Ethic ဆို တာ ကျင့် ဝတ် ကို ပြော တာ ။
တောင် ကို ရီး ယား မှာ ဆ ရာ ဝန် တွေ ဆ န္ဒ ပြ လို့ စစ် ဆ ရာ ဝန် တွေ နဲ့ အ စား ထိုး မယ် လို့ ကြေ ညာ တယ် ။
တောင် ကို ရီး ယား နိုင် ငံ မှာ သက် ကြီး အ ရွယ် တွေ များ ပြား နေ ပြီး ပြု စု စောင့် ရှောက် ပေး မယ့် ဆေး ဝန် ထမ်း ဆ ရာ ဝန် တွေ မ လုံ လောက် ဘူး ဖြစ် နေ တယ် ။ ဒါ ကြောင့် အ စိုး ရ က ဆေး တ က္က သိုလ် ဝင် ခွင့် အ ရေ အ တွက် ကို တိုး မြှင့် လိုက် တယ် ။
အဲ့ လို ဆေး တ က္က သိုလ် ဝင် ခွင့် တွေ တိုး ပေး တာ ကို မ ကျေ နပ် လို့ ဆို ပြီး ဆေး ကျောင်း ဆင်း အ လုပ် သင် ဆ ရာ ဝန် ကိုး ထောင် ကျော် က အ လုပ် မ ဆင်း ဘဲ ဆ န္ဒ ပြ ကြ တယ် ။
အ စိုး ရ က သတ် မှတ် ရက် မှာ ပြန် တာ ဝန် ထမ်း ဆောင် ဖို့ အ မိန့် ထုတ် ထား ပေ မယ့် အ ချိန် မီ လုပ် ငန်း ခွင် ပြန် မ ဝင် ကြ လို့ စစ် တပ် ဆ ရာ ဝန် တွေ နဲ့ အ စား ထိုး မယ် လို့ အ စိုး ရ က ကြေ ညာ တာ ။
ဆ ရာ ဝန် တွေ ဖက် က အ ရည် အ ချင်း မ ရှိ တဲ့ ဆ ရာ ဝန် တွေ များ လာ မှာ စိုး လို့ ကန့် ကွက် တာ ဖြစ် မယ် လို့ ထင် တယ် ။ သူ တို့ လို လူ ဆ ရာ ဝန် တွေ များ လာ မှာ ကို မ နာ လို လို့ ဆို တဲ့ သ ဘော တော့ ဟုတ် မယ် မ ထင် ဘူး ။
အ စိုး ရ က နိုင် ငံ တော် စာ ရင်း ဇ ယား တွေ ကြည့် ပြီး လို အပ် လို့ စီ စဥ် ရ တာ ဆို တော့ သူ့ ဇာတ် သူ နိုင် လို့ ဖြစ် မှာ ပေါ့ ။
ဒီ ကိ စ္စ ဘယ် သူ မှန် တယ် မှား တယ် မ ပြော ချင် ပေ မယ့် ဆ ရာ ဝန် တွေ ဆေး မ ကု ဘူး ဆို တာ တော့ မ မှန် ဘူး ။ ကိုယ့် အ လုပ် ကိုယ် လုပ် နေ ရင်း နဲ့ လည်း ဆ န္ဒ ပြ လို့ ရ ပါ တယ် ။
ဂျ ပန် မှာ စက် ရုံ အ လုပ် သ မား တွေ သူ တို့ သူ ဌေး ကို မ ကျေ နပ် လို့ ဆ န္ဒ ပြ ရင် ပု ခုံး ပေါ် မှာ အ မှတ် အ သား ဖဲ ပြား လေး တစ် ခု တင် ထား လိုက် တာ မျိုး ရှိ တယ် ။
သူ တို့ မ ကျေ နပ် ဘူး ဆို တဲ့ အ ကြောင်း သူ တို့ Boss နဲ့ အ များ သိ အောင် လုပ် ပြ ပြီး အ လုပ် ကို တော့ မ ထိ ခိုက် စေ ဘူး ။
စက် ရုံ အ လုပ် သ မား က မ ကျေ နပ် ရင် သူ့ အ င်္ကျီ ပု ခုံ ပေါ် မှာ အ ပြာ ရောင် ဖဲ ပြား ထိုး ထား တာ ကို တ ခြား သူ့ ကို ထောက် ခံ တဲ့ အ လုပ် သ မား က လည်း သူ့ လို အ ပြာ ရောင် ဖဲ ပြား လေး လိုက် ထိုး ထား တယ် ။ စက် ရုံ တစ် ခု လုံး ဆ န္ဒ ပြ ချင် ရင် အား လုံး ဖဲ ပြား တတ် ထား တယ် ။
အား လုံး က သူ့ အ လုပ် သူ ဆက် လုပ် နေ ကြ တယ် ။ အ လုပ် ကို ကော နိုင် ငံ ကို ကော ဘာ ကို မှ မ ထိ ခိုက် စေ ကြ ဘူး ။
ယဥ် ကျေး မှု အ ဆင့် အ တန်း မြင့် သူ တွေ ရဲ့ လုပ် ဆောင် ချက် တွေ က တန် ဖိုး ရှိ ပြီး အ တု ယူ ဖို့ ကောင်း တယ် ။
ဆ ရာ ဝန် တွေ က အ စိုး ရ ရဲ့ လုပ် ဆောင် ချက် ကို မ ကျေ နပ် လို့ ဆ န္ဒ ပြ ရင် လည်း အ စိုး ရ ကို ပဲ ပြ ပေါ့ ။
ဆ ရာ ဝန် တွေ ဆေး မ ကု ရင် အ စိုး ရ ထိ ခိုက် မှာ ထက် ပြည် သူ တွေ ပို ထိ ခိုက် တယ် ဆို တာ လောက် တော့ ဆ ရာ ဝန် ဆို တဲ့ ပ ညာ သင် ထား တဲ့ ပ ညာ တတ် တွေ တွေး နိုင် သင့် တယ် ။
ဆ ရာ ဝန် မှာ သီး သန့် ကျင့် ဝတ် ရှိ တယ် ။ ရန် သူ ကို တောင် ဆေး ကု ပေး ရ တယ် ။
အဲ့ ဒီ အ ကြောင်း လည်း ရေး ပြီး ခဲ့ ပြီ ။
မြန် မာ နိုင် ငံ မှာ လည်း အ လာ တူ ဖြစ် ဖူး တယ် ။ ကို ဗစ် ကာ လ အ ဆိုး ဆုံး Second wave အ ချိန် မှာ ဆ ရာ ဝန် တွေ ဆေး မ ကု ဘူး ဆို လို့ ပြည် သူ တွေ အ များ ကြီး ပျက် စီး ခဲ့ ရ တယ် ။
ဆ ရာ ဝန် လို လူ က တောင် လူ့ အ သက် ကို အ လေး မ ထား ရင် တ ခြား လူ ဆို ပြော စ ရာ ရှိ တော့ မှာ မ ဟုတ် ဘူး ။
တောင် ကို ရီး ယား က ဆ ရာ ဝန် တွေ လည်း အ တ္တ ကြီး ကြ တယ် ။ လူ တွေ ရဲ့ အ သက် နဲ့ ကျန်း မာ ရေး ကို သူ တို့ ဆ န္ဒ လောက် တန် ဖိုး မ ထား ကြ ဘူး ။
က မ္ဘာ ကြီး က က ဏ္ဍ တိုင်း မှာ လို ကျင့် ဝတ် သိ က္ခာ တွေ ကျ ဆင်း လာ တယ် ။ အ တ္တ နဲ့ အာ ဃာ တ အ ငြိုး တွေ လည်း ပို ကြီး လာ ကြ တယ် ။ က ဏ္ဍ အ သီး သီး မှာ လည်း လူ တွေ ကျင့် ဝတ် မဲ့ လာ ကြ တယ် ။
ကျင့် ဝတ် မ လိုက် နာ တဲ့ လူ့ အ ဖွဲ့ အ စည်း မှာ ဘယ် သူ မှ မ လုံ ခြုံ ဘူး ။
အေး ချမ်း သာ ယာ တဲ့ လူ့ လော က ကြီး ဖြစ် ဖို့ ဆို ရင် လူ တိုင်း ကျင့် ဝတ် တွေ ကို လိုက် နာ ရ တယ် ။
ကျင့် ဝတ် မ ရှိ တဲ့ လူ့ လော က ကြီး ပို ကြီး လာ မှာ စိုး ရိမ် မိ တယ် ။
မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၉ ၊ ၂ ၊ ၂၀၂၄