဉ်။

နိုဝင်ဘာ ၂၅ ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ၄၀ ဈေးအတွင်း ပြောက်ကျားသပိတ်ခေါင်းဆောင် ကိုနန်းလင်းက အာဏာသိမ်းစစ်တပ်ကို ဆက်လက်ဆန့်ကျင်ကြရန် ဟောပြောရင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပေါ်ပေါ်တင်တင်ပြုလုပ်ခဲ့သည်။ ကိုနန်းလင်း၏ ထိုလှုပ်ရှားမှုအကြောင်း သတင်းဓာတ်ပုံများကို အွန်လိုင်းသတင်းစာမျက်နှာများတွင် ဖော်ပြခဲ့ကြသည်။

ထိုပြောက်ကျားသပိတ်တွင် ၎င်းကိုယ်တိုင်ပါဝင်ခဲ့သည်ဟု ကိုသူရိန်က ဆိုသည်။ လူစည်ကားရာဈေးအတွင်း ထိုသို့ပြုလုပ်သွားခြင်းက အာဏာသိမ်းစစ်တပ်ကို ခံရက်ခက်စေသည်။ နောက်တစ်ရက်တွင် စစ်တပ်က ဈေးကို သွားရောက်ဖျက်ဆီးကာ ဈေးသူဈေးသားများကို ခြိမ်းခြောက်သည်။

တကသကျောင်းသားဟောင်းများအင်အားစုမှ ကိုနန်းလင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောလှုပ်ရှားရာ၌ မျက်နှာကို ကွယ်ဝှက်ခြင်းမပြုဘဲ ပေါ်ပေါ်တင်တင်ပြုလုပ်လေ့ရှိသည်။ ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများတွင် ထိုသို့မကြာခဏလုပ်နေခြင်းက စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို နားရွက်တံတွေးဆွတ်သည့်နှယ်ဖြစ်နေသည်။

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးရမိသည့် တော်လှန်ရေးလူငယ်များကို အသုံးချကာတစ်မျိုး၊ အခြားသောနည်းလမ်းများနှင့်တစ်ဖုံ သဲကြီးမဲကြီးလိုက်ဖမ်းနေသော်လည်း သပိတ်ခေါင်းဆောင် ကိုနန်းလင်းမှာ ယနေ့အချိန်ထိ လွတ်မြောက်နေဆဲဖြစ်သည်။

မြောက်ဒဂုံမှ ၄၀ ဈေးလှုပ်ရှားမှုအပြီးတွင် ကိုနန်းလင်းကို ဖမ်းဆီးရမိရေး စစ်တပ်က ပိုအာရုံစိုက်လာသည်။ ကိုသူရိန်ကိုလည်း တိုက်ရိုက်ဖိအားပေးလာသည်။

“ပုံမှန်ဆို ညီလေး ဘာထူးလဲပဲ ဖုန်းဆက်မေးတာ” ဟု ကိုသူရိန်က ပြောသည်။

လအတန်ကြာပြီးနောက် ကိုသူရိန်ကို စစ်တပ်က တစ်ကျော့ပြန်ဖမ်းခဲ့သည်။ လွတ်လပ်ရေးနေ့ဖြစ်သော လွန်ခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့ ညနေပိုင်းက ကိုသူရိန်မှာ သူငယ်ချင်းများနှင့်အတူ အပြင်ပြန်လာရင်း လမ်းထိပ်၌ ဈေးဝယ်ကျန်ရစ်ခဲ့သည်။ ထိုစဉ် အရပ်ဝတ်စစ်သားများ ရောက်လာကာ ဖမ်းသွားသည်။

စစ်တပ်သတင်းပေးဖြစ်နေလင့်ကစား ကိုသူရိန်မှာ အဖမ်းခံရပြီး အရိုက်ပါခံရသည်။ အတန်ကြာရိုက်နှက်ပြီးနောက်  သပိတ်ခေါင်းဆောင် ကိုနန်းလင်း ရှိနိုင်မည့်နေရာကို မရအရ စုံစမ်းပေးရမည်ဟု ပြောဆိုကာ ပြန်လွှတ်ပေးလိုက်သည်။

“နှစ်ပတ်အတွင်း မပြောနိုင်ရင် မင်းကို အပြတ်ရှင်းမယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်” ဟု ကိုသူရိန်က ပြောပြသည်။

ည ၁၀ နာရီခွဲခန့်အချိန်တွင် ကိုသူရိန်ပြန်လွတ်လာသည်။ လွတ်လွတ်ချင်း ကိုရဲညီထက်ကို လှမ်းဆက်သွယ်ကာ အိမ်ပြန်ရောက်ပြီဖြစ်ကြောင်း ပြောလိုက်သည်။ အချိန်ကြာကြာပျောက်နေခြင်းအားဖြင့် အဖမ်းခံရသည်ကို ကျန်သပိတ်အဖွဲ့လူငယ်များ ရိပ်မိသွားမှာစိုးရိမ်သည့်အတွက်ဖြစ်သည်။

နောက်တစ်နေ့ နံနက်တွင် စစ်တပ်က ကိုသူရိန်ကို ပြန်ခေါ်ပြီး ရဲညီထက်သုံးနေသည့် K-Pay နံပါတ်ပေးရန် ပြောလေသည်။ ထိုညနေပိုင်း စစ်တပ်လက်မှ ပြန်လွတ်လာချိန် ရဲညီထက်ကို ဆက်သွယ်ပြီး သုံးစရာမရှိ၍ မုန့်ဖိုးလွှဲပေးရန် ပြောသည်။ ညပိုင်းတွင် ရဲညီထက်တို့နှင့် ဆုံဖြစ်သည်။

စစ်တပ်ကို သတင်းပေးနေကြောင်း ကိုသူရိန်ဝန်ခံလိုက်သည်။

ခေတ္တအဖမ်းခံရသည်ကို မသိစေချင်သဖြင့် အတူနေသပိတ်အဖွဲ့ဝင် လူငယ်နှစ်ဦးကို ပြန်တွေ့စဉ် အသိမိတ်ဆွေတစ်ဦးနှင့် သွားသောက်နေခြင်းဖြစ်သည်ဟု လိမ်လည်ပြောဆိုသည်။ သို့သော် သပိတ်အင်အားစုများအပေါ် သစ္စာဖောက်နေရသည်ကို သူ့စိတ်မလုံတော့ပေ။ အာဏာသိမ်းစစ်တပ်အတွက် သူလျှိုလုပ်ပေးနေသည်မှာ ကြာပြီဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံရန် ဆုံးဖြတ်လိုက်တော့သည်။

“ဘာလို့ စောစီးကြိုမပြောလဲဆို ကျွန်တော့်လိုအပ်ချက်ပေါ့။ (စစ်တပ်ကို) ကိုင်တွယ်နိုင်မယ်ထင်တာရယ်၊ ထုတ်ပြောလိုက်ရင် ငါ့ကို ဘယ်လိုထင်ကုန်ကြမလဲဆိုတဲ့ စိတ်ကြောင့် မပြောဖြစ်ခဲ့တာ” ဟု ကိုသူရိန်က ဖွင့်ဟသည်။

ကိုသူရိန်ကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ဝန်ခံပြောဆိုသည်ကို စစ်အာဏာရှင်တော်လှန်ရေး သပိတ်အဖွဲ့ဝင် လူငယ်များက ကြိုဆိုကြသည်။ လုပ်ငန်းပိုင်းအရ ဆက်လက်တွဲရန်ဆိုသည်ထက် လတ်တလော စစ်တပ်ရန်မှ လွတ်မြောက်ရန် စီစဉ်ပေးကြသည်။ 

“ဆက်ပြီးအလုပ်တွဲလုပ်တာ မလုပ်တာတစ်ပိုင်း။ စစ်တပ်ရဲ့ အန္တရာယ်က ရှောင်လို့ရအောင် သူ့ကို လုံခြုံတဲ့နေရာ ပို့ပေးဖို့ ကူညီဖို့လိုတယ်” ဟု သပိတ်အဖွဲ့ဝင် လူငယ်တစ်ဦးဖြစ်သည့် ကိုဇေယျာဖြိုးက ပြောသည်။

