Skip to main content

Continue !

၁၀၂၇စစ်ဆင်ရေးဟုအမည်ခံပြီး မကြာသေးတဲ့အချိန်တုန်းအရှေ့မြောက်ဒေသမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ အနည်းငယ်ရှုပ်ထွေး




 ၁၀၂၇စစ်ဆင်ရေးဟုအမည်ခံပြီး မကြာသေးတဲ့အချိန်တုန်းအရှေ့မြောက်ဒေသမှာ ဖြစ်ခဲ့တဲ့

တိုက်ပွဲတွေဟာ အနည်းငယ်ရှုပ်ထွေးပါတယ်မိတ်ဆွေ
စစ်ရေးလေ့လာသုံးသပ်သူတွေအမြင်အရလည်း တရုတ်ပါဝင်ပတ်သက်နေတယ်လို့ဆိုကြတယ်..သက်သေအထောက်အထားအချို့လဲရှိတယ်..
ဘာကြောင့်တရုတ်ပါဝင်ပတ်သက်ရတာလဲ?
မြန်မာအစိုးရနဲ့ ရုရှားတို့က ပိုမိုနီးကပ်လာတဲ့ဆက်ဆံရေးကြောင့် ငါ့ကိုအာခံရင်
ဘာဖြစ်မယ်ထင်လဲဆိုတဲ့ ပုံစံမျိုးနဲ့ပါ..
သိရှိရသလောက်သတင်းများအရတော့
လဲချား ဘက် လွိုင်ဆနင်းမှာ ရုရှားက
သံဖြူမိုင်းတူးဖော်ဖို့ကို မြန်မာအစိုးရနဲ့
သဘောတူညီမှုရလိုက်တယ်..
ပြီးတော့ လာအိုအထိတောင် ရုရှားက
ရထားလမ်းဖောက်မယ်လို့ဆိုတယ်..
ဒါကိုမလိုလားလို့ ပညာပြလိုက်တဲ့အနေထားပေါ့..
နောက်ပြီးတော့ ကျားဖြန့်ကိစ္စကလည်း
နည်းနည်း ရှုပ်ထွေးနေတယ်၊
မြန်မာအစိုးရနဲ့ တရုတ်အစိုးရတို့ကတောင်
ပူးပေါင်းဝရမ်းထုတ်တဲ့ကိစ္စရှိတယ်....
အရှေ့မြောက်ဒေသက ဖြစ်စဉ်မှာ
ရည်ရွယ်ချက်ကိုယ်စီရှိကြတယ်..
ချည်အထွေးကို တစ်ခုချင်းဖြည်ကြည့်ရရင်
(၁) တရုတ်
တရုတ်ရဲ့ ရည်မှန်းချက်က မြန်မာအစိုးရနဲ့
စစ်ရေးထိပ်တိုက်တွေ့ချင်တာမဟုတ်ပါဘူး..ကမ္ဘာ့စာမျက်နှာမှာတောင် ထိုင်ဝမ်အရေးက ကျယ်လောင်နေတယ်..
နောက်ပြီး မြန်မာနိုင်ငံကို စစ်ရေးအရ
ပေါ်ပေါ်ထင်ထင် ဝင်ရောက်မယ့်အနေအထားမရှိပါဘူး..
ပေါ်ပေါ်ထင်ထင်ဝင်ရင် ရုရှား၊ အမေရိကန်နဲ့ အနောက်အုပ်စုတွေကလည်း ဒီတိုင်းလက်ပိုက်ကြည့်နေမှာတော့မဟုတ်ပါဘူး..
ရုရှားက မဟာမိတ်မို့ထားတော့..
အမေရိကန်နဲ့အနောက်အုပ်စုကတော့
မြန်မာလူမျိုးတွေဖက်က လက်ပိုက်ပြီး
ကြည့်နေနိုင်တာတော့မဟုတ်ပါဘူး..
ရန်သူ ကြီးထွားသွားမှာကို မလိုလားတာပါ..
တရုတ်က ကျောင်းမှန်းကန်မှန်းသိအောင်
လုပ်ပြချင်တာလောက်ပဲ ရည်ရွယ်တာပါ..
