ဘုရင့်နောင် သည် ဒုတိယ မြန်မာနိုင်ငံကို အောင်မြင်စွာ ထူထောင်ခဲ့ပြီး သူ၏ လက်ထက်တွင် မြန်မာနိုင်ငံသည် တန်ခိုးအထွားဆုံး အချိန်ဖြစ်ခဲ့သည်။ သို့သော် သူ့ကို ဆက်ခံသော သားတော် နန္ဒဘုရင် လက်ထက်တွင် မူ ဘုရင့်နောင် ၏ အင်ပါယာကြီးမှာ ပြိုကွဲပျက်စီး ခဲ့ရလေသည်။ ထိုမင်းသည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ်ချီစေခြင်းဖြင့် မိမိအင်အားကို ဖြုန်းပစ်ခြင်း ၊လက်အောက်ခံ ဘုရင်များကို နိုင်နင်းစွာ မထိမ်းသိမ်း နိုင်ခြင်း နှင့် ပြည်သူများအား စနစ်တကျ မအုပ်ချုပ်ခြင်း တို့ကြောင့် နိုင်ငံပြိုကွဲခဲ့ရခြင်း ဖြစ်သည်။ နန္ဒဘုရင် သည် ယောင်္ကျားများကို စစ်အခြေခံသင်တန်းပေးကာ လိုက်ပါအမှုထမ်းခိုင်းသည်။ မထမ်းချင်သော ယောင်္ကျားများက ရဟန်းဝတ်ကြလေသည်။ ဤသို့ဖြင့် ရဟန်းအရေအတွက်လည်း တိုးပွားလာရာ ၁၅၉၃ တွင် ရဟန်းစစ်များ နှင့် ရဟန်းတုများကို အမြန်စစ်ဆေးကာ အဓမ္မလူထွက်စေသည်။ ထို အထဲတွင် ရဟန်းအစစ်များလည်း ပါသွားခဲ့ရသည်။ နာမည်ကြီး ဘားမဲ့ ဆရာတော် နှင့် ဘားတမော့ ဆရာတော်များကိုလည်း မယုံကြည်သဖြင့် ပြည်သူများတားနေသည့်ကြားမှပင် ညောင်ရမ်းသို့ ပို့ဆောင်လိုက်လေသည်။ လက်အောက်ခံ နယ်စားများ ပုန်ကန်လျှင် ဗိုလ်မှူးတပ်မှူးများကို နှိမ်နင်းခိုင်း...