Skip to main content

Continue !

မထင်မှတ်ထားသော ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေသလား

 

                             

 

 

လွန်ခဲ့သော သုံးလက ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၎င်းတို့၏ အောင်မြင်မှုများကို ခိုင်မာအောင်လုပ်ပြီး နိုင်ငံတဝန်းမှ အသစ်ရထားသည့် ကျယ်ပြန့်သော နယ်မြေများတွင် အုပ်ချုပ်ရေး ထိန်းချုပ်ထူထောင်ကြသည်။

ရှမ်းပြည်နယ်မှ တရုတ်က ကြားဝင်စေ့စပ်ပေးသည့် အပစ်အခတ်ရပ်စဲရေးသည် အကြိမ်ကြိမ် ချိုးဖောက်ခံနေရသော်လည်း စစ်ပွဲ၏ ဗဟိုချက်များသည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ရှေ့သို့ မှန်မှန်တိုးလာနေသည့် မြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရက္ခိုင့်တပ်တော် (AA) ၏ ပိုင်နက် ရခိုင်ပြည်နယ်သို့ ရွှေ့သွားသည်။

စစ်ပွဲ၏ ဗဟိုချက်များသည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ရှေ့သို့ မှန်မှန်တိုးလာနေသည့် မြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရက္ခိုင့်တပ်တော် (AA) ၏ ပိုင်နက် ရခိုင်ပြည်နယ်သို့ ရွှေ့သွားသည်။

ပြည်တွင်းစစ်နှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ခံသည့် အားလုံး ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ နှစ်ခုလုံးအတွက် အရေးအပါဆုံးမှာ ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ဖြစ်သည်။

AA နှင့်စစ်ကောင်စီ စစ်သားများအကြား တိုက်ပွဲဖြစ်ရန် နီးကပ်လာပြီ ထင်သောကြောင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ ဒေသခံများ ထွက်ပြေးနေကြသည်။ မြန်မာနိုင်ငံ အနောက်ဘက်စွန်းမှ ခံတပ်သဖွယ် ပြုလုပ်ထားသော အုပ်ချုပ်ရေးနှင့် စစ်ရေးအချက်အခြာကျသည့် ထိုဒေသ ကျဆုံးခြင်းသည် ရခိုင်တိုင်းရင်းသားတပ်များ အောင်ပွဲ အများအပြားအနက်မှ နောက်ဆုံးတိုက်ပွဲ ဖြစ်နိုင်သည်။

AA သည် ၂၀၂၀ ပြည့်နှစ်တွင် စစ်တပ်ကို အကျပ်အတည်းဖြစ်အောင် တိုက်နိုင်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် AA သည် NUG ကို ထောက်ခံရန် သာမန်အားဖြင့် ကတိပြုသည်။

သို့သော် AA သည် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေးကို မဖောက်ဖျက်ဘဲ နိုင်ငံရေးအာဏာ ခိုင်မာအောင်လုပ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံ အနောက်ဘက်အစွန်ဆုံး ပြည်နယ်ဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ခိုင်မာအောင် လုပ်သည်။


ရခိုင် အပစ်အခတ်ရပ်စဲရေးသည် ၂၀၂၂ ခုနှစ်တွင် ပျက်ပြယ်သော်လည်း နှစ်ဖက်လုံးသည် ပိုမိုကျယ်ပြန့်သော စစ်ပွဲအတွက် စွန့်စားလိုခြင်း မရှိကြပေ။ စစ်တပ်သည် စစ်မျက်နှာသစ်တခုတိုက်ရန် မလုပ်ဆောင်နိုင်ဘဲ ဖြစ်နေပြီး AA ကလည်း ၎င်းတို့သည် တိုက်စရာမလိုဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရမည်ကို သိသောကြောင့် စစ်တပ်က အခြားနေရာများကို အာရုံစိုက်နေသည်ကို ခွင့်ပြုထားလိုက်သည်။ AA နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်းသည် အရပ်ဘက်အုပ်ချုပ်ရေး အရှိန်မြှင့်တင်ပြီး ပြိုင်ဘက်များကို မလှုပ်ရှားနိုင်အောင် လုပ်သည်။