ဗိုလ်ကြီးဆိုသည့် စစ်တပ်အရာရှိက ကိုသူရိန်အိမ်ကိုပင် အဝင်အထွက်ပြုနေသည်ဖြစ်ရာ အန္တရာယ်က နီးကပ်နေသည်။ ဇန်နဝါရီ ၆ ရက်နေ့ ပြန်တွေ့ရန်လည်း စစ်တပ်က ပြန်ခေါ်ထားသည်။

ထို့ကြောင့် သပိတ်အဖွဲ့ဝင်များက ညတွင်းချင်း ကားစီစဉ်ကာ ကိုသူရိန်ကို လွတ်မြောက်နယ်မြေပို့လိုက်ကြသည်။ 

ကိုယ့်လူသူ့ဘက်သား

တော်လှန်ရေးအဖွဲ့ဝင် လူငယ်များအနက် အဖမ်းခံရပြီးနောက် စစ်တပ်သတင်းပေးဖြစ်သွားသည်မှာ ကိုသူရိန်တစ်ဦးတည်း မဟုတ်ပေ။ စစ်တပ်က တန်ပြန်ထောက်လှမ်းခိုင်းခံရသူများတွင် အသက်ငယ်ငယ်ရွယ်ရွယ် မိန်းကလေးများပင် ပါဝင်နေသည်ဟု အသက် ၂၄ နှစ်အရွယ် PDF သင်တန်းဆင်း ကိုသိန်းဇော်* ဆိုသူက ပြောသည်။

လွတ်မြောက်နယ်မြေတစ်ခုတွင် စစ်သင်တန်းတက်ခဲ့ပြီးနောက် ၂၀၂၁ စက်တင်ဘာလအတွင်းက ရန်ကုန်ခေတ္တပြန်ရောက်လာချိန် ပြန်ဆုံဖြစ်ခဲ့သည့် အသိမိတ်ဆွေ မိန်းကလေးတစ်ဦးမှာ သတင်းပေးဖြစ်နေကြောင်း နောင်မှ သိခဲ့ရသည်ဟု ကိုသိန်းဇော်က ဆိုသည်။

မြေနီကုန်းရှိ ဆိုင်တစ်ဆိုင်၌ သူငယ်ချင်းမိတ်ဆွေများနှင့် ပြန်ဆုံစဉ် ချယ်ရီ* ဆိုသော ထိုမိန်းကလေးက စစ်ကိုင်းတိုင်းဘက်ကို သွားပါက သူ့ကို ခေါ်သွားပေးရန် မေတ္တာရပ်ခံခဲ့သည်။ ထိုညက ကိုသိန်းဇော်နှင့် ဆုံဖြစ်ခဲ့သည့် အခြားလူငယ်များအနက် သုံးဦးမှာ ခရီးပြန်မထွက်မီ မချယ်ရီ စီစဉ်ပေးသည့် နေရာသွားစဉ် အဖမ်းခံလိုက်ရသည်။ ထို့နောက် လူငယ်လေးဦး ထပ်အဖမ်းခံရသည်။ ထိုအချိန်ထိ မချယ်ရီနှင့်ပတ်သက်၍ ကိုသိန်းဇော် သံသယမဝင်သေးပေ။

ကိုသိန်းဇော် စစ်ကိုင်းပြန်မည့်နေ့တွင် အတူလိုက်မည်ပြောကာ မချယ်ရီက ဘယ်နေရာလာရမလဲဟု ဖုန်းဆက်ချိန်းသဖြင့် သူနေရာအနီး လမ်းထိပ်မှာ တွေ့မည်ဟု ပြန်ပြောလိုက်သည်။ လမ်းထိပ်အရောက်တွင် ကိုသိန်းဇော်ကို မချယ်ရီက မပြောမဆိုပြေးဖက်လိုက်သည်။

“ကိုကြီး သမီးတောင်းပန်ပါတယ်” ဆိုပြီး မချယ်ရီက ပြေးဖက်လိုက်ချိန်တွင် လမ်းထိပ်ကယ်ရီဂိတ်တွင် တွေ့ခဲ့သည့် ခပ်နွမ်းနွမ်းပုံ အမျိုးသားက ကိုသိန်းဇော်ခေါင်းကို သေနတ်ဖြင့် ထိုးချိန်လိုက်သည်။ ကိုသိန်းဇော်နှင့်အတူ မချယ်ရီလည်း အဖမ်းခံရသည်။

သို့သော် စစ်ကြောရေးအရောက်တွင် မချယ်ရီ ပါမလာတော့ပေ။ ထို့နောက်တွင် ကိုသိန်းဇော်လည်း နာမည်ကျော်အင်းစိန်ထောင်ရောက်သွားသည်။ နောက်ပိုင်း ထောင်ထဲ ရောက်လာသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်များနှင့် ဆုံတွေ့စဉ် မချယ်ရီနှင့်ပတ်သက်ပြီး အကွက်ဆင်အဖမ်းခံရခြင်းဖြစ်ကြောင်း ကိုသိန်းဇော် နားလည်သဘောပေါက်သွားသည်။ နာမည်ကွဲသော်လည်း ပုံပန်းသဏ္ဌာန်နှင့် အကျင့်စရိုက်အရ သူတို့ကို ထောင်ထဲပို့သူမှာ မချယ်ရီပင်ဖြစ်နေသည်။

“အင်းစိန်မှာ ၂၀ ကျော်။ ကျွန်တော်တို့အဖွဲ့က ၁၀ ယောက်ကျော်၊ အခြားအဖွဲ့က ၄၀ ကျော်လောက်ရှိတယ်။ ကျွန်တော်သိတဲ့လူချည်းပဲ။ တစ်ခုတော့ ရှိတာပေါ့။ တစ်ယောက်မိလို့ ဖော်ရင် အယောက် ၂၀ လောက် ပါကုန်တာပေါ့” ဟု ကိုသိန်းဇော်က ရှင်းပြသည်။

ငယ်ရွယ်ပြီး ချောမောလှပသူ မချယ်ရီမှာ တော်လှန်ရေးအဖွဲ့ဝင် လူငယ်များနှင့် အရောတဝင်ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်အတွက် တန်ပြန်ထောက်လှမ်းပေးနေခြင်းဖြစ်သည်။

မချယ်ရီကြောင့် မြို့ပြပြောက်ကျားအဖွဲ့ဝင် ၇၀ ကျော် အဖမ်းခံရသည်ဟု ကိုသိန်းဇော် ခန့်မှန်းသည်။ ၎င်းနှင့် ရင်းနှီးသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်တချို့မှာ မချယ်ရီက တိုက်ခန်းတွင် ခဏလာရှောင်ချင်သည်ဟု ပြောဆိုပြီးနောက် စစ်တပ်က ဝိုင်းဖမ်းတာ ခံရသည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးထောင်ချခံရပြီးနောက် ၂၀၂၃ ခုနှစ် မေလတွင် ကိုသိန်းဇော် လွတ်ငြိမ်းဖြင့် အင်းစိန်ထောင်မှပြန်လည်လွတ်မြောက်လာသည်။

စစ်တပ်က ဖမ်းဆီးရမိသည့်လူငယ်များထဲမှ အများအပြားကို အကျပ်ကိုင်ခြိမ်းခြောက်ခြင်း၊ စည်းရုံး သိမ်းသွင်းခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် အသုံးချနေဆဲဖြစ်သည်။ တော်လှန်ရေးအဖွဲ့များအတွင်း စိမ့်ဝင်နေသော စစ်တပ်သတင်းပေးတချို့ကြောင့် အဖမ်းခံရသည့်ဖြစ်စဉ်များစွာရှိသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်စွဲဖြင့် စရဖ၏ အစီရင်စာတစ်စောင်နှင့် အသံဖိုင် ပေါက်ကြားခဲ့ဖူးသည်။ မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ၆ ဦးကို ဖမ်းပြီးနောက် တန်ပြန်သူလျှိုလုပ်ခိုင်းကာ ပြောက်ကျားတပ်ဖွဲ့ဝင် ၆၄ ဦးနှင့် လက် နက်ခဲယမ်းမျိုးစုံ ဖမ်းဆီးနိုင်ခဲ့ကြောင်း အထက်ကို အစီရင်ခံ တင်ပြထားသည်။

ထိုအစီရင်ခံစာအရ ၂၀၂၁ နိုဝင်ဘာ ၁၀ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် ဗားကရာလမ်းရှိ စစ်တပ်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်သည့် Special Operation Force (SOF) မှ အဖွဲ့ဝင် ၄၇ ဦး အဖမ်းခံရပြီးနောက် အသွင်ယူသတင်းရယူသည့်နည်းလမ်းကို စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် အသုံးချခဲ့ခြင်းပင်။

ပေါက်ကြားလာသည့် ထိုအစီရင်ခံစာပါ အချက်အလက်အားလုံး မှန်ကန်သည်ဟု အတည်မပြုနိုင်သော်လည်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် လူငယ်အများစု အဖမ်းခံရသည့်ပုံစံမှာ ထပ်တူနီးပါးပင်။

ရန်ကုန်၌ မြို့ပြပြောက်ကျားတော်လှန်ရေးကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ဦးဖြိုးဇေယျာသော်၏ လက်အောက်တွင် အလုပ်လုပ်နေသည့် လူငယ်တစ်ဦးကို ဖမ်းမိပြီးနောက် စစ်တပ်က လူအများအပြားကို ဖမ်းဆီးနိုင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၇ ဦး စုစုပေါင်း ၅၀ ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိသည်ဟု စစ်တပ်က ၂၀၂၁ နိုဝင်ဘာတွင် ထုတ်ပြန်ခဲ့သည်။

လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည် ဦးဂျင်မီတို့အပါအဝင် လှိုင်သာယာမြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သူနှစ်ဦးကို စစ်တပ်က အင်းစိန်ထောင်၌ ကြိုးပေးကွပ်မျက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်က လူငယ်များကို အမျိုးမျိုးအကျပ်ကိုင်ပြီး တော်လှန်ရေးအဖွဲ့များအတွင်း ထိုးဖောက်ဝင်ရောက်နေသည်ဟု ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဦးဆောင်ပြုလုပ်နေသူ ကိုနန်းလင်းက ဆိုသည်။ 

“သပိတ်နဲ့ မြေပြင်လှုပ်ရှားမှုရှိတဲ့နေ့တွေဆို ကျွန်တော့်အတွက် ဒါနောက်ဆုံးနေ့ပဲလို့ စိတ်ပိုင်းဖြတ်ပြီး လမ်းပေါ်တက်ကြ၊ လုပ်ကြတာချည်းပဲ အားလုံး” ဟုလည်း ၎င်းက မှတ်ချက်ပေးသည်။

စစ်တပ်သူလျှိုအဖြစ် မရွေးချယ်ခဲ့သော်လည်း

စစ်တပ်က လက်ရဖမ်းဆီးပြီး တန်ပြန်ထောက်လှမ်းရေးလုပ်ခိုင်းသည့် အသက် ၂၀ ကျော် လူငယ်များမှာ တော်လှန်ရေးနှင့်ပတ်သက်၍ စိတ်ခုနေကြသူများသည်ဟု ကိုသူရိန်က ဖွင့်ဟသည်။

“အကြောင်းရင်းတော့ မသိဘူး။ အမြင်မကြည်တဲ့အပိုင်းတွေတော့ ရှိကြတယ်ဗျ”

စစ်တပ်သူလျှိုဖြစ်သွားသူများတွင် ငွေကြေးဖြင့် မက်လုံးပေးစည်းရုံးသိမ်းသွင်းခံရသူများ ရှိနိုင်သည့်နည်းတူ တော်လှန်ရေးကို စိတ်နာနေသည့်အတွက် လုပ်နေသူများလည်း ရှိနိုင်သည်ဟု ကိုသူရိန်က သုံးသပ်သည်။ လူငယ်များ တော်လှန်ရေးကို မုန်းသွားမှာ မလိုလားဟုလည်း ဆိုသည်။

စစ်တပ်လက်အောက်တွင် တန်ပြန်သတင်းပေးအဖြစ် အမွေးခံရသည့် လူငယ်များမှာ နိုင်ငံရေးလုပ်ရင်း လူမသိသူမသိ အဖမ်းခံရသူများဖြစ်သည်ဟု ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်တွင် စစ်တပ်က လခပေး ခန့်ထားသည့် သိမ်းငှက်အဖွဲ့မှ ကိုဇော်က ပြောသည်။

“ကျွန်တော် ၁၀ ယောက်ကျော်တော့ သိပါတယ်” ဟု စစ်တပ်သူလျှိုအဖြစ် လုပ်ကိုင်နေသော ဘဝတူများနှင့်ပတ်သက်၍ ကိုဇော်က ဆိုသည်။

သတင်းပေးအဖြစ် မွေးခံရသည့် လူငယ်များကို ကြိုက်နှစ်သက်ရာ တော်လှန်ရေးအင်အားစုတစ်ခုအတွင်း ရွေးချယ်ဝင်ရောက်ခွင့်ပြုသည်ဟု ကိုဇော်က ပြောပြသည်။ တစ်ဖက်တွင် မိသားစုဝင်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ထားပြီး ဆန်တစ်အိတ်၊ ဆီတစ်ပုံးနှင့် ငွေငါးသောင်း ထောက်ပံ့သည်ဟု ဆိုသည်။ အပတ်အစဉ်၊ လစဉ် မည်မျှထောက်ပံ့သည်ကိုမူ မသိရပေ။

“တန်အောင်တော့ လုပ်ပေးရတာပေါ့ဗျာ။ သုံးရက်တစ်ခါ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သတင်းပေးရတယ်။ မပို့ရင် မိသားစုကို ခြိမ်းခြောက်တာပဲ” ဟု ကိုဇော်က ဆိုသည်။

ထိုအချက်ကို ကိုသူရိန်လည်း အတည်ပြုသည်။ သူ့ကို မုန့်ဖိုးငွေ ငါးသောင်းပေးသည့်အပြင် မိသားစုထံ ဆန်တစ်အိတ်နှင့် ဆီတစ်ပုံး ပို့ပေးကြောင်း၊ အခြားထောက်ပံ့မှု မရကြောင်း ပြောသည်။

တော်လှန်ရေးအင်အားစုအဖွဲ့ဝင် လူငယ်များ၏ ကူညီမှုဖြင့် လွတ်မြောက်နယ်မြေရောက်ပြီး ရက်ပိုင်းအကြာတွင် သူ့ကို ကြီးကြပ်နေသည့် ဗိုလ်ကြီးပြည့်စုံကောင်းက ဆက်သွယ်ပြီး ဘာမှမဖြစ်စေရဟု အာမခံကာ ပြန်လာရန် ဖျောင်းဖျသည်။

ပြန်မလာတော့မှန်း သိသွားသည့်အခါ “ရေဆုံးမြေဆုံး ပြေးပေါ့ကွာ” ဟု တုံ့ပြန်ကြောင်း သိရသည်။

စစ်တပ်အောက်တွင် အလုပ်လုပ်စဉ်က လွှတ်ပေးထားသော်လည်း အချိန်မရွေး ပြန်ဖမ်းနိုင်ကြောင်း၊ မတော်တဆ ပျောက်သွားပါက အရှင်ထွက်မဟုတ်နိုင်တော့ကြောင်း သတိပေးသံကို ကိုသူရိန် ပြန်ကြားယောင်နေသည်။ ဘဝတူလူငယ်များအတွက် ယူကျုံးမရလည်း ဖြစ်နေသည်။

“ဖြစ်နိုင်ရင် လူငယ်တွေရဲ့စကားတွေ နားထောင်ပေးစေချင်တယ်ဗျာ။ အာဏာသိမ်းတော့ အကုန် ၁၉- ၂၀ တွေ၊ အမှားကောင်းကောင်း လုပ်နိုင်တဲ့အရွယ်တွေ။ ကိုယ်ရင့်ကျက်သလို ရင့်ကျက်မယ် တွေးပြီး နားထောင်မပေးဘဲ ခေါင်းဆောင်မှုအောက် အတင်းသွင်းလို့ မရဘူး” ဟု ကိုသူရိန်က ပြောလိုက်သည်။

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !