Skip to main content

Posts

Showing posts from March, 2024

Continue !

ကျော ချနေတာ ဓ-ား ပြ မှန်း သိစေချင် မိုး တင့် ဆွေ #ChinaVsAmerican

  " ကျော ချ လည်း " Unicode ကျော ချ မှ ဓ-ား ပြ မှန်း သိ ဆို တဲ့ မြန် မာ စ ကား ရှိ တယ် ။ လက် ရှိ မြန် မာ တွေ က ကျော ချ တာ တောင် ဓ-ား ပြ မှန်း မ သိ ကြ ဘူး ။ ဒါ ကြောင့် မြန် မာ နိုင် ငံ ကို အ င်္ဂ လိပ် တွေ လွယ် လွယ် နဲ့ သိမ်း နိုင် ပြီး နှစ် ရာ ချီ လွယ် လွယ် လေး အုပ် ချုပ် နိုင် ခဲ့ တာ ။ လွတ် လပ် ရေး ရ တယ် ဆို တာ လည်း မြန် မာ တွေ တော် လွန်း လို့ ရ ခဲ့ တာ မ ဟုတ် ဘူး ။ အ င်္ဂ လိပ် တွေ ကိုယ် တိုင် မ လို ချင် တော့ လို့ ပြန် ပေး ခဲ့ တာ ။ ၁၉၄၈ မှာ မြန် မာ တစ် နိုင် ငံ တည်း အ င်္ဂ လိပ် လက် အောက် က လွတ် ခဲ့ တာ မ ဟုတ် ဘူး ။ ဂျော် ဒန် ၊ အိ န္ဒိ ယ ၊ ပါ က စ္စ တန် ၊ သီ ရိ လ င်္ကာ ၊ အ စ္စ ရေး တို့ တွေ လည်း ၁၉၄၆ ၊ ၄၇ ၊ ၄၈ ခု နှစ် တွေ မှာ ဗြိ တိ သျှ တွေ လက် အောက် က လွတ် လပ် ရေး ရ ခဲ့ ကြ တယ် ။ အဲ့ ဒီ ကာ လ တွေ မ တိုင် မှီ မှာ တည်း က ဗြိ တိ သျှ အ င်္ဂ လိပ် တို့ ကို လို နီ အား လုံး နီး ပါး ကို တ ဖြည်း ဖြည်း နဲ့ လွတ် လပ် ရေး ပေး နေ ခဲ့ တယ် ။ မြန် မာ ကို အ င်္ဂ လိပ် မှ မ ဟုတ် ဘူး ဘယ် သူ မ ဆို အ လွယ် လေး နဲ့ သိမ်း ပိုက် ပြီး အုပ် ချုပ် လို ရ တယ် ။ ခု လည်း တ ရုတ် က လွယ် လွယ် လေး Proxy နည်း နဲ့ သိမ်း လို

တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် ကိုင်တွယ်နေတဲ့ အကွက်များ

  (၂)မြန်မာ့အခြေအနေဖြစ်ပေါ်မှုများအပေါ်တရုတ်မှတန်ပြန်ကိုင်တွယ်မှုကိုလေ့လာဆန်းစစ်ခြင်း ##### တရုတ်ရဲ့မြန်မာ့လက်ရှိဖြစ်ပေါ်မှုတို့အပေါ်ရှုမှုရပ်တည်မှုနဲ့ကိုင်တွယ်မှုဆိုင်ရာသဘောထားတွေကိုအနီးစပ်ဆုံးတိတိပပစောကြောဆင်ချင်ကောက်ချက်ယူနိုင်ဖို့ဟာအမေရိကန်နဲ့အနောက်အုပ်စုကိုသိနားလည်နိုင်ဖို့ခက်ပိုအရေးကြီးအခရာကျပါတယ်။ ကောင်းကျိုးဆိုးကျိုးကိုပိုထိထိရောက်ရောက်ဖန်တီးနိုင်ပါတယ်။ တရုတ်နဲ့ပါတ်သက်လို့ကျနော်ပို့စ်ပေါင်းများစွာနဲ့တင်ပြခဲ့ပါတယ်။ သူတို့အပေါ်စောကြောလေ့လာဆန်းစစ်မိသမျှကို အကျဥ်းချုပ်ပြန်လည်တင်ပြရရင်။ ၁။ တရုတ်ဟာမြန်မာနဲ့ပါတ်သက်ပြီးလောင်းကြေး၂ခါရှုံးထားခဲ့ပြီးပါပြီ။ ပထမအကြိမ်က၁၉၈၈ခုနောက်ပိုင်းတပ်မတော်အစိုးအပေါ်လောင်းကြေးထပ်ခဲ့ပါတယ်။ ဒီရွေးချယ်မှုဟာ သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာလုံးဝကြရှုံးသွားပါတယ်။ [ ] တရုတ်ကိုဘက်ကန်အနောက်အုပ်စုရဲ့ထိမ်းချုပ်မှုနောက်ဝပ်စင်းလိုက်ပါရင်းလမ်းခွဲလေတော့ပြည်သူလည်းမုန်းစီးပွားလည်းရှုံးတဲ့အခြေအနေတရပ်ကိုကြုံလိုက်ရတယ်။ [ ] တရုတ်အပေါ်ကိုင်တွယ်မှုအတွက်တကယ်ကြားညပ်ဆက်ဆံရေးအပျက်ခံလိုက်ရတာကဦးသိန်းစိန်အစိုးရ မဟုတ်ပေဘဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကွပ်ကဲမှုအောက်ကမြန်မာ့တပ်မတ

မြန်မာစစ်တပ်သို့ ဝင်ရောက်အမှုထမ်းဖို့ ပြင်ဆင်နေကြတဲ့ တပ်မတော်သား အသစ်များ #MyanmarArmy

 

မူဆယ်ကျားဖြန့်သူဌေး ၁၀ဦး ကျော်နဲ့အတူ ခလရ (၂၉၀) တပ်ရင်းမှူးတို့ကို တရုတ်အထူးရဲကဖမ်း၊

  ရွှေလီထဲ ရောက်လာတဲ့ မူဆယ်ကျားဖြန့်သူဌေး ၁၀ဦး ကျော်နဲ့အတူ ခလရ (၂၉၀) တပ်ရင်းမှူးတို့ကို တရုတ်အထူးရဲကဖမ်း၊ မူဆယ်ထဲက ကျားဖြန့်ရုံးအားလုံးနီးပါးကို စစ်ကောင်စီဝင်စီး မတ်လ ၂၉၊ မူဆယ် ပြီးခဲ့တဲ့ မတ်လ ၂၆ရက်နေ့မှာ တရုတ်ပြည်ဘက် ရွှေလီထဲကို အလည်ပတ်သွားကြတဲ့ ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း)တွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ သူဌေး ၁၁ဦး ကျော်နဲ့အတူ မူဆယ်အခြေစိုက် ခလရ(၂၉၀) တပ်ရင်းမှူး ရွှေမောင်တို့ကို တရုတ်အထူးရဲတွေက ဖမ်းစီးသွားခဲ့တယ်လို့ တိကျတဲ့ သတင်းအရင်းမြစ်ထံက သိရပါတယ်။ ဖမ်းစီးခံခဲ့ရပြီးနောက် (၂၉၀) တပ်ရင်းမှူးဖြစ်သူ ရွှေမောင်ကို တပ်မ(၉၉) တပ်မဟာမှူးက သွားရောက်ထောက်ခံလို့ ပြန်လွတ်လာပြီး ၂၇ရက်နေ့ ညနေပိုင်းကနေ မတ်လ ၂၈ရက်နေ့အထိ မူဆယ်ထဲက ကျားဖြန့်ရုံတွေကို စစ်ကောင်စီက ဝင်စီးခဲ့ပါတယ်။ “တရုတ်ဘက်က စောင့်ကြည့်နေတာကြာပြီ။ အခုလာဖမ်းတာလည်း ယူနန်ကရဲတွေမဟုတ်ဘူး။ ရှန်ဟိုင်းကနေလာတဲ့ အထူးရဲတွေ။ စကတည်းက ၁ယောက်စ ၂ယောက်စ ဝင်တာမဖမ်းဘူး။ အခု အကုန်လုံးဝင်မှ ဆွဲသွားတာ။ တပ်ရင်းမှူး ရွှေမောင်ကတော့ စစ်ကောင်စီက မြန်မာနိုင်ငံသားဆိုပြီး ပြန်ထုတ်လာတယ်။ အဲဒီထဲက နောက်ထပ် ၂ယောက်လည်း လွတ်လာတယ်။ ကျန်တာတော့ ဖမ်းခေါ်သွားပြီ”လို

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

လက်စားခြေ သံသရာ

  " လက်စားခြေ သံသရာ " ကမ္ဘာ့မြင်ကွင်းတွေက ဘယ်နေရာကြည့်ကြည့် တခုမှမကောင်းဘူး၊ Trump သမ္မတဖြစ်လာရင်ပိုဆိုးဦးမယ်၊ အနောက်ဥရောပဖက်မှာ အကြမ်းဖက်မှုတွေကို မကြာခဏ ကြားရ မြင်ကြရဦးမယ်၊ ရုရှား Crocus City Hall ကိုအကြမ်းဖက် တိုက်ခိုက်သွားတယ်၊ အကြမ်းဖက်သူတွေရော သံသယရှိသူတွေရော ဖမ်းဆီးစစ်ဆေးခံကြရတယ်၊ ခပ်ပြင်းပြင်း စစ်ဆေးမှုကို မီဒီယာက တင်လိုက်တဲ့အတွက် အကြမ်းဖက်အဖွဲက ထပ်ပြီး ကြိမ်းပြန်တယ်၊ သွေးကြွေးက အပြန်အလှန်လက်စားခြေမှုတွေနဲ့ သံသရာလည်နေကြဦးမှာပဲ၊ အမှောင်ထဲကထွက်တိုက်တဲ့စစ်ကို ပိုကြောက်လို့ မိတ်ပျက်ခံပြီး UNSC မှာ ဘိုင်ဒင်က Veto မသုံးပဲ ချက်ခြင်းအပစ်ရပ် တောင်းဆိုမှုကို ခွင့်ပြုလိုက်တယ်၊ ဒီကိစ္စ ဒီမှာပဲပြီးသွားမလား ဆိုတဲ့ မေးခွန်းဖြစ်လာတယ် အစ္စရေးနယ်မြေထဲ ကျူးကျော်လာပြီး အစ္စရေး (၁၄၀၀) ကျော်သတ်ဖြတ်သွားလို့ Gaza operation လုပ်ရာမှာ ပါလက်စတိုင်း (၃၂,၀၀၀) ကျော်သေကြပြန်တယ်၊ Hamas အပြင် ဟူသီနဲ့ ဟဇ်ဘိုလာတွေပါလာကြပြီ၊ ဆက်နွယ်အကျိုးဆက်က ကမ္ဘာအနှံ အမေရိကန်အကျိုးစီးပွားရှိရာတွေ၊ အမေရိကန်တွေ ပစ်မှတ်ထား အတိုက်ခံရမှာစိုးလို့ အမေရိကန်က အစ္စရေးကို စစ်

နေဝင်ချိန် မှတ်တမ်း (၁)

  နေဝင်ချိန် မှတ်တမ်း (၁) ================ ဒီအကြောင်းကို ကျနော် အမြင်နဲ့ ရေးပေးဖို့ တိုက်တွန်းပြီး link ချပေးခဲ့တာက ကိုရဲဝင့်ခန့်အောင် ပါ ။ Myint Aung Kyaw ACC မှ တင်ပြထားတဲ့ ဦးနေဝင်း ဘဝနေဝင်ချိန် မှတ်တမ်းများ ဖြစ်ပါတယ် ။ မူလ ဆရာ Myint Aung Kyaw ကတော့ အပိုင်း ၁၄ ခု ရေးထားပါတယ် ။ ကျနော်ကတော့ ဖြတ်တောက်ရေးသားဖို့ စဉ်းစားထားတော့ သူ့လောက်တော့ များမယ်မထင်ပါဘူး ။ ဆရာမြင့်အောင်ကျော်ကတော့ "မှတ်တမ်းမရှိသောတပ်မတော်ဒုတိယဖခင်၏ နိဂုံး" ဆိုပြီး အမည်ပေးထားပါတယ် ။ ဦးနေဝင်း မကွယ်လွန်မှီ ၃ နှစ်ခန့် အတူနေထိုင်ခဲ့သည့် ဗိုလ်ကြီးတဦး၏ ပြောကြားချက်များ နဲ့ website မှ အချက်အလက်များကို တိုက်ဆိုင် စစ်ဆေးပြီး ရေးသားထားတယ်လို့ ဆိုပါတယ် ။ ဦးနေဝင်းဟာ နိုင်ငံတော်ပိုင် အိမ်ထဲမှာ ဗိုလ်မှူးဘိုဘို (DSA 28) ၊ ဗိုလ်ကြီးသိန်းလှိုင် (OTS 55) ၊ ရဲဘော် ၃ ဦး တိုနဲ့ အတူနေခဲ့ရပါတယ် ။ အသက်ကြီးလာတော့ တုန်တုန်ချိချိ ဖြေးဖြေးလေးလေး ဖြစ်လာရပါတယ် ။ သူဒီလို ဖြေးဖြေးအေးအေး ပြောတာ ဆိုတာတွေကို သူ့မြေးတွေဖြစ်တဲ့ ကိုအေးနေဝင်းတို့ ညီအကိုတွေက စိတ်မရှည်ကြဖူးလို့ ဆိုပါတယ် ။ အဲဒါကြောင့် ဦးနေဝ

နေဝင်ချိန် မှတ်တမ်း (၂)

  နေဝင်ချိန် မှတ်တမ်း (၂) =============== ဦးနေဝင်းက ပြောပါတယ် ။ ဒေါ်စန္ဒာဝင်းက ဖုန်းဆက်ခေါ်လို့ တဲ့ ။ သူတို့အိမ်ကို ရောက်တော့ လင်မယားချင်း သာမန် စကားများတာ ဆိုတော့ ဒေါသ ထွက်နေတဲ့ ဦးနေဝင်းကပဲ သမီး နဲ့ သမက်ကို နားချဖျောင်းဖျပြီး ပြန်ခဲ့ရပါတယ် ။ ဦးအေးဇော်ဝင်းက အိပ်ပျော်နေရင် ဆူညံစွာ ဟောက်တတ်လို့ သီးခြားခွဲအိပ်ကြတယ်လို့လဲ သိရပါတယ် ။ ဦးနေဝင်း နဲ့ ခေတ်ပြိုင်လူကြီးများဟာ •45 ဗို့ ဝက်ဘလီ သေနတ်တွေကို အလွန်နှစ်သက်စွာ ကိုင်လေ့ရှိပါတယ် ။ ၁၉၇၄ ပဲခူးရိုးမထဲမှာ ဗကပ ခေါင်းဆောင် သခင်ဇင် ၊ သခင်ချစ်တို့ နှစ်ဦးလုံးကို •45 ဗို့ ဝက်ဘလီ ကိုယ်စီနဲ့ အသေဖမ်းမိသလို ဗကပ ဗဟိုကော်မတီဝင် ရဲဘော်သုံးကျိပ်ထဲက ဗိုလ်ဇေယျ ကိုလည်း ညောင်လေးပင် အနီး ငါးပြေမ စားကျက်မြေမှာ •45 ဗို့ ဝက်ဘလီ နဲ့ ပဲ အသေဖမ်းမိခဲ့ဖူးပါတယ် ။ ဦးနေဝင်းရဲ့ စာကြည့်ခန်းထဲမှာ ဓါတ်ပုံတွေ ရှိပါတယ် ။ အင်္ဂလိပ်တို့ မြန်မာပြည်ကို သိမ်းပြီးစမှာ အင်္ဂလိပ်တို့ရဲ့ ဆက်ဆံရေးတပ်က ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေလည်း ပါဝင်ပါတယ် (ပူးတွဲ တင်ပြထားပါတယ်) အဲဒီ ပုံတွေကတော့ ၁၉၆၈ ခုနှစ်မှာ ဦးနေဝင်း အင်္ဂလန်သွားစဉ် ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်က လက်ဆောင်ပေးခ

Hi !

!

Click !