NUG အတွက် အံ့သြတုန်လှုပ်စရာမှာ AA သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရန် ညှိနှိုင်းလိုက်ခြင်း ဖြစ်သော်လည်း တင်းမာမှုများ ဆက်လက်ရှိနေသည်။

NUG အတွက် အံ့သြတုန်လှုပ်စရာမှာ AA သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရန် ညှိနှိုင်းလိုက်ခြင်း ဖြစ်သော်လည်း တင်းမာမှုများ ဆက်လက်ရှိနေသည်။

၂၀၂၃ ခုနှစ်၊ မေလတွင် မိုခါဆိုင်ကလုန်းမုန်တိုင်း ရခိုင်တွင် တိုက်ခတ်ပြီးနောက် စစ်တပ်က ပြည်နယ်အတွင်း နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများကို ပိတ်ပင်လိုက်သဖြင့် AA ကို ထပ်မံတရားဝင်စေပြီး ဒေသခံပြည်သူများသို့ လူသားချင်း စာနာမှုအကူအညီအများစုကို AA ကသာ ပေးအပ်ရသည်။

အောင်ပွဲခံနေသော ရက္ခိုင့်တပ်တော်

၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဝင်ဖြစ်သော AA သည် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပယ်ဖျက်လိုက်သည်။ ထိုအချိန်မှစတင်ပြီး AA သည် စစ်တပ်နှင့် ရဲစခန်းပေါင်း ၄၀ ကျော်နှင့် မြို့အများအပြားကို သိမ်းပိုက်သည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ခမရ ၅၃၉ ခြေမြန်တပ်ရင်းတခုလုံး AA ထံ လက်နက်ချသည်။ လူမှုကွန်ရက်တွင် ကျယ်ပြန့်စွာ ဖြန့်ချိသည့် ဗီဒီယိုတခုတွင် စစ်သားများနှင့် ၎င်းတို့မိသားစုများ လက်ထိပ်ခတ်ခံထားပြီး စောင့်ကြပ်ခေါ်ဆောင် ခံရသည့်ပုံများကို ပြထားသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်း အမြောက်အမြားကို တွေ့ရစဉ် / AA Info Desk

AA သည် အမြောက်ကြီးများ၊ အတွဲလိုက်ပစ်သည့် ဒုံးကျည်လက်နက်များ အပါအဝင် လက်နက်အများအပြား သိမ်းဆည်းမိပြီး ထိုလက်နက်များကြောင့် ထိုးစစ်ကို ဆက်လက် ဆင်နွှဲနိုင်သည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် AA သည် ကျောက်တော်မြို့ကို သိမ်းပိုက်ပြီး လက်ရှိအချိန်တွင် တောင်ဘက်သို့ ဆက်လက် ချီတက်နေပြီး မြောက်ဦးနှင့် မင်းပြားတွင် ပြင်းထန်သော တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

ယခုအခါ AA သည် ရခိုင်မြောက်ပိုင်း တခုလုံးနီးပါးကို သိမ်းပိုက်ထားသည်။ အလားတူ အရေးကြီးသော အချက်မှာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ ဆိပ်ကမ်းမြို့ကို AA က သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

ယခုအခါ AA သည် ရခိုင်မြောက်ပိုင်း တခုလုံးနီးပါးကို သိမ်းပိုက်ထားသည်။ အလားတူ အရေးကြီးသော အချက်မှာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ ဆိပ်ကမ်းမြို့ကို AA က သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်တပ်က ထိုမြို့ကို လေကြောင်းမှ မှန်မှန်တိုက်ခိုက်နေပြီး လူ ၅၀,၀၀၀ ကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးရသည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင် AA သည် ကျောက်ဖြူအနီး ဓညဝတီ ရေတပ်စခန်းဌာနချုပ်ကို တိုက်ခိုက်သည်။ ရေတပ်သည် ထိုဒေသ၌ တပ်များ သယ်ယူပို့ဆောင်ရာတွင် အရေးပါသလို အရပ်သားများကို တိုက်ခိုက်ရာတွင်လည်း ရေတပ်ကို သုံးနေကြောင်း တွေ့ရသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် AA သည် ရေတပ်စခန်းတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး ပျက်စီးသည့် အတိုင်းအတာကို မသိရပေ။

တရုတ်နှင့် အိန္ဒိယတို့ ပြန်လည် စဉ်းစားသုံးသပ်မလား

ရခိုင်ပြည်နယ်မှ စစ်ပွဲသည် အကြောင်း ငါးချက်ကြောင့် အရေးပါသည်။

ပထမအချက်မှာ AA ၏ ထိုးစစ်ကြောင့် စစ်တပ်သည် အခြားနေရာများတွင်လည်း အပြင်းအထန် လိုအပ်နေသည့် လူများ၊ လေယာဉ်များနှင့် အခြားရင်းမြစ်များကို ရခိုင်ပြည်နယ်တွင် ဖြန့်ချရသည်။ စစ်တပ်သည် လက်နက် အကောင်းဆုံး တပ်ဆင်ထားသည့် အကြီးမားဆုံး တိုင်းရင်းသား တပ်မတော်များနှင့် ရင်ဆိုင်နေရချိန်တွင် ရှမ်းပြည်နယ်၌ တန်ပြန်ထိုးစစ် မလုပ်နိုင်တော့ပေ။ ရခိုင်ပြည်နယ်သို့ နောက်ထပ် စစ်သားများ ထပ်မံ ပို့ဆောင်နေရသည်မှာလည်း အမှန်တကယ်ပင် ဖြစ်သည်။

ဒုတိယအချက်မှာ AA ၏ အောင်မြင်မှုများကြောင့် အိန္ဒိယသည် ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည် အကဲဖြတ်နေရသည်။

၎င်းတို့ကိုယ်တိုင်လည်း ဒီမိုကရေစီကို အကြီးအကျယ် နောက်ပြန်ဆွဲနေသည့် နာရန်ဒရာ မိုဒီ အစိုးရသည် စစ်ကောင်စီ အင်အားချိနဲ့နေပါက တရုတ်အား အလွန်မှီခိုရမည်ကို စိုးရိမ်ပြီး အာဏာသိမ်းချိန်မှ စတင်၍ မြန်မာ စစ်တပ်ဘက်မှ ရပ်တည်သည်။

အိန္ဒိယသည် မီဇိုရမ်သို့ ထွက်ပြေးလာသည့် မြန်မာစစ်သား ၇၀၀ ခန့်ကို လက်နက် ဖြုတ်သိမ်းခြင်း မပြုရုံသာမက အချို့ကို ရခိုင်ပြည်နယ်မြို့တော် စစ်တွေသို့ ပို့ဆောင်ပေးသည်။ ထိုစစ်သား ရာပေါင်းများစွာကို ပြန်လည် ခေါ်ယူရန် စေလွှတ်လိုက်သည့် လေတပ်သယ်ယူပို့ဆောင်ရေး လေယာဉ်တစင်းသည် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လမ်းချော်သည်။

AA အောင်ပွဲသည် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို အခြေအနေ ရှုပ်ထွေးသွားစေသည်။ ထိုစီမံကိန်းသည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကိုလ်ကတ္တားနှင့် အိန္ဒိယ၏ ကုန်းတွင်းပိတ် မီဇိုရမ်ပြည်နယ်ကို စစ်တွေနှင့် ပလက်ဝ ဆိပ်ကမ်းများမှတဆင့် ဆက်သွယ်ပေးသည့် စီမံကိန်းဖြစ်သည်။

သို့သော် AA အောင်ပွဲသည် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို အခြေအနေ ရှုပ်ထွေးသွားစေသည်။ ထိုစီမံကိန်းသည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကိုလ်ကတ္တားနှင့် အိန္ဒိယ၏ ကုန်းတွင်းပိတ် မီဇိုရမ်ပြည်နယ်ကို စစ်တွေနှင့် ပလက်ဝ ဆိပ်ကမ်းများမှတဆင့် ဆက်သွယ်ပေးသည့် စီမံကိန်းဖြစ်သည်။

ထို ဒေါ်လာ ၄၈၄ သန်းတန် စီမံကိန်းတွင် မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇောမှ နယ်စပ်သို့၊ ထိုနောက် နယ်စပ်မှ ပလက်ဝသို့ ၃၈ မိုင်ရှည်သောလမ်း ပါဝင်ပြီး ပလက်ဝမှတဆင့် ကုန်စည်များကို ကုလားတန်မြစ်အတိုင်း စစ်တွေဆိပ်ကမ်းသို့ ပို့မည်ဖြစ်သည်။ အိုက်ဇောမှ စစ်တွေသို့ အပြိုင်ရထားလမ်းကိုလည်း စီစဉ်နေသည်။

နိုင်ငံ၏ အဓိက အစိတ်အပိုင်းများနှင့် ဆစ်ကင်းပြည်နယ်တွင် ၁၃ မိုင်ကျယ်သည့် ဆီလီဂူရီ စင်္ကြံဖြင့်သာ ဆက်သွယ်ထားသည့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့်ပတ်သက်သော နယူးဒေလီ၏ မလုံခြုံမှုသည် သိသာထင်ရှားသည်။

မီဇိုရမ်၊ အာသံ၊ နာဂလန်း၊ မဏိပူ ပြည်နယ်များသည် ပုန်ကန်တော်လှန်မှု အများအပြားနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ အများအပြားရှိပြီး မြန်မာတိုင်းရင်းသား တပ်မတော်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) က နယ်စပ်တလျှောက်တွင် ရှိနေသည်။ ဆီလီဂူရီ စင်္ကြံမြောက်ဘက် ကပ်လျက် ဘူတန်၏ ဒေါ့ခလန်လွင်ပြင်ကို တရုတ် ကျူးကျော်မှုသည်လည်း အိန္ဒိယ၏ မလုံခြုံမှုကို ပိုမိုမြင့်မားစေသည်။

ရခိုင် စီမံကိန်းကြီးများ

အိန္ဒိယသည် NUG ၏ မိတ်ဆွေမဟုတ်ဘဲ ထိုင်းဦးဆောင်သည့် Track 1.5 ဆွေးနွေးပွဲများတွင် ပါဝင်သလို အိမ်ရှင်အဖြစ်လည်း လက်ခံကျင်းပသည်။

                                    
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီ ပလက်ဝ ထွေအုပ်ရုံးကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်စဉ်

မြန်မာလေတပ်က အိန္ဒိယလေပိုင်နက်ကို ချိုးဖောက်ပြီး ဝိတိုရိယစခန်းမှ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တွင် ဗုံးကြဲသောအခါ အိန္ဒိယနိုင်ငံက မည်သို့မျှ မပြောပေ။

အိန္ဒိယသည် အစိုးရဆန့်ကျင်ရေး အင်အားစုများကိုလည်း စစ်ကောင်စီသို့ လွှဲပြောင်းပေးသည်။

AA က ပလက်ဝကို ထိန်းချုပ်လိုက်သောအခါ ကုလားတန် စီမံကိန်းကိုပါ ထိန်းချုပ်နိုင်သောကြောင့် အိန္ဒိယအစိုးရသည် သက်တမ်း သုံးနှစ်ရှိ မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကို ပြန်လည်စဉ်းစား သုံးသပ်ရမည် ဖြစ်သည်။

သို့သော် AA က ပလက်ဝကို ထိန်းချုပ်လိုက်သောအခါ ကုလားတန် စီမံကိန်းကိုပါ ထိန်းချုပ်နိုင်သောကြောင့် အိန္ဒိယအစိုးရသည် သက်တမ်း သုံးနှစ်ရှိ မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကို ပြန်လည်စဉ်းစား သုံးသပ်ရမည် ဖြစ်သည်။

မီဇိုရမ်၏ စီးပွားရေးတိုးတက်မှုသည် စစ်တွေနှင့် လမ်းပန်းဆက်သွယ်ရေးကို မှီခိုနေရပြီး ကုလားတန် စင်္ကြံသည် အနီးရှိ ကျောက်ဖြူသို့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့် အလားတူသည်။

ထိုအချက်ကြောင့် တတိယအကြောင်းသို့ ဦးတည်သွားသည်။ တရုတ်သည်လည်း ၎င်းတို့၏ သဘောထားကို ပြန်လည် အကဲဖြတ်ရနိုင်သည်။ CMEC နှင့် ၂၀၁၁ ခုနှစ်ကတည်းက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် ကျောက်ဖြူဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်းတို့သည် တိုးတက်မှု မရှိသောကြောင့် တရုတ်သည် စိတ်ပျက်နေသည်ဟု သိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်ကောင်စီသည် တရုတ် ကျေနပ်စေရန် နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးသည်။ တရုတ်သည် အောက်တိုဘာလက ဘေဂျင်းတွင် ကျင်းပသည့် ရပ်ဝန်းနှင့် လမ်းအစီအစဉ် ထိပ်သီးဆွေးနွေးပွဲသို့ စစ်ကောင်စီခေါင်ဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်း မရှိခဲ့ပေ။

ထိုဆိပ်ကမ်းအနီး ရမ်းဗြဲကျွန်းတွင် တိုက်ပွဲပြင်းထန်နေသည်။ တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ စတင်ရာ ကျောက်ဖြူ အနီးပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးခြင်းသည်ပင် ထိုစီမံကိန်းကို ရပ်ဆိုင်းသွားစေနိုင်သည်။

ဆန့်ကျင်ဘက် ဖြစ်နေသည့် ရည်မှန်းချက်များ

စတုတ္ထအချက်မှာ AA အဖွဲ့ ရှေ့တန်းရောက်လာခြင်းသည် နိုင်ငံ၏ အားလုံးပါဝင်သော ဒီမိုကရက်တစ် ဖက်ဒရယ် အနာဂတ်အတွက် အရေးပါသော သက်ရောက်မှုရှိသည်။

တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ အားလုံးအနက်တွင် AA သည် လွတ်လပ်ရေးဆီသို့ အတိမ်းညွတ်ဆုံးဖြစ်ပြီး NUG က အဆိုပြုထားသည့် လူဦးရေ ၅၅ သန်း၏ လူမျိုးစုပေါင်းစုံနိုင်ငံအတွက် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အပေါ် သံသယကိုလည်း ဖော်ပြခဲ့သည်။

လူများစုဖြစ်သော ဗမာများသည် အာဏာကို အပြည့်အဝ ခွဲဝေပြီး နိုင်ငံရေးအာဏာကို ကြီးကြီးမားမား ခွဲဝေပေးမည်ဆိုသည့် အချက်ကို AA က မယုံကြည်ပေ။ အလားတူစွာပင် AA သည် ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့်လည်း အဆင်ပြေသော ဆက်ဆံရေး မရှိပေ။ NLD အဖွဲ့ဝင်များသည် NUG ကို လွှမ်းမိုးထားဆဲ ဖြစ်သည်။

ပိုမိုအရေးကြီးသော အချက်မှာ AA သည် ဒီမိုကရေစီစနစ်ကို မသွားလိုပေ။ ၎င်းတို့၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) သည် ပြိုင်ဘက်များကို ဖယ်ရှားရန် ကြိုးစားပြီး AA ခေါင်းဆောင်ပိုင်းသည် အာဏာခွဲဝေခြင်းကို စိတ်မဝင်စားပေ။ ၎င်းတို့က ရခိုင်အနာဂတ်ကို တပါတီ နိုင်ငံတော်အဖြစ် မြင်သည်။