..(နွေဦးတော်လှန်ရေးနဲ့မဆိုင်ပါ)
(၂) UWSA
မြောက်သုံးကောင်တို့ကို အဓိက လက်နက်
ထောက်ပံ့ပေးနေတဲ့အဖွဲ့က "ဝ"ပါပဲ...
မြောက်သုံးကောင်အပြင် KIA နဲ့
ကရင်နီတောင် ဝ ရဲ့ ထောက်ပံ့မှုမကင်းပါဘူး.. အထူးသဖြင့် AAနဲ့ MNDAAရဲ့ လေ့ကျင့်ရေးစခန်းတွေက ဝ ဒေသထဲမှာပါ..
ထွန်းမြတ်နိုင်အားအကျဆုံးကလည်း
ဝ ရဲ့ အနေအထားမျိုးပါပဲ..
MNDAAရဲ့ ဌာနချုပ်တွေအကုန်လုံးကလည်း ဝ ဒေသထဲမှာပဲ တစုတစည်းတည်း
ရှိနေပါတယ်..
မြောက်သုံးကောင်ကို အဓိကထောက်ပံ့နေတဲ့ စစ်လက်နက်စက်ရုံတွေဆိုရင်..
မိုင်မော ပန်ဝိုင် ဟိုပန်ဒေသတွေဖြစ်တယ်လို့ ကွင်းဆက်တွေကဖော်ပြနေတယ်..
ဝ ရဲ့ရည်ရွယ်ချက်က စစ်ရေးထဲကို
ပြောင်ပြောင်တင်းတင်းပါဖို့တော့
ဆန္ဒမရှိပါဘူး..
ချောင်ရင်တော့ ကောက်စားမှာပါ..
အရိပ်အခြေကြည့်တဲ့သဘောပါပဲ..
စစ်ထဲပါဖို့ဆိုရင်လည်း ရှမ်းလက်နက်ကိုင်
တွေကတော့ ဒီတိုင်းနေမှာမဟုတ်ပါဘူး
SSAနဲ့ကလည်း 2002တုန်းက ရန်ငြိုးကလည်း ရှိထားပါတယ်..
နောက်ပြီး ဝ ရင်ဆိုင်ရမယ့်
တပ်နယ်တွေလည်းရှိပါတယ်...
ဒါကိုအခွင့်ကောင်းယူပြီးတော့
ပြန်မဆုတ်ပေးတဲ့စခန်းတွေကိုလည်း
ယိုးဒယားက ပြန်တိုက်နိုင်ပါတယ်...
"ဝ"က လက်နက်ရောင်းချမှုနဲ့ အခြားတရားမဝင်မှုတွေကနေ ဝင်ငွေအဓိကရတယ်..
အခြားသောသူပုန်တွေရှိနေသမျှ
စီးပွားရေးဖြစ်နေမယ်..
နောက်တစ်ခုက မြန်မာပြည်မှာ
အခြားအခြားသော သူပုန်တွေမရှိတော့ရင်
ဝ က သူ့ချည်းပဲ တထီးတည်ကျန်ခဲ့မှာကို
မလိုလားပါဘူး..
ဒီတော့ အခြားသူပုန်တွေ သက်ဆိုးရှည်ခြင်းကလည်း သူ့အကျိုးစီးပွားပါပဲ...
(နွေဦးတော်လှန်ရေးအတွက်မဟုတ်ပါဘူး)
(၃) MNDAA
MNDAAနဲ့ UWSAတို့ကတော့
ဗကပခွဲထွက်တွေဖြစ်ပါတယ်...
MNDAAကတော့ ဗကပကနေ 1989မှာ
ခွဲထွက်ပြီး မြန်မာအစိုးရနဲ့ ပထမဆုံး
ငြိမ်းချမ်းရေး ယူခဲ့တဲ့အဖွဲ့ပါပဲ..
MNDAAခေါင်းဆောင် ဖုန်ကျားရှင်နဲ့
ဦးခင်ညွန့်တို့ သဘောတူလက်မှတ်တွေ
ရေးထိုးပြီးတော့ ကိုးကန့်ဒေသက
ရှမ်းပြည်နယ်ရဲ့ အထူးဒေသ(၁)
ဖြစ်လာခဲ့တယ်..
အဲ့ဒီကိုးကန်ဒေသက ဘိန်းစိုက်ပျိုးမှုက
ကမ္ဘာကျော်တဲ့အထိဖြစ်လာပြီး
1992မှာ ကိုးကန့်အဖွဲ့ထဲမှာပဲ ဖုန်မျိုးနွယ်နဲ့
ရန်မျိုးနွယ်တို့က ဘိန်းစစ်ဖြစ်ပွားခဲ့တယ်..
ဖုန်မျိုးနွယ်ကစစ်ရှုံးပြီး ကျိုင်းတုံဖက်
ထွက်ပြေးခဲ့ကြရတယ်...
1994မှာ မူးယစ်ဆေးဝါးမှုနဲ့
ရန်မိုးလျန်ကို တရုတ်အစိုးရက ဖမ်းဆီး
ကွပ်မျက်လိုက်တော့ ဖုန်တွေက
မိုင်းလားကို တကျော့ပြန်ခြေကုပ်ဖို့
ရောက်လာခဲ့တယ်..
2009ခုနှစ်မှာ မြန်မာစစ်အစိုးရက
မြန်မာပြည်မှာရှိတဲ့ EAO တွေကို
နယ်ခြားစောင့် အသွင်ပြောင်းဖို့အတွက်
ဖိအားပေးခဲ့တာတွေရှိတယ်...
လက်ခံတဲ့အဖွဲ့တွေကလက်ခံသလို
လက်မခံတဲ့အဖွဲ့တွေကလည်း လက်မခံ
ကြဘူးပေါ့...
ဒီထဲမှာ ဖုန်ကျားရှင်က လက်မခံဘူး..
ဒါပေမယ့် ပယ်မျိုးနွယ်ခေါင်းဆောင်
ပယ်ဆောက်ချိန်က MNDAAကနေ
ခွဲထွက်ပြီးတော့ မြန်မာအစိုးရနဲ့ပေါင်းပြီး
ဖုန်မျိုးနွယ်ကို တိုက်ထုတ်တယ်..
နောက်တော့ ပယ်ဆောက်ချိန်က
2010မှာ ရွေးကောက်ပွဲတွေဝင်ပြိုင်ပြီး
အမတ်နေရာတောင်ရခဲ့တယ်..
အဲ့ဒီနောက် ကိုးကန့်ဒေသ မှာ ဥက္ကဌ
ရာထူးကို တရားဝင်တောင်ရယူခဲ့တယ်..
ခုနောက်ပိုင်းတော့ လူမြင်ကွင်းမှာ
သိပ်မပေါ်တော့ပဲ သူ့သားတွေကိုပဲ
နောက်ကွယ်ကနေ ညွှန်ကြားနေပါတယ်..
2015မှာ အစွယ်ကျိုးနေတဲ့ ဖုန်ရဲ့ MNDAAကို
တရုတ်က အရှင်မွေးပေးလိုက်တာ
နေ့ချင်းကြီးလာပြီး ကုန်ကြမ်းဒေသက
ခမရ၂၂၅ကို အင်အားအလုံးအရင်းနဲ့
ဝင်တိုက်ခဲ့တယ်..
တပ်မတော်ဖက်က စစ်သည်ပေါင်းများစွာ
အသက်ပေးလှူခဲ့ရတယ်..
တရုတ်က လူအားရော လက်နက်အင်အားရော နည်းပညာရောအကုန်ထောက်ပံ့ပေးခဲ့တယ်..
အကြောင်းကတော့ မြစ်စုံကိစ္စကို
ဦးသိန်းစိန်က လက်မှတ်ထိုးရပ်တန့်လို့
တရုတ်အမျက်ရှခဲ့တာပါ..
မြန်မာအစိုးရဖက်ကလည်း
တရုတ်ရဲ့ကျူးကျော်ရန်စမှုလို့
မသုံးနှုန်းခဲ့ပါဘူး..
တိုးတိုးကျိတ်ကျိတ်ထည့်ထားတဲ့
တရုတ်စစ်သည်တွေကို
ဘာသံမှမထွက်ပဲ ပြန်ကျိတ်ဆော်ခဲ့တယ်
တရုတ်ကလည်း ဗြောင်ဝင်မရတော့
ကျိတ်ခံရတယ်..
ဒီနောက် ကံကြမ္မာအလှည့်အပြောင်းအရ
တရုတ်သစ်ခိုးခုတ်သမာ အယောက်
200ဝန်းကျင်ကို ကချင်ပြည်နယ်မှာ
ဖမ်းမိတယ်..
ချက်ချင်း ခုံရုံးတင်ပြီး ချက်ချင်းအမိန့်တွေ
ချတယ် တသက်တကျွန်းတွေ သေဒဏ်တွေ စသဖြင့်ပေါ့..
အဲ့ဒီသတင်းက တရုတ်နိုင်ငံအတွင်းမှာ
အတော်ရိုက်ခတ်ခဲ့တယ်..
ဗဟိုအစိုးရထိပါ နိုင်ငံရေးဖိအား
ဖြစ်စေခဲ့တယ်..
ဒီတော့ တရုတ်ကိုယ်စားလှယ်ဝမ်ယိကိုယ်တိုင်
ဦးသိန်းစိန်နဲ့လာတွေ့တယ်..
အဲ့ဒီနောက် ၈ရက်တည်းနဲ့ သစ်ခုတ်သမားတွေကို
လွှတ်ပေးလိုက်တယ်..
ဦးသိန်းစိန်ကိုတော့ တရုတ်ကြောက်ဆိုပြီး
ဝိုင်းလှောင်ခဲ့ကြတယ်..
ဒါပေမယ့် အဲ့ညှိနှိုင်းမှုရဲ့ နောက်ကွယ်က
ရေဖြတ်ခံလိုက်ရတဲ့ သစ်ပင်လို
ဖြစ်သွားတဲ့ MNDAAကို အလွယ်တကူ
နှုတ်ပစ်လိုက်နိုင်တယ်ဆိုတဲ့
အကြောင်းတရားကိုတော့သိသူနည်းပါတယ်..
MNDAAက ဆုတ်ခွာထွက်ပြေးပြီးနောက်
2022မှာ ကွယ်လွန်ခဲ့တယ်..
လက်ရှိမှာတော့ သားဖြစ်သူ ဖုန်တာရွှင်က
ဦးဆောင်နေပြီး သမက်ဖြစ်သူ
ဦးထွန်းမြတ်လင်းက အတွင်းရေးမှုး
ရာထူးကို ရယူထားတာပါ.
MNDAAရဲ့ ရည်ရွယ်ချက်ကတော့
လက်စားချေဖို့နဲ့ ဆုံးရှုံးခဲ့တဲ့နယ်မြေတွေ
ပြန်ရရေးပါ...နွေဦးတော်လှန်ရေးနဲ့ ဘာမှမဆိုင်ပါဘူး..သူတို့ထိန်းချုပ်ရမယ့်နယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်ရင် ပြီးပါပြီ
(၄) AA
AAလို့ပြောလိုက်ရင် အာရကန်နိုင်ငံ
ထူထောင်ရေးကိုတွဲမြင်ကြပါမယ်...
AAက ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့
စစ်ဆိုင်ထားတဲ့အနေအထား..
ပြီးခဲ့တဲ့မြောက်ပိုင်းမှာ အင်အားအတော်
များများသုံးထားတယ်..
လိုင်ဇာမှာလည်း စစ်သားချန်ထားရသေးတယ်..
ကောလင်းကို PDFနဲ့ ပေါင်းတိုက်တာက
(နွေဦးတော်လှန်ရေးမဟုတ်ပါဘူး....)
သူ့ရဲ့ ဆုတ်လမ်းတက်လမ်းအတွက်
ပြင်ဆင်တာပါ...
လက်ရှိမှာတော့ AAက အပစ်ခတ်ရဲစဲရေးကို ချိုးဖောက်ထားသလို သူ့တပ်မှာလည်း
တပ်ပြေးများနေပါတယ်..
AAက ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊
ရခိုင်ပြည်နယ်၊ ရှမ်းမြောက်နဲ့ ချင်းတို့မှာ
စစ်ရေးလှုပ်ရှားနေတော့ စစ်မျက်နှာ
များတယ်လို့ဆိုရမယ်
(၅)TNLA
TNLAရဲ့ မူလရည်ရွယ်ချက်ကိုကရှင်းပါတယ် တအောင်းပြည်နယ် သီးခြားရရှိရေးနဲ့
တအောင်းဒေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးပါ
(နွေဦးတော်လှန်ရေးနဲ့မဆိုင်ပါဘူး..)
သူလိုချင်တာ ရရင် ရပ်မှာပါ
(၆) KIA
KIAကတော့ ဝမ်ပေါင်နိုင်ငံထူထောင်ချင်တာပါ စစ်ကိုင်းတိုင်းတစ်ဝက်လောက်ထိကို သိမ်းပြီးတော့ပေါ့...
ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း
အကြောင်းအမျိုးမျိုးပြ ငြင်းပယ်ခဲ့ပြီ
လက်နက်ကိုင်တပ်ဖွဲ့အသီးသီးကိုလည်း
မွေးထုတ်ပေးခဲ့ပါတယ်..
(နွေဦးတော်လှန်ရေးဝင်လုပ်တာမဟုတ်ပါဘူး)
သူ့ရည်မှန်းချက်နဲ့သူပါ...
KNUနဲ့ KNDFအကြောင်းတွေတော့
အကျယ်တဝင့်မပြောတော့ဘူး...
ဒီလို ကိုယ့်ရည်မှန်းချက်နဲ့ကိုယ်
ကိုယ့်အကျိုးစီးပွားအတွက်ကိုယ့်ဖာသာ
တိုက်နေကြတာကို...
မြန်မာငပေါအချို့က သူတို့ဖက်ကနေ
စေတနာ့ဝန်ထမ်းလုပ်
ဝင်တိုက်ပေးတယ်ထင်ပြီး အားပေးနေတာ
အတော်ရယ်စရာကောင်းပါတယ်..
ဒါကိုလည်း သူများချေးပုံကို
ခွထိုင်ပြပြီး တလှိုင်းပြီးတလှိုင်းလာမယ်
ဆိုတဲ့အဖွဲ့ကို မြင်ရတော့
ခွက်ထိုးခွက်လှန်ရယ်ရတယ်ဗျာ..
ဒါတင်မကဘူး ရန်ကုန် မန်းလေးစတဲ့
မြို့ကြီးတွေပေါ်မှာ ကတုတ်ကျင်းတွေတူးကြတို့ ရိက္ခာစုစောင်းကြတို့
ဘာသတိပေးချက် ညာသတိပေးချက်တို့
ရောင်တော်ပြန်နဲ့ စာတွေထုတ်နေကြတာ
လူတွေကဖြင့် မစွမ်းမသန်နဲ့..
တကယ့်ဟာသတွေ...
သိတဲ့သူတွေအတွက် ဟာသဆိုပေမယ့်
မသိနားမလည်တဲ့ ပြည်သူတွေကတော့
အဲ့ဒီကောလဟလတွေကြောင့်
ကုန်စျေးနှုန်းနဲ့ အခြားအကြပ်တည်းတွေကိုရင်ဆိုင်နေရပြီ..
PDF တွေကို EAO တွေက များသော
အားဖြင့် အရှေ့ဆုံးမှာထားပြီး အသေခံခိုင်းတယ်..
ဗမာတွေကို ငါးကြင်းဆီနဲ့ ငါးကြင်းပြန်
ကြော်တဲ့သဘောပေါ့..
အကျိုးစီးပွားအရ ခေါ်အသုံးချပေမယ့်
ဗမာမုန်းတီးရေးအငုပ်စိတ်တွေရှိကြပါတယ်..
PDFဆိုတာ တိုက်ပွဲတွေ နိုင်လို့လည်း
ဘာမှရမှာမဟုတ်ပါဘူး..
ရတဲ့နယ်မြေကို EAO တွေကပဲသိမ်းမှာပါ..
Crd..........

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !