စည်းကမ်းနဲ့ ခေါင်းဆောင်
လီကွမ်ယူ . . .
( #ဆုတင် မှတ်စု )
ဘယ်သူတွေဘယ်လိုပြောပြော
ကျွန်တော်ချမှတ်ခဲ့တဲ့ စည်းမျဉ်း
စည်းကမ်းနဲ့ဥပဒေတွေကို
နောင်တမရပါဘူး ။
ဘယ်မှာတံတွေးမထွေးရဘူး ၊
အသံကျယ်ကျယ်
မပြောရဘူး ဆိုတဲ့
သတ်မှတ်မှုတွေက
လူအများစုအတွက်
ကိုယ့်ကိုယ်ရဲ့ လွတ်လပ်မှုကို
စည်းကမ်းနဲ့ချုပ်မှဖြစ်မှာပါ ။
တင်းကြပ်တဲ့အုပ်ချုပ်မှုက
စင်္ကာပူအတွက်
လိုအပ်ပါတယ် ။
ဒါကျွန်တော်
တသက်လုံး ကြိုးစားပြီး
တည်ထောင်ထားတာပါ ၊
လာပြီး ဖျက်စီးဖို့မစဉ်းစားပါနဲ့ ။
အချို့ကပြောကြတယ် ၊
ကျွန်တော်က
ဥပဒေနဲ့ ပြိုင်ဘက်ကို
နှိပ်စက်တယ်တဲ့ ၊
ဒါပေမယ့်
ဒီ ဥပဒေ က
ကျွန်တော်အတွက်လည်း
အကျုံးဝင်တာပါပဲ ၊
ကျွန်တော်ကိုလာပြီး
တရားစွဲသူ မရှိတာပဲ
ကွာပါတယ် ။
နိုင်ငံခေါင်းဆောင်ဆိုတာက
တသက်လုံး
လူထုလုပ်ချင်တိုင်း
လိုက်အလျော့ပေးလုပ်ဖို့
မသင့်ပါဘူး ၊
ဒါကပျော့ညံ့မှုပဲ ၊
ကောင်းအောင်ပြင်ပေးဖို့
စွမ်းအားမရှိသူ လိုပါပဲ ။
( မစ္စတာ လီကွမ်ယု
စင်ကာပူနိုင်ငံ့ ခေါင်းဆောင် )