ပိုမိုအရေးကြီးသော အချက်မှာ AA သည် ဒီမိုကရေစီစနစ်ကို မသွားလိုပေ။ ၎င်းတို့၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) သည် ပြိုင်ဘက်များကို ဖယ်ရှားရန် ကြိုးစားပြီး AA ခေါင်းဆောင်ပိုင်းသည် အာဏာခွဲဝေခြင်းကို စိတ်မဝင်စားပေ။ ၎င်းတို့က ရခိုင်အနာဂတ်ကို တပါတီ နိုင်ငံတော်အဖြစ် မြင်သည်။

AA က ပလက်ဝကို သိမ်းပိုက်ခြင်းသည် ချင်းအမျိုးသားတပ်ဦး (CNF)၊ အခြား ချင်းအဖွဲ့အစည်းများနှင့် တင်းမာမှုကို ဖြစ်စေသည်။ ၎င်းတို့က ထိုသေနင်္ဂဗျူဟာကျသည့် မြစ်ကမ်းမြို့ကို ၎င်းတို့မြို့အဖြစ် မြင်ပြီး AA ၏ ရေရှည်ရည်ရွယ်ချက်ကို မယုံကြည်ကြပေ။

လက်တွေ့တွင်လည်း ဇန်နဝါရီလ ၂၅ ရက်နေ့တွင် AA အောက်မှ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တခုဖြစ်သည့် မာရာ ကာကွယ်ရေးတပ်များ (MDFs) သည် ချင်းပြည် ကာကွယ်ရေးတပ်များ (CNF) နှင့် ယင်းလက်‌အောက်မှ PDF တပ်တခုကို တိုက်ခိုက်သည်။ ထိုကိစ္စကို ဒေသအလိုက်ဖြစ်သည့် ပဋိပက္ခအဖြစ် မြင်နိုင်သော်လည်း ယုံကြည်မှုကို ထိခိုက်စေသည်။

နောက်ဆုံးအချက်မှာ AA ရှေ့တန်း ရောက်လာခြင်းသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖရိုဖရဲ အန္တရာယ်များသော ဒုက္ခသည်စခန်းများတွင် နေထိုင်နေသော ရိုဟင်ဂျာ ၁ သန်း ပြန်လာရေးအပေါ်လည်း ရိုက်ခတ်မည် ဖြစ်သည်။

ဗုဒ္ဓဘာသာလွှမ်းမိုးသော AA သည် အာရကန် ရိုဟင်ဂျာ သွေးစည်းခိုင်မာရေးအဖွဲ့ (ARSA) ကို တိုက်ခိုက်နေသည်။ ထိုအဖွဲ့သည် ၂၀၁၆-၂၀၁၇ ခုနှစ်က စစ်တပ်၏ လူမျိုးစု သုတ်သင်ခြင်းကို ဦးတည်စေသည့် တိုက်ခိုက်မှုများကို လုပ်သည့် အဖွဲ့ဖြစ်သည်။

ရိုဟင်ဂျာများ ပြန်လာနိုင်သည်ဟု AA က ပြောထားသော်လည်း ပြောရသည်မှာ လွယ်ကူပြီး NUG က ကြေညာထားသည့် ရိုဟင်ဂျာများသည် ဥပဒေအခွင့်အရေး အပြည့်အဝ ထိုက်တန်သည့် မြန်မာတိုင်းရင်းသား လူမျိုးစုဖြစ်သည်ဆိုသည့် သဘောထားလောက်ပင် ရှင်းလင်းမှု မရှိပေ။

AA ရှေ့တန်းရောက်လာခြင်းသည် မြန်မာစစ်တပ်ကို ချေမှုန်းရေးအတွက် အဓိကကျနိုင်သော်လည်း ထိုအခြေအနေများသည် စစ်တပ်အလွန် ပြည်ထောင်စုအကြောင်း စဉ်းစားရာတွင် စိန်ခေါ်မှုများလည်း ဖြစ်သည်။

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !