Skip to main content

Continue !

တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် ကိုင်တွယ်နေတဲ့ အကွက်များ

 


(၂)မြန်မာ့အခြေအနေဖြစ်ပေါ်မှုများအပေါ်တရုတ်မှတန်ပြန်ကိုင်တွယ်မှုကိုလေ့လာဆန်းစစ်ခြင်း

#####
တရုတ်ရဲ့မြန်မာ့လက်ရှိဖြစ်ပေါ်မှုတို့အပေါ်ရှုမှုရပ်တည်မှုနဲ့ကိုင်တွယ်မှုဆိုင်ရာသဘောထားတွေကိုအနီးစပ်ဆုံးတိတိပပစောကြောဆင်ချင်ကောက်ချက်ယူနိုင်ဖို့ဟာအမေရိကန်နဲ့အနောက်အုပ်စုကိုသိနားလည်နိုင်ဖို့ခက်ပိုအရေးကြီးအခရာကျပါတယ်။
ကောင်းကျိုးဆိုးကျိုးကိုပိုထိထိရောက်ရောက်ဖန်တီးနိုင်ပါတယ်။
တရုတ်နဲ့ပါတ်သက်လို့ကျနော်ပို့စ်ပေါင်းများစွာနဲ့တင်ပြခဲ့ပါတယ်။
သူတို့အပေါ်စောကြောလေ့လာဆန်းစစ်မိသမျှကို
အကျဥ်းချုပ်ပြန်လည်တင်ပြရရင်။
၁။ တရုတ်ဟာမြန်မာနဲ့ပါတ်သက်ပြီးလောင်းကြေး၂ခါရှုံးထားခဲ့ပြီးပါပြီ။
ပထမအကြိမ်က၁၉၈၈ခုနောက်ပိုင်းတပ်မတော်အစိုးအပေါ်လောင်းကြေးထပ်ခဲ့ပါတယ်။
ဒီရွေးချယ်မှုဟာ သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာလုံးဝကြရှုံးသွားပါတယ်။
[ ] တရုတ်ကိုဘက်ကန်အနောက်အုပ်စုရဲ့ထိမ်းချုပ်မှုနောက်ဝပ်စင်းလိုက်ပါရင်းလမ်းခွဲလေတော့ပြည်သူလည်းမုန်းစီးပွားလည်းရှုံးတဲ့အခြေအနေတရပ်ကိုကြုံလိုက်ရတယ်။
[ ] တရုတ်အပေါ်ကိုင်တွယ်မှုအတွက်တကယ်ကြားညပ်ဆက်ဆံရေးအပျက်ခံလိုက်ရတာကဦးသိန်းစိန်အစိုးရ မဟုတ်ပေဘဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကွပ်ကဲမှုအောက်ကမြန်မာ့တပ်မတော်ဖြစ်လိုက်ရတယ်။
ရှီကျင်းဖျင်ဒုတိယအကြိမ်လောင်းကြေးထပ်တာကတော့ပြည်သူထောက်ခံမှုအားကောင်းတဲ့​ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရပါတယ်။
ဖြစ်ချင်တော့အယ့်ဒီအစိုးရဟာအာဏာလက်ဝယ်ပိုင်ပိုင်ရယူနိုင်ပြီးကာမှတပ်ဖက်ကအာဏာပြန်လည်ရယူသွားတဲ့အခြေအနေဖြစ်ပေါ်မလာအောင်ပါးပါးနပ်နပ်မကိုင်တွယ်နိုင်လေဘူး။
အာဏာထိမ်းလိုက်တော့ဒေါ်စုကြည်နဲ့လက်တွဲလိုက်တဲ့ရွေးချယ်မှုအတွက်
လောင်းကြေးကထပ်တစ်ခါရှုံးပြန်တယ်။
နှစ်ခါကွဲတဲ့အသဲမနာဘဲဘယ်ရှိလေပါ့မလဲ။
ဒီတစ်ကြိမ်မှာလည်းလောင်းကြေးထပ်ရှုံးရစေတဲ့လက်သည်က ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဦးတဲ့မြန်မာ့တပ်မတော်ဘဲဖြစ်နေပြန်တယ်။
အစဥ်အလာနဲ့ကွဲပြားစွာဘဲဒီတစ်ကြိမ်တပ်မတော်အစိုးရကိုတော့တရုတ်ကခပ်တန်းတန်းဘဲဆက်ဆံတယ်။ UN Resolution 2669 အတွက်ဗီတိုသုံးမပေးလိုက်တော့ဘဲဟပေးလိုက်တာကသမိုင်းတစ်ခုဖြစ်သွားတယ်။
တရုတ်ရဲ့ SAC အပေါ်ဆက်ဆံရေးဟာအရင်စစ်ဘက်ကြောထောက်နောက်ခံအစိုးရတွေနဲ့သိသိသာသာကွာခြားသွားခဲ့ပြီဆိုတဲ့ကောက်ချက်တစ်ခုတိတိပပချရပ်နိုင်ခဲ့ပါပြီ။
အေးစက်သွားတဲ့ဆက်ဆံရေးရဲ့နောက်ဆက်တွဲတွေကဘာတွေဖြစ်လာမလဲတချက်ဆက်လက်ဆန်းစစ်ပါမယ်။
ပထမဆုံးဆန်းစစ်ရမှာက တရုတ်ရဲ့ SAC နဲ့ NUG-PDF အကြားရွေးချယ်မှုပါ။
SAC အစိုးရကရင်ဆိုင်နေရတဲ့ တဖက်က
NUG ကလည်းမြေမထိရေမထိပြည်ပြေးသက်သက်။
PDF ကလည်းသက်ဆိုင်ရာဒေသခံလက်နက်ကိုင်တွေလက်အောက်မှာ
အကွဲကွဲအပြားပြားနဲ့ ဗဟိုအမိန့်ပေးအဖွဲ့တစ်ခုအောက်မှာရှိမနေ၊
နိုင်ငံရေးအမြင်မတူသူတွေပြည်သူ့ဝန်ဆောင်မှုထမ်းရွက်သူတွေကိုလိုက်သတ်နေတဲ့အကြမ်းဖက်အုပ်စုသက်သက်သာဖြစ်လာတယ်။
ဒီအခြေအနေအပေါ်တရုတ်ပြည်ကမြန်မာလေ့လာဆန်းစစ်သူတွေအကြားမှာအယူအဆကွဲတွေထွက်လာတယ်။
PDF ဘယ်လောက်လူသတ်သတ်အကြမ်းဖက်ကြတာက၂ဖက်စလုံးကလုပ်နေကြတာဖြစ်တယ်။ ပြည်သူ့ထောက်ခံမှုကသူတို့ဖက်မှာရှိနေတယ်ဒါကြောင့်တရုတ်ဟာ NUG-PDF ဖက်ကရပ်ရမယ်ဆိုတဲ့အုပ်စု။
ဒီပြည်ပြေး-အကြမ်းဖက်တွေကဘယ်တော့မှအစိုးရဖြစ်မလာနိုင်လို့တပ်ဖက်ကျောထောက်နောက်ခံ SAC နဲ့သာလက်တွဲရမယ်ဆိုတဲ့အုပ်စု။
နဲ့
NUG-PDF နဲ့ SAC ညှိနှိုင်းဖြေရှင်းမှသာ အေးချမ်းတည်ညိမ်မှုပြန်လည်တည်ဆောက်နိုင်မယ်ဆိုတဲ့အုပ်စုရယ်လို့အဓိကအမြင်၃မျိုးထွက်လာတယ်။
ဒီကာလတွေမှာ
တပ်မတော်ကအာဏာထိမ်းပြီးတစ်နှစ်လောက်အကြာအထိတန့်သွားတဲ့
NGO တွေ Think Tank တွေခြင်းဆက်ဆံရေးဟာ ၂၀၂၃ နှစ်ဆန်းလောက်ကစပြီးပြန်ပွင့်လန်းလာတယ်။
သူ့အစုအဖွဲ့အလိုက်မြန်မာနဲ့ အစိုးရမဟုတ်တဲ့အစုအဖွဲ့တွေခြင်းပြန်လည်ခြိတ်ဆက် ဆက်ဆံရေးတွေမြှင့်တင်လာကြတယ်။
မြန်မာဖက်မှာအဓိကပြောင်းလဲမှုက
ပြည်တွင်းမှာလည်းမြို့ပြဒေသတွေမှာ အဖျက်တရားသက်သက်စွဲကိုင်လူသတ်ဝါဒီ PDF ကိုလိုလားနှစ်ခြိုက်သူတွေနဲလာတယ်။
PDF ရဲ့နယ်ပယ်က တိုင်းရင်းသားလက်နက်ကိုင်တွေလက်အောက်နဲ့မကွေးစစ်ကိုင်းဒေသတွေမှာဘဲကွက်ကျန်လာတယ်။
၂၀၂၃ နှစ်ဆန်းလောက်မှာ SAC အစိုးရကသာနိုင်ငံတော် ကိုထိမ်းချုပ်မှုပြန်လည်ရယူသွားတော့မယ်ဆိုတဲ့အခြေအနေဖက်ကပိုပိုအား​ကောင်းလာတယ်။
ဒီဖြစ်ပေါ်တိုးတက်မှုတွေအပေါ် တရုတ်ရဲ့အထက်ဌာနတွေကဂရုစိုက်စောင့်ကြည့်ဆန်းစစ်လာတယ်လို့ရှုမြင်ရတယ်။
(သူတို့ရဲ့ရွေးချယ်မှုကဘယ်ဖက်ကိုလဲ?)
ဒီလိုအခြေအနေမှာကံတရားရဲ့အလှည့်အပြောင်းလေလားစံနစ်တကျ
အဆင့်မြင့်ရွှေ့ကွက်လေလား? မြောက်ပိုင်းဒေသမှာတိုက်ပွဲကြီးတွေဖြစ်လာတယ်။
တပ်မတော်မရှုမလှအလဲအကွဲရှုံးနိမ့်တဲ့သမိုင်းဝင်ဖြစ်စဥ်တွေဆက်တိုက်ဖြစ်ပေါ်တယ်။
မြန်မာပြည်သူတစ်ရပ်လုံးကဒီဖြစ်စဥ်တွေဟာတရုတ်ရဲ့ကြိုးကိုင်ပုံဖော်မှုလို့တစ်ထစ်ကျယုံကြည်လက်ခံကြတယ်။ တရုတ်ကလည်းညင်းတယ်။
မေးခွန်းက တရုတ်မြန်မာနှစ်နိုင်ငံလုံးအတွက်လည်းအကျိုးမရှိ၊ပြန်လည်ဖော်ဆောင်ကြမယ့်BRI တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်းထိခိုက်ရပ်တံ့စေမယ်ဒီစစ်ပွဲကိုတရုတ်ကဘာလို့ဖြစ်ခွင့်ပြုသလဲ ဆိုတာကိုပါ။
သူတို့လက်မခံချင်ရင်ဒီလက်နက်ကိုင်တွေကိုနှိမ်နင်းဖို့ SAC နဲ့ပူးပေါင်းလိုက်ရုံနဲ့ပွဲပြီးပါတယ်။
(သူတို့ဘာလို့၂ဖက်အကျိုးမဲ့စေတဲ့အလှည့်အပြောင်းကြီးတစ်ခုကိုခွင့်ပြုခဲ့ပါသလဲ?)
ဒီမေးခွန်းတွေကိုမှန်မှန်ကန်ကန်အဖြေပေးနိုင်ပါမှတရုတ်ကမြန်မာဖက်ကအရှုပ်ထွေးတွေရင်ဆိုင်မှုတွေအပေါ်ဘယ်လိုကိုင်တွယ်နေသလဲဆိုတာကိုအနီးစပ်ဆုံးအဖြေထုပ်နိုင်ပါလိမ့်မယ်။
မြေပြင်ဖြစ်ပေါ်မှုဖြစ်တဲ့မြောက်ပိုင်းဒေသစစ်ပွဲတွေကနေပြန်အဖြေထုပ်ရရင် တရုတ်ရဲ့ရွေးချယ်မှုဟာ
သူတို့နဲ့ဆက်စပ်နေတဲ့မြောက်ပိုင်းဒေသမှာ
SAC လည်းမဟုတ် NUG-PDF လည်းမဟုတ်ဘဲ သက်ဆိုင်ရာဒေသတွေကိုမြေပြင်မှာအမှန်တကယ်ထိမ်းချုပ်မှုရယူနှိုင်စွမ်းကြတဲ့သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်တွေဘဲဆိုတာထင်ရှားသွားတယ်။
ကချင်၊ဝ၊ကိုးကန့်၊ပလောင် လက်နက်ကိုင်တွေရဲ့နယ်မြေထိမ်းချုပ်နိုင်စွမ်းအခိုင်အမာဖြစ်သွားခဲ့တယ်။
တောင်ပိုင်းက AA ကိုဘာလို့မြောက်ပိုင်းမဟာမိတ်ထဲဆွဲကပ်ထားသလဲဆိုတာအတွက်အဖြေလည်းပိုထင်ထင်ရှားရှားထွက်ရှိလာတယ်။
NUG-PDF ရဲ့သြဇာလွှမ်းမိုးမှုမြောက်ပိုင်းမှာတိုးမပေါက်ဘူးဆိုတာလည်းရှုင်းသွားတယ်။
ဒုတိယမေးခွန်းရဲ့အဖြေကိုကျနော်ရှေ့ကပို့စ်တွေမှာဆွေးနွေးခဲ့ပါတယ်။
မြန်မာ့အရေးမှတရုတ်ဟာလက်တွေ့ကျကျဘဲ
ပထဝီနိုင်ငံရေးလိုအပ်ချက်ကိုပထဝီစီးပွားရေးလိုအပ်ချက်ရဲ့အထက်ကထားရွေးချယ်ခဲ့ပါတယ်။
မြန်မာဟာအနောက်အုပ်စုပုံဖော်နေတဲ့ Chaos State အခြေအနေအထိအပြည့်အဝသက်ဆင်းသွားချိန်မှာ ပြန်လည်တည်ညိမ်ထိမ်းချုပ်မှုကိုတဖက်ဖက်ကမရယူနိုင်မခြင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် BRI တည်ဆောက်ရေးတွေကိုဆောင်ရွက်နိင်မယ်မဟုတ်ပါဘူး။
အဓိကအင်အားစု၂ခုဖြစ်တဲ့ SAC ရော NUG-PDF ကပါနိုင်ငံတဝှမ်းလုံးကိုထိမ်းချုပ်နိုင်ဖို့အလားအလာပျောက်နေချိန်မှာ ပထဝီစီးပွားရေးဖြန့်ကြက်ဖို့ထက် ပထဝီနိုင်ငံရေးရဲ့သော့ချက် ဖြစ်တဲ့ ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်းကြီးရဲ့လုံခြုံမှုနဲ့ဒီပိုက်လိုင်းကြီးရဲ့မြောက်ချမ်းပိုင်းရဲ့အေးချမ်းတည်ညိမ်မှု
ပြန်လည်ရယူရေးကပဓါနဖြစ်သွားတယ်။
မြောက်ပိုင်းမှာစစ်ပွဲတွေဖြစ်တယ်။ မျှခြေအပြောင်းအလဲတစ်ခုဖြစ်သွားတယ်၊ပြီးတော့အပစ်အခတ်တွေပြန်ရပ်စဲသွားတယ်။
သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်တွေတိုက်ရိုက်စိုးမိုးအုပ်ချုပ်မယ့်နယ်မြေဒေသတွေရဲ့မြေပုံသစ်တွေပေါ်လာတယ်။
ဗဟို(ပြည်ထောင်စု)အစိုးရအတွက်ကုန်သွယ်လမ်းကြောင်းချန်ထားပေးဆဲပါ။
ဒါကိုဗဟိုအစိုးရလက်ထဲပိုင်ပိုင်နိုင်နိုင်ပြန်ရောက်မရောက်ကတော့
SAC နဲ့ NUG-PDF ရဲ့တောင်ပိုင်းဒေသကပွဲစဥ်တွေကိုစောင့်ကြည့်လိမ့်မယ်။
စစ်ကိုင်း၊မကွေး၊တနသ်ာရီတိုင်းတွေမှာထိမ်းချုပ်မှုရယူနိုင်စွမ်း-အားပြိုင်မှုနဲ့ ချင်း၊ကရင်နဲ့ကယားလက်နက်ကိုင်တွေ အပေါ်NUG-PDF ရဲ့လွှမ်းမိုးနိုင်စွမ်းကနေအဖြေတစ်ခုထွက်လာမလား၊သို့တည်းမဟုတ်
တတိယမျှော်လင့်ချက်ဖြစ်တဲ့SAC နဲ့ NUG-PDF အကြာနိုင်ငံရေးဆွေးနွေးမှုကနေသဘောတူညီလက်တွဲမှုတစ်ခုပေါ်ထွက်လာမလားဆိုတာပေါ်မူတည်လိမ့်မယ်။
မြောက်ပိုင်းဖြစ်စဥ်ကနေတရုတ်ရဲ့သဘောထားနှစ်ချက်ကိုကောက်ယူနိုင်ပါတယ်။
တစ်က မြေပြင်ကိုတကယ်ထိမ်းချုပ်နိုင်တဲ့အင်အားစုကသာနယ်မြေအုပ်ချုပ်ရေးနဲတရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နိုင်လိမ့်မယ်။
လက်တွေ့ဆောင်ရွက်နိုင်သူလက်ထဲမှာနယ်မြေတွေရှိနေစေချင်တယ်။
နှစ်က တော့မပြီးနိုင်မပြတ်နိုင်သူမသာကိုယ်မသာ ရေရှည်ပွဲအီနေတာလက်မခံဘူး၊ရွာအနာမခံဘူးပွဲကိုအတိုနဲ့ဖြတ်ချင်တယ်။
တောင်ပိုင်းမှာဆက်ဖြစ်နေတဲ့ရင်ဆိုင်မှုတွေတိုက်ပွဲတွေအပေါ်သူတို့ရဲ့သဘောထားကလည်း ဒီနည်းနှင်နှင်ဖြစ်နိုင်ပါတယ်။
မြောက်ပိုင်းမှာလိုသူတို့ထိမ်းချုပ်နိုင်စွမ်းအားမကြီးသလိုတဖက်ကထိမ်းချုပ်မှုယူသွားမှာကိုလည်းလက်ခံမယ်မဟုတ်ပါ။
ပွတို့အုပ်စုကလည်းသူတို့လက်တန်မမှီတာကိုသူတို့သိတယ်။
ထိမ်းထိမ်းသိမ်းသိမ်းပါဝင်ပါတ်သက်နေတယ်။
အခုတောင်ပိုင်းကစစ်ပွဲတွေအဆုံးသတ်စေဘို့ Game Plan ဆွဲရင်ဒါတွေထည့်သွင်းစဥ်းစားသင့်ပါတယ်။
ဆက်လက်ဆွေးနွေးပါဦးမယ်





Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !