Skip to main content

Continue !

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အလုပ်မရှိတဲ့ ပညာတတ်လူငယ်တွေ ဘယ်လိုသွားရောက်လုပ်ကိုင်ကြသလဲ



 

ဆိုရှယ်မီဒီယာက အလုပ်အကိုင်ရှာဖွေရေးဂရုတွေ၊ အလုပ်ရှာတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နယ်စပ်မြို့တွေမှာ အွန်လိုင်းဂိမ်းလုပ်ငန်း၊ ကာစတန်မာဆားဗစ်၊ အွန်လိုင်းမားကက်တင်း၊ ဟိုတယ်နဲ့ ကာစီနိုဝိုင်းတွေမှာ ရုံးဝန်ထမ်းအလုပ်လုပ်ရမယ်၊ လစာ အနေနဲ့ကျပ်ငွေ ၁၀ သိန်းနဲ့ ၁၅ သိန်းကြား ရမယ်ဆိုတဲ့ အလုပ်ခေါ်စာတွေကို တွေ့ဖူးကြမှာပါ။

အဲဒီအလုပ်အတွက် လိုအပ်တဲ့ အရည်အချင်းတွေထဲမှာ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ အရေး၊ အပြော ကျွမ်းကျင်ရမယ်လို့ ဖော်ပြထားတတ်ပါတယ်။ တချို့အလုပ်ခေါ်စာတွေမှာဆို အသက်အရွယ် ကန့်သတ်ထားပြီး လူငယ်တွေကို ဦးစားပေး အလုပ်ခေါ်ထားပါတယ်။

အလုပ်ရှာပေးတဲ့ပွဲစားတွေကလည်း ဒီလိုအလုပ်တွေကို ပြောပြတတ်ပါတယ်။ ဒါကြောင့် အများစုက ကုမ္ပဏီလုပ်ငန်းအလုပ်၊ ရုံးအလုပ်နဲ့ ဝန်ဆောင်မှုပေးရတဲ့အလုပ်လို့ ယူဆကြပါတယ်။

အခုလို အာဏာသိမ်းထားတဲ့အခြေအနေမှာ ပြည်တွင်းလုပ်ငန်းအများစု ရပ်တန့်နေပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားချိန်မှာ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ရှားပါးနေပါတယ်။

အာဏာမသိမ်းခင်က ကျောင်းပြီး ဘွဲ့ရခဲ့သူတွေက လုပ်ငန်းခွင် အတွေ့အကြုံသစ်နဲ့ အလုပ်အကိုင်တွေ ရှာဖွေနေချိန်နဲ့ ရန်ကုန်လိုမြို့ကြီးမှာ လူငယ်တွေနေဖို့ မလုံခြုံတာတွေကြုံတွေ့နေရချိန်မှာ ဒီလို လစာများပြီး ပညာအရည်အချင်း ကောင်းကောင်းနဲ့ခေါ်တဲ့ အဲဒီအလုပ်တွေကို လူငယ်တွေက စိတ်ဝင်စားကြပါတယ်။

အမှန်တကယ်ပဲ လူငယ်တွေ မျှော်လင့်ထားသလို ဖြစ်ခဲ့ပါသလား။ နယ်စပ်မြို့တချို့ကိုရောက်သွားပြီး ကိုယ်တိုင်ကြုံတွေ့ရသူ လူငယ်သုံးဦးက သူတို့ ဇာတ်လမ်းတွေကို ပြောပြကြပါတယ်။

 ယုံကြည်ရသူအပြောကြောင့် လောက်ကိုင်ရောက်သွားသူ


အသက် ၂၀ အရွယ် ကိုအောင်သီဟဟာ ရန်ကုန်က အွန်လိုင်းဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှာ Content Writer - ကုန်ပစ္စည်းအညွှန်းကြော်ငြာရေးသူတစ်ယောက်ပါ။ အာဏာသိမ်းပြီးတဲ့နောက် သူအလုပ်လုပ်တဲ့ ရန်ကုန်မြို့က အွန်လိုင်း ဝန်ဆောင်မှု ကုမ္ပဏီဟာ လုပ်ငန်းမလုပ်ရတော့သလောက်ဖြစ်လာလို့ သူ့ရဲ့လစာတွေအလျှော့ခံလာရပါတယ်။ ရတဲ့လစာဟာ မိသားစုနဲ့သူ့အတွက် မလုံလောက်တော့ပါဘူး။

အလုပ်အသစ်ရှာနေတဲ့ ကိုအောင်သီဟကို ဆွေမျိုးမကင်းတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ခင်ပွန်းက လောက်ကိုင်မြို့က အလုပ်တစ်ခုကို ကမ်းလှမ်းလာပါတယ်။ တစ်လကို ငွေကျပ် ၁၂ သိန်းအနည်းဆုံးရမယ့် အဲဒီအလုပ်ကို ကိုအောင်သီဟ စိတ်ဝင်စားခဲ့ပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဖမ်းဆီးစစ်ဆေးမှုတွေများတဲ့ ရန်ကုန်မြို့မှာ နေရတာ မလုံခြုံဘူးလို့ ခံစားလာရတာရော၊ လစာကောင်းတဲ့အလုပ်ဖြစ်တာရော၊ ဆွေမျိုးမကင်းသူကပြောတဲ့ အလုပ်ဖြစ်နေတာရော စတဲ့ အချက်တွေက ကိုအောင်သီဟကို လောက်ကိုင်မြို့ကို သွားဖို့ စေ့ဆော်မှုတွေဖြစ်ခဲ့ပါတယ်။ ဆွေမျိုးမကင်းသူက ပြောတဲ့အလုပ်ဖြစ်လို့ ကိုအောင်သီဟအပါအဝင်နောက်ထပ် ညီဝမ်းကွဲတစ်ယောက်နဲ့ သူငယ်ချင်းတစ်ယောက်တို့ အပါအဝင် ၃ ဦးဟာ လောက်ကိုင်ကို လိုက်သွားခဲ့ကြတာပါ။

"ကိုယ့်အမျိုးလို ဖြစ်နေတဲ့ သူကလာခေါ်တော့ ယုံကြည်ခဲ့တယ်။ နောက်တစ်ခုက အွန်လိုင်းဂိမ်းကုမ္ပဏီတစ်ခုမှာ အင်္ဂလိပ်လို အီးမေးလ်ပြန်ပေးရမယ့်အလုပ်ကို လုပ်ရမယ်ဆိုတော့ ကျွန်တော်ထင်လိုက်တာ သမ္မာအာဇီဝအလုပ်လို့ပဲ ထင်လိုက်တာ။ ဒါပေမဲ့ လက်တွေ့မှာတော့ လူတွေကို အွန်လိုင်းကနေ ငွေလိမ်ရတဲ့အလုပ်ဖြစ်နေတယ်" လို့ ကိုအောင်သီဟက ပြောပြပါတယ်။

အွန်လိုင်းကနေ ဘယ်လို လိမ်ရလဲ

ချောမောလှပြီး ထင်ရှားကျော်ကြားသူမဟုတ်တဲ့ နိုင်ငံရပ်ခြားက အမျိုးသမီးငယ်လေးတွေရဲ့ ပုံတွေ၊ ဗွီဒီယိုတွေကိုသုံးပြီး ဥရောပအပါအဝင် ကမ္ဘာတလွှားက အမျိုးသားတွေကို Account - အကောင့်အတုနဲ့ အွန်လိုင်းကနေ လိမ်လည်တဲ့အလုပ်ကို လုပ်ရတာပါ။

ဒီလုပ်ငန်းဟာ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့မှာပဲရှိတာ မဟုတ်ပါဘူး။ ကရင်ပြည်နယ်၊ မြဝတီနဲ့ ရွှေကုက္ကိုမြို့သစ်လိုနေရာ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်နဲ့ ရှမ်းမြောက် မူဆယ်လို နယ်စပ်မြို့တွေမှာ လည်း ရှိပါတယ်။

လောက်ကိုင်တစ်မြို့ထဲမှာတောင် အွန်လိုင်းကနေ ငွေလိမ်တဲ့အဲဒီလိုလုပ်ငန်းဟာ ရာဂဏန်းအထိ ရှိနေတယ်လို့ ပြောကြပါတယ်။ အဲဒီလုပ်ငန်းအများစုရှိတဲ့နေရာတွေဟာ လျှို့ဝှက်လွန်းပြီး လက်နက်ကိုင်အစောင့်တွေက အမြဲစောင့်နေတဲ့နေရာတွေ ဖြစ်ပါတယ်။

ကိုအောင်သီဟတို့ ၃ယောက် လျှို့ဝှက်လွန်းတဲ့ အဲဒီနေရာကို စရောက်တဲ့နေ့က မြန်မာစကား ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သူ တရုတ်အမျိုးသားတစ်ယောက်က သူ့ကို အင်တာဗျူးမေးခဲ့ပြီး အင်္ဂလိပ်ဘာသာစကားကို အဓိကစစ်မေးတယ်လို့ ဆိုပါတယ်။

"အဲဒီလူက ပိုင်ရှင်ရဲ့လူယုံပေါ့။ ကျွန်တော်တို့သုံးယောက်ထဲ ဘယ်သူ အင်္ဂလိပ်စာရလဲဆိုတာကိုပဲ အရင်မေးတာ။ စစ်လိုက်တော့ ကျွန်တော်က အရမ်းပြောနိုင်တော့ ကျွန်တော့်ကို အဆင့် အေ မှာထားမယ်။ ကျန်တဲ့ နှစ်ယောက်က အဆင့်ဘီထားမယ်ဆိုပြီး တခါတည်းဆုံးဖြတ်တယ်။ နေရာတွေချပေးတယ်"

သူတို့ အဲဒီကိုရောက်ပြီး တစ်ရက်ထဲမှာပဲ အွန်လိုင်းကနေ ငွေလိမ်ရမယ့်အလုပ်ဆိုတာကို အရင်ရောက်နေတဲ့ လုပ်ဖော်ကိုင်ဘက်တွေဆီက သိခဲ့ကြပါတယ်။

သူတို့ ၃ ယောက်ကို ကွန်ပျူတာအသစ်တွေ ဆင်ထားတဲ့ စားပွဲခုံတွေမှာ နေရာပေးပြီး တစ်ယောက်ကို ကွန်ပျူတာတလုံး၊ iPhone တံဆိပ်ဖုန်းအသစ် ၂လုံးစီ နဲ့ မိုင်တယ်လ်ဆင်းကတ် ၂ ကတ်စီ ထုတ်ပေးတယ်လို့ ဆိုပါတယ်။ မိုင်တယ်လ်ဆင်းကတ်ကို သုံးပြီး နဲ့ ဖုန်းတွေကို အက်တီဗိတ်လုပ်ရသလို ဖုန်းတစ်လုံးကို Instagram အကောင့် သုံးခု၊ WhatsApp နဲ့ တယ်လီဂရမ်လို စကားပြောနိုင်တဲ့ ဆိုရှယ်အက်ပ်တွေကို လိုက်ဖွင့်ကြရတာပါ။

Instagram အကောင့် ၆ ခုလုံးကို မတူညီတဲ့ ငွေကြေးချမ်းသာတဲ့ ကိုရီးယားအမျိုးသမီးငယ်နာမည်တွေနဲ့ ပုံတွေကို အသုံးပြုပြီး ဖွင့်ရတယ်လို့ ဆိုပါတယ်။

ကိုရီးယား မိန်းကလေးပုံနဲ့ ဇာတ်ကောင်တွေ ဖန်တီး

ကြယ်ငါးပွင့်အဆင့် ဒါမှမဟုတ် နာမည်ကြီးဟိုတယ်တစ်ခုရဲ့ Check In တွေကနေ အဲဒီလိုချမ်းသာပြီး မထင်ရှားတဲ့ ကိုရီးယားအမျိုးသမီးငယ်တွေကို လိုက်ရှာရတာမျိုးပါ။ ရုပ်ရည်အသင့်အတင့်ရှိသူ၊ နာမည်ကြီးတံဆိပ်တွေ ကိုင်နိုင်သူ၊ အသက် ၃၅ နှစ် မကျော်သူ စတာတွေ ဖြစ်ရမယ်ဆိုတဲ့ အချက်တွေကို အဓိကထားပြီး ရှာဖွေရတာပါ။

ပြီးရင်တော့ ရှာဖွေထားတဲ့ ဓါတ်ပုံပိုင်ရှင်နဲ့ အသက်တူတဲ့ နောက်ထပ် ကိုရီးယား သူ့ရဲ့မွေးနေ့၊ နေရပ်၊ အလုပ်အကိုင်နဲ့ ဝါသနာတွေကို စုစည်းပြီး ကာရိုက်တာ ( ဇာတ်ကောင်)တစ်ခု ဖန်တီးတည်ဆောက်ရတာပါ။

ငွေမလိမ်ရခင်မှာ လိမ်ဖို့အတွက် အဲဒီလိုပြင်ဆင်ရတာပဲ တစ်လလောက် အချိန်ယူပြီး ခိုင်းထားတယ်လို့ ဆိုပါတယ်။

"ကိုရီးယားမလေးတွေ ပုံတွေကို ရှာရတယ်။ သူတို့ကိုပြရတယ်။ အဆင်ပြေမပြေပေါ့။ အဓိက ရုပ်ချောရတယ်။ ကိုယ်ရှာထားတဲ့သူက ဆယ်လ်ဖီဓာတ်ပုံ နဲ့ ဗီဒီယို လေးငါးရှစ်ရာလောက် အနည်းဆုံး ရှိရမယ်။ ရုပ်မဆိုးရဘူး။ ပုံရပြီဆိုရင် ခုနက ဖန်တီးထားတဲ့ နာမည်နဲ့ ကာရိုက်တာကိုသုံးပြီး တစ်နေ့ကို အကောင့်တုကနေ တစ်နာရီခြားတစ်ခါ ပုံတင်ရတယ်။ ရက်ခြားလောက် ဗွီဒီယိုတင်ရတယ်။ အလှူအတန်းလုပ်တဲ့ပုံတွေ၊ လုပ်ငန်းလုပ်တဲ့ပုံတွေကအစ ရှာရတယ်။ ယုတ္တိရှိအောင်လေ" လို့ ကိုအောင်သီဟက ပြောပြပါတယ်။

အဲဒီအတွက် တစ်လကို တရုတ်ငွေ ၆၀၀၀ မက်လုံးပေးထားပြီး နဲ့ ၃လ စာချုပ်ချုပ်ရတာပါ။ အဲဒီအတွင်း လိမ်ရမယ့် လူတွေ့အောင် ရှာကြရတာပါ။ ၃ လအတွင်း တစ်ဖက်လူ ခင်မင်ရင်းနှီးအောင် ပြောဆိုရပြီး ငွေထည့်လာတဲ့အထိ ယုံကြည်အောင် ပြောဆိုရတာမျိုး လုပ်ရတာပါ။

"စစရောက်ချင်းကတော့ Instagram အကောင့်တွေကို ခိုင်အောင် မွေးခိုင်းတာပေါ့။ အဲဒီလိုကနေ လူတွေကိုလည်း အယောက် ၅၀လောက် ရှာပြောရတယ်။ ၃ရက်လောက် အတွင်း တစ်ဖက်ကလူ ကိုယ့်ဘက်ပါအောင် ပြောကြဖို့လည်း ညတိုင်း အစည်းအဝေးမှာ ပြောတယ်။"

ဒီလိုကြုံတွေ့နေရတာ ကိုအောင်သီဟတို့ တင်မကပါဘူး။ အသက် ၂၃ နှစ်အရွယ် ကွတ်ခိုင်က ဆိုင်းနော်ဆိုတဲ့ အမျိုးသမီးငယ်လေး နဲ့ နမ္မတူက ကိုမြတ်သူရတို့လည်း ပါဝင်ပါတယ်။ ဘီဘီစီအနေနဲ့ သူတို့ ၃ ယောက်လုံးနဲ့ မေးမြန်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဂိမ်းထဲဝင်ဖို့ နည်းအမျိုးမျိုးနဲ့ စည်းရုံး

 မဆိုင်းနော်ဆိုရင် လားရှိုးက ပွဲစားရဲ့ လောက်ကိုင်က ကာစီနိုဝိုင်းမှာ ဝန်ထမ်းသဘောမျိုး လုပ်ရမယ်၊ တရုတ်ငွေ တစ်လကို တရုတ်ငွေ ၆၀၀၀ ခန့်ရမယ်ဆိုတဲ့အပြောကြောင့် သူလည်းစိတ်ဝင်စားခဲ့ပြီး နောက်ထပ်သူငယ်ချင်းတစ်ယောက်နဲ့ သွားခဲ့တယ်လို့ ဆိုပါတယ်။ ကိုမြတ်သူရဆိုလည်း အလားတူပွဲစားရဲ့ စေ့ဆော်မှုကြောင့် ရောက်ခဲ့တာပါ။

 


 

ဘယ်လိုလုပ်ငန်းတွေကိုအကြောင်းပြပြီးယုံကြည်အောင်ပြောဆိုရတာလဲ။

 ဒေသအခေါ်တရုတ်ငွေလိမ်ဂိုဏ်းတွေလို့ခေါ်တဲ့ အဲဒီအလုပ်တွေဟာ Cryptocurrency နဲ့ Bitcoin လို့ခေါ်တဲ့ အွန်လိုင်းငွေကြေး နဲ့ ရှယ်ယာအရောင်းအဝယ်လုပ်တဲ့ ဂိမ်းတစ်ခု ဒါမှမဟုတ် ဝက်ဘ်ဆိုက်တစ်ခုမှာ ဒေါ်လာ ၂၀၀ ဖြစ်ဖြစ် ယူရို၂၀၀ ဖြစ်ဖြစ် အနည်းဆုံးထည့်ပြီး ဝင်ရောက်ကစားဖို့ ဆွဲဆောင်ရတာပါ။ ပထမတစ်ကြိမ်၊ နှစ်ကြိမ်မှာ ငွေကြေးထည့်သွင်းသူက အမြတ်ရတာ နိုင်တာမျိုးတွေ ရှိတာပါ။

တစ်ဖက်လူက ငွေကြေးအရင်းအနှီးနည်းချိန်မှာ ပေးနိုင်တာ အမြတ်ပေးတာတွေ လုပ်ထားတာကြောင့် ဒေါ်လာထောင်ချီ ငွေကြေးရင်းနှီးမြုပ်နှံမှု များလာချိန်မှာ ငွေတွေကို ငွေလိမ်ဂိုဏ်းက ယူလိုက်တာပါ။

အဲဒီနောက် အရှုံးကို ငွေနဲ့ထပ်လိုက်ဖို့ စည်းရုံးသိမ်းသွင်းရပြီး ငွေကြေးထပ်ပြီး ရင်းနှီးမြှုပ်နှံ ဆော့ကစားဖို့ ဆွဲဆောင်ပြောဆိုပြီး နောက်ထပ် ငွေထပ်လိမ်ရတာပါ။

အဲဒီအလုပ်တွေမှာ နေ့ဆိုင်း၊ ညဆိုင်း နှစ်ဆိုင်းရှိပါတယ်။ နေ့ဆိုင်းက အာရှက လူတွေကို လိမ်ရတာဖြစ်ပြီး၊ ညဆိုင်းကတော့ ဥရောပနဲ့အနောက်နိုင်ငံတွေကို ပစ်မှတ်ထားတာပါ။

"Bitcoin တခုကို ဒေါ်လာ ၆ သောင်းကျော် (သူဖြေဆိုချိန်တန်ဖိုး) တန်တယ်လေ ။ နိုင်ငံခြားသားတွေမှာက အဲဒါရှိတယ်။ ဆိုတော့ အဲဒီလူတွေက ကိုယ့်ဆီမှာ လာဆော့အောင် ဝက်ဘ်ဆိုက်အတုနဲ့ စည်းရုံးထားတာ။ ပြီးရင် ကိုယ်က WhatsApp နဲ့ တယ်လီဂရမ်ကို ခေါ်လာရင် သူတို့က ဆက်ပြောတာ။ ကိုယ်က လူရှာပြီး ဟိုဘက်ကလူ ယုံအောင် လုပ်ပေးရတာ။ ငွေလွှဲတော့မယ်ဆိုရင် သူတို့(တရုတ်)တွေကို လွှဲပေးရတယ်။ သူတို့ ဆက်ပြောတာ" လို့ အဲဒီငွေလိမ်ဂိုဏ်းမှာ ပိတ်မိနေသူတချို့က သူတို့လုပ်ကိုင်ရတာကို ပြောပြပါတယ်။

ငွေကြေးကစားသူတွေ ယုံကြည်အောင် ဝက်ဘ်ဆိုက်အတုတွေနဲ့ ဖန်းတီးထားလို့ တော်ရုံလူတွေက လုံးဝရိပ်မိတာမျိုး မရှိကြဘူးလို့ အဲဒီငွေလိမ်ဂိုဏ်းတွေကို ရောက်သွားသူတွေက ပြောပြကြပါတယ်။

"ကျွန်တော်တို့က ယောက်ျားလေးတွေ။ ဒါပေမဲ့ ကောင်မလေးပုံစံနဲ့ ပြောနေရတာလေ။ တကယ်လို့ ဟိုဘက်က ဖုန်းခေါ်လာရင် တစ်ခါ ၊ နှစ်ခါ ငြင်းရတယ်။ ငြင်းလို့မယုံသလို ဖြစ်လာတယ်။ သူကလည်း ငွေထည့်မယ့် အခြေအနေရှိတယ်ဆိုရင် သူတို့(တရုတ်လူယုံ)စီစဉ်ထားတဲ့ ကောင်မလေးတွေ ရှိတယ်။ အဲဒီကောင်မလေးတွေက စက္ကန့်ပိုင်း ခဏလေး ပြောပေးတယ်။ ဗွီဒီယိုကောတွေ ခေါ်လာရင် ဈေးပေါတယ် မကိုင်ချင်ဘူးဆိုပြီး အကြောင်းပြ ငြင်းရတယ်။ တကယ်လို့ ငွေထည့်ဖူးတယ်။ ထပ်ထည့်မယ့်သူဆို ရုပ်ဆင်တဲ့ ချောတဲ့ တရုတ်မလေးတွေကို စီစဉ်ထားတယ်။ ဖြတ်ကနဲပြပြီး ဖုန်းကို ချပစ်ရတယ်" လို့ ကိုအောင်သီဟက ပြောပြပါတယ်။

လိမ်တဲ့အခါမှာလည်း လိမ်မယ့်သူဟာ တစ်ဖက်လူနေထိုင်တဲ့ နိုင်ငံမှာ အတူတူရှိကြောင်း ဂူးဂဲလ်ကနေ Location - တည်နေရာပြောင်း၊ ယုံကြည်အောင်ပြောဆိုပြီး ပိပိရိရိနဲ့လိမ်လည် လုပ်ကိုင်ကြရတာပါ။

"ကျွန်တော် အခုပြောနေတဲ့သူဆို အင်ဒိုနီးရှားကလူတစ်ယောက်နဲ့ ပြောနေရတယ်။ အင်ဒိုမှာက အထည်အလိပ်လုပ်ငန်းတွေ လုပ်ကြတယ်လေ။ အဲဒီတော့ ကျွန်တော်က ကိုရီးယားက စီးပွားရေးလုပ်ငန်းလုပ်တဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ အခု အင်ဒိုနီးရှားက ဘယ်မြို့မှာ ရောက်နေတယ်။ ဘယ်နေရာက လည်ပတ်လို့ကောင်းလဲဆိုပြီး လိမ်ပြောပြီး ယုံကြည်အောင် အင်ဒိုနီးရှားက တခြားမြို့တစ်ခုရဲ့ Location ကို ပို့တာပေါ့။ အဲဒီကနေ ခင်မင်အောင်လုပ်ပြီး စည်းရုံးရတာ။ အဲဒီ Location ကိုကျတော့ ဂူးဂဲလ်ကနေ သွားပြောင်းရတာ။ အဲဒါလည်း တရုတ်တွေက လုပ်ပေးထားတာ။ အဲဒီလိုနဲ့ ယုံလာတော့မှ ငါက တခြားစီးပွားရေးအနေနဲ့ Cryptocurrency လည်း လုပ်တယ်။ ဘယ်လောက်မြတ်နေတယ်ဆိုပြီး စည်းရုံးရတာ လို့" ကိုမြတ်သူရက သူတို့လိမ်လည်နေရတဲ့ အခြေအနေကို ရှင်းပြပါတယ်။     

 


                

ပြန်လမ်းမဲ့သဖွယ် ဂိုဏ်းတွေ

 ကိုအောင်သီဟတို့ ငွေလိမ်လုပ်ငန်းနေရာဟာ လောက်ကိုင်မြို့လယ်ခေါင်နဲ့ ၁၀ မိုင်လောက်ဝေးတဲ့နေရာမှာ ရှိပါတယ်။ သူတို့နေရမယ့် နေရာဟာ ၅ ထပ်တိုက် အဆောင် ၃ခုရှိတဲ့ ဝင်းအကျယ်ကြီးပါ။ အဲဒီဝင်းကြီးကို ၁၂ ပေလောက်မြင့်တဲ့ သံခြံစည်းရိုးပတ်ပတ်လည် ကာရံထားသလို သံဆူးကြိုးနဲ့လည်း ကာရံထားပြီး လက်နက်ကိုင်အစောင့်တွေလည်း လေးဖက်လေးတန် စောင့်ဆိုင်းနေတာပါ။

"စစချင်း တစ်ရက်နှစ်ရက်ကျမှ အကောင့်အတုနဲ့ ငွေတွေ လိုက်လိမ်ရမယ်ဆိုတာကို လူဟောင်းတွေကနေ သိရတာ။ အဲဒီတော့မှ ကျွန်တော်တို့ ၃ ယောက်လုံး ထွက်ပြေးချင်တဲ့အထိ စိတ်ဓာတ်တွေကျခဲ့တယ်။ ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားတယ်။ ပိတ်ဆို့ထားပြီးအပြင်မှာ စစ်ရောင်ဝတ်စုံနဲ့ လက်နက်ကိုင်တွေက သေနတ်တွေနဲ့ စောင့်နေကြတာ။ ထွက်ပြေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ကို အပြင်ပေးမထွက်ဘူး။ ပိတ်လှောင်ထားပြီး အလုပ်လုပ်ခိုင်းထားဗျာ"လို့ ကိုအောင်သီဟက သူကြုံတွေ့နေတာကို ဆို့ဆို့နင့်နင့် ပြောပြပါတယ်။

အမျိုးသမီးငယ်တွေဆိုရင် တစ်ဖက်လိမ်ရမယ့်သူကို Sex Chat ပေးရတာ ၊ လိင်ပိုင်းဆိုင်ရာဓာတ်ပုံတွေပြရတာတွေ အထိ လုပ်ကိုင်ရတယ်လို့ ဆိုင်းနော်က ပြောပြပါတယ်။

တချို့မိန်းခလေးတွေကိုဆိုရင် တရုတ်လူယုံတွေက ဒုတိယဇနီးမယားပုံစံနဲ့ ခေါ်ထားပြီး လိင်ပိုင်းဆိုင်ရာဖျော်ဖြေရတာ၊ နောက် သူတို့နဲ့ အတူနေထိုင်ရတဲ့အထိ အခြေအနေဆိုးတွေကို ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။

"တရုတ်လူယုံက ကြိုက်တယ်လို့ဆိုရင် မယားငယ် လုပ်ပေးရတယ်။ နောက်မယားငယ်ဖြစ်သွားလို့ ပိုကောင်းသွားတာ မဟုတ်ဘူး။ လူရှေ့လည်း ထရိုက်ရင် ရိုက်တာ။ နောက်ပြီး လိမ်ပေးမယ့် လူငယ်တွေကို ရှာပေးရတယ်။ အဲဒီလိုတွေ လုပ်တဲ့အခါကျတော့ ဒီမှာက မိန်းကလေးတွေအတွက်က လုံးဝ မလုံခြုံဘူး။ ဒီမှာမနေနိုင်တဲ့သူအတွက်ဆို ငရဲပါပဲ" လို့ ဆိုင်းနော်က ပြောပြပါတယ်။

လက်နက်ကိုင်တွေနဲ့စောင့်ကြည့်

 ပွဲစား ဒါမှမဟုတ် လူကုန်ကူးသူတွေရဲ့ စွဲဆောင်ပြောဆိုမှုကြောင့် ရန်ကုန်၊ မန္တလေးနဲ့မြို့ကြီးတွေ အပါအဝင် ဒေသတော်တော်များများက လူငယ်အများစုဟာ အဲဒီလိုနေရာတွေမှာ ရောင်းစားခံရတာ၊ အဓမ္မ အလုပ်ခိုင်းစေခံနေရတာနဲ့ တင်းကျပ်တဲ့ စာချုပ်စည်းကမ်းတွေနဲ့ ပြန်လမ်းမဲ့လုပ်ကိုင်နေကြရတယ်လို့ အဲဒီငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ကိုင်နေသူတွေက ပြောပြပါတယ်။

ပိတ်လှောင်ပြီးခိုင်းတဲ့လုပ်ငန်းတွေရှိသလို၊ မပိတ်လှောင်ပေမယ့် လျော်ကြေးပေးမှ ထွက်ရမယ်ဆိုတဲ့ လုပ်ငန်းတွေလည်း ရှိတာကြောင့်ရောက်ပြီးရင် ပြန်ထွက်ဖို့ခက်ခဲနေကြတာလည်း ရှိပါတယ်။

လိမ်ရတဲ့အလုပ်မှန်းသိလို့ ထွက်ပြေးဖို့ကြိုးစားကြပေမယ့် အပြင်မှာပိတ်ဆို့ စောင့်ဆိုင်းနေတဲ့လက်နက်ကိုင်တွေ၊ အဝင်အထွက် ပိတ်ဆို့စစ်ဆေးမှုတွေနဲ့ အဲဒီလုပ်ငန်းထဲမှာ လက်နက်ကိုင်အဖွဲ့တချို့ကပါ ပါဝင်ချိတ်ဆက် လုပ်ကိုင်နေကြတာကြောင့် ထွက်ပြေးဖို့ဆိုတာ ခက်ခဲသလို၊ တချို့အလုပ်တွေက ညအချိန်မတော်မှ နေရာပြောင်း ခေါ်သွားတာကြောင့် ဘယ်နေရာမှာ အလုပ်လုပ်နေရတယ်ဆိုတာတောင် မသိတဲ့သူတွေရှိတယ်လို့ ဆိုပါတယ်။

"ထွက်ပြေးဖို့ကတော့မလွယ်ဘူးရှင့်။ သူတို့ပိတ်လှောင်ထားတာလေပြည်သူ့စစ်(ဘယ်အဖွဲ့အစည်းဆိုတာ တိတိကျကျ မပြောနိုင်) တွေက စောင့်နေတယ်။ အပြင်ထွက်ရင်လည်း တစ်နာရီဆို တစ်နာရီ၊တစ်ရက်ဆိုတစ်ရက်ပဲ ထွက်ရတယ်။အဲဒါလည်း သူတို့လိုက်ပို့တဲ့သူရှိတယ်" လို့ ဆိုင်းနော်က ပြောပြပါတယ်။

တစ်နေ့ကို အလုပ်ချိန် မနက် ၇ နာရီခွဲကနေ ည၁၂နာရီခွဲအထိ အလုပ်လုပ်ကိုင်ကြရတာပါ။ ကွန်ပျူတာနဲ့ ဖုန်းရှေ့မှာ နာရီပေါင်းများစွာ ငွေလိမ်ဖို့ ကြိုးစားနေရတဲ့အလုပ်ကို စိတ်ဓာတ်ကျလာတဲ့အထိ လုပ်ကိုင်နေကြရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်လည်း ထွက်ပြေးနိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင်တဲ့ အခြေအနေကများတယ်လို့ ဆိုပါတယ်။

"မနက် ၇ နာရီခွဲကနေ ၉ နာရီခွဲအထိ အလုပ်လုပ် ပြီးရင် တခါနား၊ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီထိုးအထိ ပြန်ဝင်ရတယ်။ ၄ နာရီကနေ ၆နာရီ တခါနားရတယ်။ ပြီးရင် ကြားထဲမှာ နာရီဝက် ထမင်းစားနားပြီးရင် ည ၁၂ နာရီခွဲအထိ တစ်လျှောက်လုံး ကွန်ပျူတာနဲ့ဖုန်းနဲ့ပြောနေရတာ။ လူရှာရတာတွေ လုပ်ရတာ။ မျက်စိတွေကို ပြာတောက်နေအောင် အကောင့်အတုမှာ သုံးမယ့် ပုံတွေ၊လူတွေကို ရှာရတယ်။ ပြောရတယ်။ အလုပ်မလုပ်နေဘူးထင်ရင် တရုတ်တွေက လာအော်တာ။ ရိုက်တာလည်းရှိတယ်" လို့ ကိုမြတ်သူရက ပြောပြပါတယ်။

တချို့လူငယ်တွေဟာ ရောင်းစားခံရတဲ့အခြေအနေအထိ ရောက်ပြီး ပိတ်လှောင်ပြီး အလုပ်လုပ်ကိုင်နေကြရတာပါ။ တစ်နေရာကနေ နောက်ထပ်တစ်နေရာကို အဆင့်ဆင့် ရောင်းစားခံရတဲ့အထိလည်း ရှိပါတယ်။

တခါ သူတို့လုပ်ကိုင်ရတဲ့အချက်အလက်တွေကို ပြင်ပကို သတင်းပေးတာမျိုးမလုပ်ဖို့ စာချုပ်ချုပ်ဆိုထားရပြီးတော့ ဖောက်ဖျက်မယ်ဆိုရင် လျော်ကြေးပေးရမယ်ဆိုတဲ့အချက်ကို လက်မှတ်ထိုးထားရတာလည်း ရှိတာပါ။

"တချို့က လုံးဝမလိမ်နိုင်တော့တဲ့အခါကျရင်တော့ သူတို့ အလုပ်ထုတ်လိုက်တယ်။ ဒါပေမယ့် ပိတ်လှောင်ပြီး အလုပ်လုပ်ခိုင်းထားတာ များပါတယ်။ ဒါမှမဟုတ် နောက်သူဌေးတစ်ယောက်ကို ပြန်ရောင်းတယ်။ အဲဒီအခါကျတော့ တစ်ပတ်တစ်ရက် အပြင်ထွက်ရချိန်မှာ ထွက်ပြေးဖို ့ကြိုးစားကြတယ်" လို့ ကိုအောင်သီဟက ပြောပြပါတယ်။

ကာစီနိုဝိုင်းတွေရှိတဲ့ မိုင်းလားမြို့

 အလုပ်အများစုက နေစရာကောင်းကောင်းနဲ့ အစားအသောက်ကောင်းကောင်း ပုံမှန်ကျွေးထားပေမယ့် လုပ်ခလစာကိုတော့ ထိန်းချုပ်လုပ်ကိုင်ခိုင်းတယ်လို့ ဆိုပါတယ်။ လစာကို ပိုက်ဆံအများကြီးမထုတ်ပေးထား တာမျိုးပါ။ အလုပ်ပုံစံနှစ်မျိုးရှိပြီး အခြေခံလစာပေးတဲ့အလုပ်နဲ့ အခြေခံလစာမရှိတဲ့ အလုပ်နှစ်မျိုး ရှိတာပါ။

အခြေခံလစာမရှိတဲ့အလုပ်ကတော့ လုပ်ငန်းဖွင့်နိုင်မှ(လိမ်လို့ရမယ့်သူရှာနိုင်မှ) လစာရတာမျိုးပါ။ လိမ်ရတဲ့ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ပေးတာမျိုး ရှိပါတယ်။ နောက်တစ်မျိုးကတော့ လစာပေးပေမယ့် လစာထဲကနေ ထမင်းစားရိတ်နဲ့ ဗာဟီရကြေးတွေဖြတ်တဲ့လစာမျိုးလို့ သိရပါတယ်။

လွတ်လာသူတချို့ရဲ့နည်းလမ်း

 ဒီလို အခြေအနေမှာမှ ပြန်လည်လွတ်မြောက်လာသူတချို့လည်း ရှိပါတယ်။ ရန်ကုန်က ကိုကောင်းဆိုရင် အဝတ်အစားနဲ့ဆေးဝါးဝယ်ဖို့ အပြင်ထွက်ဖို့ခွင့်ပြုတဲ့တစ်ရက်မှာ ရအောင်ထွက်ပြေးခဲ့တာပါ။ ထွက်ပြေးဖို့အတွက် ကြိုတင်စီစဉ်မှုတွေ လုပ်ခဲ့ရသလို အွန်လိုင်းကနေကူညီမယ့်သူတွေ၊ ယုံကြည်ရမယ့်သူတွေရှာဖွေထားပြီး အချိန်ယူရတာတွေ၊ တရုတ်တွေ ယုံအောင် အချိန်ပေးနေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

သူများမျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ကိုယ်ပိုက်ဆံရတဲ့အလုပ်ကို စက်ဆုပ်လာတယ်ဆိုတဲ့ မဆိုင်းနော်ကတော့

"တချို့က ရအောင်ထွက်ပြေးပါလားလို့ ပြောတယ်။ သူတို့ပြောတာ လွယ်တယ်၊ ကျွန်မတို့အတွက်က မပိုင်ဘဲ လုပ်လိုက်ရင် ဘယ်သူမှမသိဘဲ အသက်သေတဲ့အထိ ဖြစ်သွားနိုင်တယ်။ ဒီနေရာမှာ လက်နက်တွေနဲ့ သူတို့လူတွေချည်းပဲလေ။ ဒါပေမဲ့ ကျွန်မရအောင်ပြန်မှာပါ။ သူများကို လိမ်ရသလို ကိုယ်လည်း အလိမ်ခံနေရတဲ့အလုပ်ကို မလုပ်ချင်ဘူး။ ဒီကိုလည်း နောက်ထပ်လူငယ်တွေ ယုံပြီး မလာစေချင်ဘူး။"

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !